"ဒီမှာပိုက်ဆံ ကျွန်တော့်ပစ္စည်းပေး"
မှောင်မှောင်မိုက်မိုက်အခန်းတစ်ခန်းထဲတွင် Phoenixနှင့် အရောင်းဝယ်သမားဖြစ်သူ ဂိုဏ်းခေါင်းဆောင်တစ်ဦးတို့ အပေးယူလူပ်နေသည်။Phoenixဘေးတွင် ဝဏ္ဏရပ်နေပြီး Phoenixကတော့လက်ထဲက Wineခွက်ကိုသောက်နေသည်။PhoenixကSuitအပြည့်ဝတ်ထားပြီး နက်မှောင်ထဲဆံပင်တွေနဲ့ Jawတို့က အလင်းရောင်မှိန်မှိန်အောက်တွင် မြင်ရသူအပေါင်းကို ဆွဲဆောင်စေသလို ကျောချမ်းစေသည်။ နဖူးပေါ်က သွေးကြောထောင်ထောင်တွေနဲ့ ကြီးမားတဲ့လက်ဖဝါးတွေ ကျယ်ပြန့်တဲ့ကျောပြင် တုတ်ခိုင်တဲ့ကြွက်သားတွေနဲ့ တည်ငြိမ်အေးဆေးသလို စူးရှတဲ့မျက်လုံးတွေက အာဏာရှိဂုဏ်အရှိန်ဝါကြီးတဲ့လူတစ်ယောက်မှန်းသိသာစေသည်။
Phoenixကပြောတော့ ထိုလူကခပ်မဲ့မဲ့ပြုံးကာ
"ဘာတွေအလျင်လိုနေတာလဲ သခင်လေးရ အေးဆေးပေါ့ ကျုပ်ပေးမှာပါ"
"ပြောစရာရှိတာမြန်မြနိပြော"
"ဟားဟား Phoenix Master ကတော့ အဘိုးတိုင်းပဲနော် သတင်းတွေတိုင်းပဲ သွားထိလို့တော့မရဘူးပဲ"
"လိုရင်းပြော"
"အေးပါ ဒီလိုကွာ မင်းမှာတဲ့ပစ္စည်းက မရနိုင်ဘူး လမ်းခရီးကြောင့် မရောက်နိုင်ဘူး"
လက်ထဲကWineခွက်ကို ခပ်ကြမ်းကြမ်းစားပွဲပေါ် ဖိချလိုက်တော့ တိတ်ဆိတ်နေတဲ့အခန်းကို ပဲ့တင်စေသည်။
"လူစကားပြော ခင်ဗျားမသေချင်ရင်"
မျပ်လုံးတည့်တည့်ကိုကြည့်ပြီးပြောလာတာကြောင့် တစ်ဖက်လူကို ကျောချမ်းစေသည်။ သွားစလို့ရတဲ့အမျိုးမဟုတ်တာကြောင့် သတိတော့ကြီးကြီးထားရလိမ့်မည်။
"ကြားတဲ့တိုင်းပဲ မရနိုင်ဘူး"
"..."
Phoenixခုံကိုနောက်ကျောမှီပြီး ထိုလူ့ကိုခနကြည့်ကာ
ခေါင်းတစ်ချက်ငေါ့ပြလျှင်ပင်"ထိန်း!"
ဝဏ္ဏလက်ထဲက ကျည်ဆံက ထိုလူ့ရဲ့နဖူးတည့်တည့်ကိုစိုက်ဝင်သွားခဲ့လေပြီ။ထိုအချိန်ဘေးမှာရပ်နေကြတဲ့ ထိုလူ့ရဲ့လူတွေလဲ ရုန်းရင်းဆန်ခက်နဲ့ ဘာလုပ်ရမှန်းမသိအောင် ရပ်တန့်ကုန်သည်။Phoenixကတော့ဂရုမစိုက်ဘဲ ဝဏ္ဏနဲ့ထထွက်လာခဲ့သည်။
YOU ARE READING
အတ္တတို့စေညွုန်ရာ (Ego)
Actionstoryလေးနောက်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခုတလောစိတ်ကူးထဲပေါ်လာတာလေးပေါ့။ဒါလေးကလဲ စာရေးသူရဲ့စိတ်ကူးနဲ့ပုံဖော်ထားတာပါပဲ။ဒီထဲမှာnormalရောblရောပါပါတယ်။Mainကိုတော့normalလေးပဲရေးထားပါတယ်။ဇာတ်နာပါတယ် ဇာတ်ကောင်ကောင်မလေးဇာတ်နာတာကြောင့် မျက်ရည်မခိုင်ရင် မဖတ်ဖ...