Part-11(Uni)

115 1 0
                                    

"လဝန်း နင်တကယ် အဲ့မိသားစုရဲ့ doctor လူပ်မလို့လား"

ရတီကမေးတော့

"..."

"နင်သိတဲ့တိုင်း သူတို့ကMafiaတွေနော်။သူတို့နဲ့ပတ်သက်ရင် နင်လဲပြဿနာတက်နိုင်တယ်"

"ရတီ..."

"အင်း?"

"ငါအခုတစ်လောတစ်မျိုးကြီးပဲ.."

"ဘာကိုလဲ"

"ငါလေ..."

"ဘာဖြစ်တာလဲ"

"ငါသူ့အကြောင်းပဲစဥ်းစားမိနေတယ်"

ထိုအခါရတီခနတိတ်ဆိတ်သွားသည်။ လဝန်းမှာသူငယ်ချင်းဆိုလို့ရတီတစ်ယောက်သာရှိသည်။ အယုံကြည်ရဆုံးဖြစ်သလို စိတ်တူကိုယ်တူသူငယ်ချင်းဖြစ်တာကြောင့် ညီမအရင်းလိုပင်။ ငယ်ငယ်လေးကတည်းပေါင်းလာတာကြောင့် အကြောင်းသိတွေဖြစ်သည်။

"ဟိုလူလား.."

"အင်း.."

"....ဘယ်လိုတွေးနေမိတာလဲ"

"မသိဘူး..သူ့အပြုမူတွေကငါ့ခေါင်းထဲမှာအမြဲရောက်နေတာ။သူ့ရဲ့ကြမ်းတမ်းတဲ့အမူရာတွေထဲမှာ နူးညံ့နေတာကိုငါမြင်နေရတယ်။ငါသူ့ကိုသနားတာလဲပါတယ်"

"နင်..."

"ငါမချစ်မိသေးပါဘူး"

"..အဲ့လိုကနေစတာပဲလေ..ငါပြောမယ်။ငါနင့်ကို သူနဲ့ဝေးဝေးရှောင်စေချင်တယ်။..သူတို့လောက ကမာယာများတယ်။ရှုပ်တယ်။"

"ပူလောင်တယ်.."

"ဟင်?"

လဝန်းမျက်ရည်တွေဝဲတက်လာပြီး လူတစ်ယောက်ကိုသဘောကျဖူးတဲ့ခံစားချက်။ တစ်ခါမှမခံစားဖူးတဲ့ ဆယ်ကျော်သက် အချစ်ကိုခံစားဖူးသလိုပူလောင်နေတာ။ အဲ့လူရဲ့မျက်လုံး မျက်ခုံး..အပြုမူတွေ...ချစ်နေတာမဟုတ်ပေမဲ့ သဘောကျနေတာ..ပထမဆုံးသဘောကျဖူးတဲ့ဆိုမှန်ပါလိမ့်မည်။ တစ်ခါမှမခံစားဖူးတဲ့ ခံစားချက်တွေက လူကိုပူလောင်စေပါသည်။ ခံစားဖူးရင်သိပါလိမ့်မည်။

"ငါပူလောင်တယ်...ငါသူ့အကြောင်းကိုခေါင်းထဲကထုတ်ပေမယ့် ငါထုတ်မရဘူး။ ငါ..."

"...ဧကရီ..."

ရတီ လဝန်းကိုဖက်ထားပြီး ငိုခွင့်ပေးလိုက်သည်။

အတ္တတို့စေညွုန်ရာ (Ego)Where stories live. Discover now