"Doctor ဧကရီ အလုပ်ဆင်းတော့မှာလား?"
"ဟုတ်..ခုဆင်းတော့မှာရှင့်!"
Medical ကိုထူးချွန်စွာအောင်မြင်ပြီး ပိုက်ဆံရှိအသိုင်းအဝိုင်းက ဦးသိန်းကြွယ်နဲ့ဒေါ်မျိုးသစ် တို့ရဲ့တစ်ဦးတည်းသောသမီး
"လဝန်းဧကရီ "..မျက်တောင်ရှည်ရှည်၊နှုတ်ခမ်းဖူးဖူး၊နက်မှောင်သောဆံနွယိ၊5ပေ2ရှိသောအရပ်၊ဖြူသောအသားရည်တို့က လှပပြီး ထက်မြက်သောမိန်းကလေးမှန်းသိသာသည်။ဧကရီကပုံမှန်ဆိုတစ်ယောက်တည်းနေတတ်ပြီး..ရည်းစားအရှုပ်အရှင်းကင်းသည်။အသက်23သာရှိသေးပေမဲ့ အလုပ်လုပ်ရင်တိကျမှန်ကန်သည်။ဧကရီနှုတ်ဆက်ပြီး ဆေးရုံရှေ့ထွက်လာတော့ ညချိန်ကလေတွေကအေးစက်နေပြီး လူသွားလူလာလဲနညိးသည်။ဧကရီ့တွက်တော့ဒါဟာပုံမှန်ရက်တွေပဲ ဖြစ်တာကြောင့် အရင်တိုင်းအိမ်ကိုပဲ ပြန်လာခဲသည်။လမ်းထိပ်ရောက်တော့
"အဟွတ် အဟွတ်!"
ဧကရီလှည့်ကြည့်လိုက်တော့ မှောင်မဲနေတဲ့လမ်းကြားထဲမှာ လဲနေသူ ေယာကျာ်းတစ်ဦး။ထိုယောကျာ်းက သန္သန္မာမာ ထောင်ထောင်မောင်းမောင်းနှင့်ညိုသောအသားရောင်ရှိသည်။ဝတ်ထားသောရှပ်အဖြူမှာသွေးတွေဗလပွဖြစ်နေတာ ဧကရီမြင်"ချင်းလန့်သွားကာ ဘာမှစဉ်းစားမရဖြစ်သွားသည်။ဒီလူကိုကယ်လိုက်သင့်လား?ထွက်သွားရမလား?ကယ်မယ်ဆိုလဲ အိမခမှာယောကျာ်းသားတစ်ယောက်နဲ့ငါနဲ့နှစိယောက်တည်းကသင့်တော်ပ့မလား?ဘယ်ကလူမှန်းလဲမသိဘူး...ငါဘယ်လိုလုပ်ရမလဲ?ဧကရီက အိမ်နဲ့အမြဲရန်ဖြစ်နေတတ်တဲ့သူမို့ တစ်ယောကိထဲခွဲနေတာကြာပြီဖြစ်သည်။နောက်ဆုံးဧကရီဘာမှမစဉ်းစားတော့ဘဲ ဆရာဝန်တစ်ယောက်ဖြစ်တဲ့အနေနဲ့ ကယ်ဖို့ပဲဆုံးဖြတတိကာ ထိုလူ့နားကပ်သွားလိုက်သည်။အနီးနားရောက်မှ ထိုလူကိုသေချာကြည့်တော့ မျက်တောင်ရှည်ရှည် နှုတ်ခမ်းပါးပါး ထင်းထွကိနေတဲ့jaw lineတို့ကြောင့်အတော်ကြည့်ကောင်းသည်။ဆောင်းရာသီဖြစ်တာကြောင့်ရော ဒဏ်ရာကြောင့်ရော ထိုလူသတိမေ့လုမြောပါးဖွဈနေ
သြည်။ဧကရီသူ့ကိုသူ့လက်မောင်းအောက်ကဝင်ကာမလိုက်ပေမဲ့ မရွေ့တဲအပြင် ဧကရီ့ကိုပါလဲကျစေတဲ့ ထိုလူ့ရဲ့အရပ်မောင်းနှငိ့ဝိတ်တို့က သန်မာသည်။6ပေရှိသောအရပ်ကိုဧကရီနောက်တစ်ကြိမ်အားသုံးကာ တွဲကူလိုက်တော့ ထိုလူက သတိတော့ရှိသေးသည်။လမ်းလျှောကိကာ အိမ်ထဲရောက်တော့ သူ့ကိုကုတင်ပေါ်တွဲပို့တော့ ကုတင်ပေါ်ရောက်လျှင်ပင် သတိမေ့သွားသည်။ဧကရီ ဆေးဘူးတို့ကိုပြင်ဆင်လိုက်ပြီး ထိုလူရဲ့ဒဏ်ရာကိုကြည့်ရန် အကျီကိုလှန်လိုက်လျင်ပင် ထိုလူ့ဗိုက်က ကြွက်သားတို့ကတင်းမာနေသည်။ဒဏ်ရာထဲမှာကျည်ဆံနှစ်တောင့်ဝင်နေတာကြောင့် ဧကရီဖယ်ပေးကာဆေးထည့်ပေးထားသည်။ထို့နောကိခြေထောက်တွင်လဲ ကျည်ဆံတစ်တောင့်ရှိသေးသည်။ဧကရီထိုလူ့ကိုရှိတဲ့ အကျီအပွတစ်ထည်ဝတ်ပေးထားပြီး ထိုလူရဲ့ဖိနပ်တွေကိုချွတိပေးလိုက်သည်။ဒီလောက်ကျည်ဆံတွေဝင်နေတာတောင်မသေတဲ့လူ တော်တော် အသက်ပြင်းပါလား..ပြီးတော့ သာမန်အရပ်သားတော့မဟုတ်လောက်ဘူး။မတတ်နိုင်ဘူး...ငါကယ်ပြီးပြီလေ။ဆေးထည့်ပေးပြီးတော့ဧကရီအိပ်မယ်လုပ်တော့ ဧကရီ့ကုတင်ပေါ်မှာအိပ်နေတာက ထိုလူလေ။မတတ်နိုင်ဘူး.
သူ့ဘေးကsofaပေါ်မှာပဲအိပ်ရမှာပဲ။9.8.2024(Sat)
YOU ARE READING
အတ္တတို့စေညွုန်ရာ (Ego)
Actionstoryလေးနောက်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခုတလောစိတ်ကူးထဲပေါ်လာတာလေးပေါ့။ဒါလေးကလဲ စာရေးသူရဲ့စိတ်ကူးနဲ့ပုံဖော်ထားတာပါပဲ။ဒီထဲမှာnormalရောblရောပါပါတယ်။Mainကိုတော့normalလေးပဲရေးထားပါတယ်။ဇာတ်နာပါတယ် ဇာတ်ကောင်ကောင်မလေးဇာတ်နာတာကြောင့် မျက်ရည်မခိုင်ရင် မဖတ်ဖ...