ဇာတ်လမ်းတစ်ပုဒ်ကို အဆုံးသတ်လိုက်နိုင်တိုင်း ပေါ်လာနေကျ ဖြစ်တဲ့ ပီတိလေးနဲ့ နှုတ်ဆက်လိုက်ပါတယ်။ မင်္ဂလာပါ။❤️ shoonwh ပါ။
ဒီ ဇာတ်လမ်းလေးကို အစကတော့ ဒီအတိုင်း အပျော်အနေနဲ့ပဲ ရေးပြီး သိမ်းထားဖို့ စဉ်းစားထားခဲ့တာ။ ဒါပေမဲ့လည်း ဘဝရဲ့ လုံးဝ လက်လွှတ်လိုက်လို့ မဖြစ်တဲ့ အခိုက်အတန့်တွေအကြောင်း ပြောပြချင်တာမို့၊ ဒန်ဘီ မြင်ခဲ့ရတဲ့ အလင်းရောင်တွေကို အတူတူ ငေးကြည့်ချင်ကြလိမ့်မယ်လို့လည်း ထင်တာမို့ ထုတ်ပြပေးဖြစ်သွားတာပါ။ စာဖတ်ရတာက မရောက်ဖူးသေးတဲ့ နေရာအသစ်တစ်ခုကို ခရီးထွက်ရတာနဲ့ တူပါတယ်။ ဒီ ဇာတ်လမ်းလေးကို ဖတ်ပြီး စိတ်ကို အပန်းပြေစေတဲ့ ခရီးလေးတစ်ခု ထွက်နိုင်ခဲ့တယ် ဆိုရင်ပဲ အများကြီး ရေးရကျိုးနပ်ပါပြီ။
တကယ်တော့ ဒီ ဇာတ်လမ်း Plot ကို စိတ်ကူး ရခဲ့တာကလည်း Ethan Dufault ရဲ့ "California" သီချင်းကြောင့်ပါပဲ။ အဲဒီ သီချင်းကလည်း အစကတည်းက သိလို့ နားထောင်တာ မဟုတ်ဘဲ တကယ်ကို အမှတ်မထင် ရှာတွေ့ခဲ့တာ။ ပြီးတော့ ပထမဆုံး တစ်ကြောင်း နားထောင်ပြီးပြီးချင်းမှာပဲ အကြိုက်နဲ့ လုံးဝ ကွက်တိ ကျနေမှန်း တန်းသိလိုက်တဲ့ သီချင်းပေါ့။ သီချင်းမြူးမြူးလေးတွေ ကြိုက်တတ်ရင် နားထောင်ကြည့်ဖို့ Recommend ပေးပါတယ်။
သီချင်းထဲက "Wish that we could go back more than just a throwback baby only you and me" ဆိုတဲ့ စာသားတွေကတစ်ဆင့် ဒီ ဇာတ်လမ်းလေး ပုံပေါ်လာတယ်လို့ ပြောရင်လည်း မမှားပါဘူး။ "Chasing after sunsets back when we were young and living on a movie screen" တဲ့။ အရမ်း လှတဲ့ စာသားလေးတွေကို ကြည့်ပြီး လူငယ်ဘဝအမှတ်တရတွေနဲ့ ဘောင်ကွပ်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို အရမ်း ဖန်တီးချင်သွားတာ။ အဲဒီလိုနဲ့ပဲ ဒီ "You and Me and San Diego" ဆိုတဲ့ ဇာတ်လမ်းလေး ဖြစ်လာရတာပေါ့လေ။ 'ဒန်ဘီ' နဲ့ 'ဂါရမ်' ဆိုတဲ့ ဇာတ်ကောင်နာမည်လေးနှစ်ခုက တခြား ဇာတ်လမ်းတစ်ပုဒ်မှာ ပါဖူးပေမဲ့ အဲဒီဇာတ်လမ်းက အကြောင်းကြောင်းကြောင့် တင်ဖြစ်ဖို့ မသေချာတာမို့ အခု ဒီ ဇာတ်လမ်းလေးမှာ သူတို့နှစ်ယောက်ကို တစ်ခေါက်ပြန်ပြီး ဆုံပေးလိုက်တာပါ။ ဒီထဲမှာကတော့ Happy Ending လေးပေါ့။တင်သမျှ ဇာတ်လမ်းတိုင်းကို Vote တွေ ပေး၊ Comment တွေ ရေးပေးနေတဲ့ စာဖတ်သူလေးတွေကိုလည်း အများကြီး အများကြီး ကျေးဇူးတင်ပြီး အများကြီး အများကြီးလည်း ချစ်တဲ့အကြောင်း ပြောချင်ပါသေးတယ်။ စာတွေကို လာဖတ်တဲ့သူတွေ တအား နည်းသွားတဲ့ အချိန်မှာတောင် ဒီလူလေးတွေတော့ ကျန်နေသေးတယ် ဆိုတဲ့ အသိက ဘယ်လောက်တောင် အားတွေ ဖြစ်စေပြီး ဘယ်လောက် ပျော်စေရတယ် ဆိုတာကိုလည်း တကယ် ဖော်တောင် မဖော်ပြတတ်ပါဘူး။ Vote ပေးတဲ့၊ Comment ပေးတဲ့ Username လေးတွေလည်း အကုန်လုံး မှတ်ထားတယ်။ အပြင်မှာ တွေ့ပြီး မုန့်တောင် ဝယ်ကျွေးချင်တယ်လို့ တွေးနေမိတာလည်း အတည်ပါ။🥺❤️
စာရေးတဲ့အလုပ်က အပျော်ရဆုံး အလုပ်မို့ အဲဒါကိုတော့ ဘယ်တော့မှ စွန့်လွှတ်ဖြစ်မယ် မထင်ပါဘူး။ အခြေအနေ ပေးနေသရွေ့ စာတွေ ဆက်ရေးနေဦးမှာမို့လို့ နောက်ဆုံးလက်ကျန် ခွန်အားလေးတွေ ဖြစ်နေပေးကြပါဦး။
တစ်နှစ်မှာ အနည်းဆုံး ဇာတ်လမ်းအရှည်တစ်ပုဒ်၊ ဇာတ်လမ်းအတိုတစ်ပုဒ်တော့ ရေးမယ် ဆုံးဖြတ်ထားပါတယ်။ အခု နှစ်အတွက် အရှည်တစ်ပုဒ်၊ အတိုတစ်ပုဒ် တင်ပြီးသွားပြီ ဆိုပေမဲ့ နောက်ထပ် ဇာတ်လမ်းအရှည်တစ်ပုဒ်ကလည်း ပြီးခါနီး ဖြစ်နေပြီမို့ တကယ်လို့များ ဒီနှစ် မကုန်ခင် အချောသတ်နိုင်ခဲ့ရင်တော့ မကြာခင် တင်ပေးဖြစ်လောက်မှာပါ။
ထပ်ပြီး ကျေးဇူး အများကြီး တင်ပါတယ်။
စာဖတ်သူလေးတွေအားလုံးလည်း လက်လွှတ်လို့ မဖြစ်တဲ့ အခိုက်အတန့်တွေကို ဘယ်တော့မှ လက်မလွှတ်လိုက်ရမဲ့ အဲဒီလို ကောင်းချီးမျိုး ပိုင်နိုင်ကြပါစေ။ ♥️
shoonwh
7.8.2024

BẠN ĐANG ĐỌC
You and Me and San Diego (Completed)
Truyện Ngắnဘဝမှာ လုံးဝ လက်လွှတ်လိုက်လို့ မဖြစ်တဲ့ အခိုက်အတန့်တွေ ရှိတယ်တဲ့။ အခု မဟုတ်ရင် နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မကြုံနိုင်တော့မဲ့ အဲဒီလို အခိုက်အတန့်မျိုးတွေပေါ့။