သုံးရက်ကြာသော်
ဧကရီနှင့်ထိုလူ အိမ်ထဲမှာအတူရှိနေတာသုံးရက်ကြာပြီဖြစ်သည်။ဧကရီကအရင်တိုင်းသူ့ကိုဆေးထည့်ပေး၊အစာကျွေး လုပ်ပေးနေတာဖြစ်ပြီး ဧကရီကိုယ်တိုင်လဲ အိပ်ရာပေါ်မှာမဟုတ်ဘဲ sofaပေါ်မှာအိပ်ရတာသုံးရက်ရှိနေတာကြောင့် ခန္ဓာကိုယ်ကညောင်းကိုက်နေသည်။ ထိုလူရဲ့ဒဏ်ရာကပြင်းတော့ သုံးရက်ရှိနေတာတောင်နိုးမလာသေး။ဧကရီ မနက်စာစားဖို့ မီးဖိုချောင်ထဲဝင်ပြီး ချက်ပြုတ်ပြီး ဧည့်ခန်းထဲကိုTVကြည့်ရင်း စားနေသည်။ထိုအချိန် သတင်းထဲမှာပါလာတာက
"Masterဂိုဏ်းရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ "Phoenix Master"ပျောက်ဆုံးနေကြောင်း ဂိုဏ်းကပြောထားပါတယ်။Phoenixကအလွန်အန္တာရယ်များပြီး ရန်သူများတာကြောင့် ပျောက်နေတာမဟုတ်ဘဲ ကွယ်လွန်နေမှာကို အလွန်စိတ်ပူနေကြပါတယ်။သူ့လူတွေကလဲ သူတို့Masterကို သည်းသည်းမည်းမည်းရှာဖွေနေတယ်လို့ သတင်းရရှိပါတယ်"
ဧကရီမျက်လုံးပြူးသွားပြီး
"What the hell!အာ့ဆိုငါကယ်လာတဲ့သူက...Mafiaတစ်ယောက်ပေါ့...အာ.....လဝန်းဧကရီ... ဘာတွေလုပ်လိုက်တာလဲ"
ထိုအချိန်အပေါ်ထပ်မှထိုလူရဲ့ချောင်းဆိုးသံကိုကြားရတာကြောင်ြ ဧကရီပြေးတက်သွားခဲသည်။အပေါ်လဲရောက်ရော ဧကရီထင်တဲ့တိုင်းပဲ ထိုလူက အိပ်ရာပေါ်မှာငုတ်တုတိထိုင်နေသည်။အပေါက်ဝမှာရပ်နေတဲ့ ဧကရီ့ကိုကြည့်နေတဲ့အကြည့်တွေက စူးရှလွန်းသည်။သူတို့နှစ်ယောက်ကြား ဘာစကားသံမှမကြားရဘဲ လေတိုက်သံသာကြားရသည်။ထိုလူက ဧကရီ့ကို အသံမာမာဖြင့်
"ငါ..ခု..ဘယ်ရောက်နေတာလဲ?မင်း.ကရောဘယ်သူလဲ?"
ဧကရီကြောက်စိတ်ကြောင့်ဘာစကားမှမပြောနိုင်တာကြောင့် ထိုလူကစိတ်မရှည်စွာဖြင့်
"မင်း..အ..နေတာလား?"
"....."
"ကျစ်!တောက်!"
ဧကရီသတိပြန်ကပ်ပြီး
"ရှင်..ရှင်သတိရလာပြီလား"
"ငါမေးနေတာမကြားဘူးလား?ငါဘယ်မှာလဲ?မင်းဘယ်သူလဲ?"
"..ရှင်အဲ့နေ့ကလမ်းကြားထဲမှာသွေးဗလပွနဲ့လဲနေလို့ကျွန်မကယ်ပေးခဲ့တာပါ...ကျွန်မနာမည်က'လဝန်းဧကရီ'ပါ"
YOU ARE READING
အတ္တတို့စေညွုန်ရာ (Ego)
Actionstoryလေးနောက်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခုတလောစိတ်ကူးထဲပေါ်လာတာလေးပေါ့။ဒါလေးကလဲ စာရေးသူရဲ့စိတ်ကူးနဲ့ပုံဖော်ထားတာပါပဲ။ဒီထဲမှာnormalရောblရောပါပါတယ်။Mainကိုတော့normalလေးပဲရေးထားပါတယ်။ဇာတ်နာပါတယ် ဇာတ်ကောင်ကောင်မလေးဇာတ်နာတာကြောင့် မျက်ရည်မခိုင်ရင် မဖတ်ဖ...