ဒီဇင်ဘာရဲ့မနက်ခင်းကမြူတွေနဲ့မှိုင်းနေပြီး နေမင်းကြီးရဲ့အရောင်သာမြင်ရသည်။ အေးစက်တဲ့မြူမှုံ နှင်းတွေကိုဖျက်ဆီးဖို့ ထွက်လာတဲ့နေမင်းကြီးကို မြူမှုံတွေကပိတ်ပင်ပြီး ဆောင်းနှင်းရဲ့ဇာတိကိူပြနေသည်။ဆောင်းလေပြေတွေတဖြူးဖြူးတိုက်ခတ်နေတဲ့ ရာသီကိုသဘောကျသူက လဝန်းဧကရီ။
"ပြီးပြီလား?"
မပြီးနိုင်မစီးနိုင်နှင့် ခရီးသွားဖို့ပြာယာခတ်နေတဲ့လဝန်းကို တံခါးကိုမှီပြီးရပ်နေတဲ့ ဇာမဏီက ရွဲ့တဲ့တဲ့မေးတော့
"ခနလေးပါ..နှုတ်ခမ်းနီကျန်ခဲ့လို့"
"ကျစ်!"
အိပ်ခန်းထဲအပြေးလေးသွားကာ နှုတ်ခမ်းနီကောက်ထည့်ပြီး ဧည့်ခန်းထဲအမြန်ပြေးဆင်းလာကာ အထုပ်တွေကို ဧကရီ ပိတ်လိုက်သည်။ထို့နောက် မှန်လေးထုတ်ကာ နှုတ်ခမ်းနီဆိုးဖို့လုပ်နေတဲ့ ဧကရီလက်ကောက်ဝတ်တွေကို Phoenix ကသူ့လက်ဝါးအကြီးကြီးနဲ့ဆွဲသိမ်းတော့
"ဒေါက်!"
ဧကရီလက်ထဲမှာကိုင်ထားတဲ့ နှုတ်ခမ်းနီလေးမြေပြင်ပေါ်ကျသွားသည်။ကြမ်းပြင်ပေါ်မှာထိုင်နေတဲ့ ဧကရီမေးစေ့ကို နောက်လက်တစ်ဖက်ဖြင့်ကိုင်ကာ သူနဲ့မျက်ဝန်းချင်းစုံစေပြီး
"ဘာလို့ဆိုးနေတာလဲ အဲ့အရောင်တွေ"
မျက်ခုံးများကိုတွန့်ချိုးပြီးပြောလာတာကြောင့် စိတ်အလိုမကျဖြစ်နေ်ှန်း ဧကရီသိလိုက်သည်။
"Phoenix ငါ့ကိုလွှတ်"
"ကျုပ်မေးတာဖြေ"
"နင် ငါ့ကိုလွှတ် အွန့်!"
Phoenix က နှုတ်ခမ်းထောင့်ကွေးအောင်ပြုံးလိုက်ပြီး
"ကျုပ်.မေး.တာ.ဖြေ..မေးခွန်းမေးရင် အဖြေဖြေရတယ်လေ"
ဧကရီလက်ကောက်ဝတ်တွေကိုမလွှတ်သေးဘဲ တင်းသထက်တင်းအောင်ကိုင်လာတာကြောင့် ဧကရီ နာလာသည်။
"ငါနာတယ်..လွှတ်!"
"မင်းမဖြေရင်ပိုနာမှာ"
Phoenixအသံတို့ကနက်ရှိုင်းပြီး ကြောက်စရာကောင်းသည်။ဧကရီကြောက်စိတ်ကိုထိန်းထားပြီး
YOU ARE READING
အတ္တတို့စေညွုန်ရာ (Ego)
Azionestoryလေးနောက်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခုတလောစိတ်ကူးထဲပေါ်လာတာလေးပေါ့။ဒါလေးကလဲ စာရေးသူရဲ့စိတ်ကူးနဲ့ပုံဖော်ထားတာပါပဲ။ဒီထဲမှာnormalရောblရောပါပါတယ်။Mainကိုတော့normalလေးပဲရေးထားပါတယ်။ဇာတ်နာပါတယ် ဇာတ်ကောင်ကောင်မလေးဇာတ်နာတာကြောင့် မျက်ရည်မခိုင်ရင် မဖတ်ဖ...