Phoenixအကြင်နာကို မဂ်လာဝတ်စုံဆိုင်မှာထားခဲ့ပြီး ချက်ချင်းပင် အိမ်ကိုဦးတည်လိုက်သည်။ လမ်းမကြီးပေါ်မှာ အနက်ရောင်SVUတစ်စီး အရှိန်နဲ့ပြေးနေသည်။ အိမ်ကိုရောက်တော့ ကားထဲကနေစိတ်မရှည်စွာထွက်လာပြီး လဝန်းရှိရာ Airyအခန်းကို ကြမ်းတမ်းတဲ့ခြေသံတို့က ဦးတည်လာရင်း အခန်းတံခါးကိုမခေါက်ဘဲ ကြမ်းတမ်းစွာဖွင့်လိုက်တော့ Airyနဲ့စကားပြောနေတဲ့လဝန်းကို မျက်လုံးနက်နက်တွေနဲ့ကြည့်ရင်း
"လဝန်း စကားပြောရအောင်"
လဝန်း ကြောင်အစွာခနကြည့်နေပြီး Phoenixရဲ့ရုံးခန်းထဲကို တိတ်တိတ်လေးလိုက်သွားလိုက်သည်။အခန်းထဲရောက်တော့ လဝန်းတံခါးကိုသေချာပိတ်ပြီး သူ့ကိုကျောပေးထားတဲ့ ကျယ်ပြန့်တဲ့ ကျောပြင်ကိုကြည့်ရင်း စကားကိုစောင့်နေမိသည်။
"လဝန်း မင်းအဖေနာမည်ဘယ်သူလဲ"
"ဟင်?"
"မေးတာကိုဖြေ"
"ဘာလို့ရုတ်တရက်ကြီးလဲဟင်?ဖေဖေက.."
"မေးတာကိုဖြေလို့မင်းကိုငါပြောနေတယ်လေ!"
အာဏာသံပါတဲ့Phoenixစကားတို့က တိတ်ဆိတ်နေတဲ့အခန်းကိုတုန်လှုပ်စေသည်။လဝန်းကြောက်ရွံ့စွာနဲ့
"ဖေ..ဖေဖေနာမည်ကဦးသိန်းကြွယ်ပါ"
"ဘာ!!?"
အလိုမကျစွာတွန့်ချိုးလာတဲ့မျက်ခုံးတို့နှင့် လဝန်းဆီကိုဦးတည်လာတဲ့လူကို မော့ကိုမကြည့်နိုင်ဘဲ ထိုလူ့ရဲ့ လည်သာဖိနပ်တွေကိုပဲကြည့်နေမိသည်။
"မင်းအဖေ.မင်းအဖေ...လူယုတ်မာကောင်!လူယုတ်မာကောင်ကွ!!မင်းအကုန်သိတယ်စမ်းနဲ့ မင်းငါ့ကိုလိမ်ရဲတယ်ပေါ့!!"
လဝန်းလည်ပင်းကိုကြမ်းတမ်းစွာဖမ်းဆုပ်ပြီး နံရံပေည်ဆွဲကပ်လိုက်တဲ့လက်တစ်စုံကြောင့် လဝန်းခြေထောက်နဲ့မြေကြီးတို့နဲ့လွတ်ပြီး အသက်ရှူလမ်းကြောင်းကိုပိတ်ထားတဲ့ထိုလူ့ရဲ့လက်တွေကို သက်ညာဖို့တောင်းဆိုနေခဲ့သည်။
"မ..မသိပါဘူး...ဘာ..ဘာဖြစ်..တာလဲ"
လည်ပင်းညစ်ထားရင်းကနေ ပြောလာတဲ့စကားမပီမသတို့က လဝန်းအနေခက်နေကြောင်းကိုဖော်ပြနေသည်။
YOU ARE READING
အတ္တတို့စေညွုန်ရာ (Ego)
Actionstoryလေးနောက်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခုတလောစိတ်ကူးထဲပေါ်လာတာလေးပေါ့။ဒါလေးကလဲ စာရေးသူရဲ့စိတ်ကူးနဲ့ပုံဖော်ထားတာပါပဲ။ဒီထဲမှာnormalရောblရောပါပါတယ်။Mainကိုတော့normalလေးပဲရေးထားပါတယ်။ဇာတ်နာပါတယ် ဇာတ်ကောင်ကောင်မလေးဇာတ်နာတာကြောင့် မျက်ရည်မခိုင်ရင် မဖတ်ဖ...