Part-4(uni)

223 4 0
                                    

ထမင်းစားနေရင်းPhoenix လဝန်းကိုမေးလိုက်သည်

"မင်းခရီးသွားချင်လား?"

လဝန်းက ခေါင်းငြိမ့်ပြပြီး

"အင်း သွားချင်တာပေါ့ မကြာခင် သီတင်းကျွတ်ရောက်တော့မှာဆိုတော့ အလုပ်လဲပိတ်တယ် ဘယ်သွားမလို့လဲ?"

"မင်းဘယ်လိုနေရာတွေကိုသဘောကျလဲ?"

"အဟမ်........လူရှင်းတဲ့နေရာတွေပေါ့ အဓိက ကတော့ သဘာဝတရားကြီးနဲ့ဆက်စပ်တဲ့နေရာတွေ ပင်လယ်တွေ တောင်တန်းတွေ လေကောင်းလေသန့်ရတဲ့နေရာ"

"Omm. ...ဆိုတော့...ငွေဆောင်သွားကြမလား?"

လဝန်းမျက်နှာလေး ချက်ချင်းပြုံးသွားပြီ ခေါင်းကိုအလျင်စလိုငြိမ့်လိုက်တာကြောင့် Phoenix ပြုံးမိသည်။တကယ်ချစ်စရာလေးပဲ...။

"Omm..အာ့ဆိုငွေဆောင်ကိုသွားမယ်..ဘယ်လောက်လောက်နေချင်လဲ"

"အွန်း......ဖြစ်နိုင်ရင်တစ်လလောက်နေချင်တာ ဒါမဲ့အလုပ်ကရှိသေးတယ်"

"မင်းအလုပ်ကလစာဘယ်လောက်ရတာလဲ"

"တစ်လကို ဆယ်သိန်း အကုန်အပြီးအစီး"

"သာမန်ဆရာဝန်တွေအဲ့လောက်ရလို့လား"

"သာမန်တော့မရဘူး ကျွန်မတို့က အရွေးခံကျောင်းသားတွေထဲက ဆရာဝန်တွေမလို့..ကျွန်မတို့ဆယ်တန်းမအောင်ခင်ကတည်း ဆေးရုံကအလုပ်ကမ်းလှမ်းထားတာမလို့ ကျွန်မတို့နှစ်ယောက်ပဲ..ကျွန်မရယ် ကျွန်မငယ်သူငယ်ချင်းရယ်"

"အော်..တော်တာပဲ ..လက်ရွေးစင်ပေါ့"

"အင်းဟုတ်တယ်"

"ဆေးရုံကိုခွင့်တိုင်ကြည့်လို့မရဘူးလား"

"ရတော့ရတာပေါ့ ဒါမဲ့တော်ပါပြီ ကျွန်မအလုပ်တွေရှိသေးတယ် တစ်ပတ်လောက်ပဲသွားမယ်လေ....ရှင်ကကော အလုပ်တွေက.."

"ကိုယ့်အတွက်ကစိတ်မပူပါနဲ့ ကိုယ့်လူတွေကြည့်ခိုင်းထားတယ် ဟုတ်ပြီတစ်ပတ်အာ့ဆို ကိုယ့်privateလေယာဥ်နဲ့သွားမယ်"

လဝန်းအံ့သြသွားပြီး

"Private လေယာဥ်?ရှင်အဲ့လောက်ချမ်းသာတာလား"

Phoenix နှုတ်ခမ်းကွေးရုံလောက်ပြုံးလိုက်ပြီး အသံသြသြဖြင့်

"အဲ့ထက်ပိုချမ်းသာတယ်"

လဝန်းခေါင်းကိုရမ်းလိုက်ပြီး

"ဟင့်အင်း လေယာဥ်ကြီးနဲ့မသွားချင်ဘူး ကားနဲ့ပဲသွားမယ် ခရီးကိုအေးအေးဆေးဆေးလေးသွားချင်တာ"

"မင်းသဘော"

လဝန်းသွားလေးတွေပေါ်အောင်ပြုံးပြလိုက်ပြီး

"အကျီ်တွေသွားထည့်လိုက်တော့မယ်"

"ဟုတ်ပြီ"

"ရှင့်အကျီကရော ရှိသလောက်ပဲယူလာခဲ့ရမလား ထပ်ဝယ်အုန်းမလား"

"မဝယ်တော့ဘူး ရှိသလောက်ပဲ လမ်းကြမှကြိုက်ရင်ဝယ်မယ် နောက်ပတ်ဆို သီတင်းကျွတ်ပြီ တနလ်ာနေ့လောက်သွားမယ် မနက်စောစောထွက်မယ်"

"Yeah!!!"

Phoenixဟန်မဆောင်နိင်တော့ဘဲ သွားများပေါ်အောင်ပြုံးမိသည်။ပြုံးလိုက်သည်နှင့် လဝန်း Phoenix စိုက်ကြည့်ပြီး ခနတာတိတ်ဆိတိသွားသည်။နှစ်ယောက်ကြား ခနတာတိတ်ဆိတ်သွားပုံက လေသံတို့တောင်မကြားရပင်။

"ဘာဖြစ်တာလဲ?"

ဇာမဏီကမေးတော့

"ဟင်...ဘာ..ဘာမှမဖြစ်ဘူး ရှင်ပြုံးတာမမြင်ဖူးလို့"

Phoenixရုပ်ကိုပြန်တည်ကာ ခပ်မာမာပဲပြန်နေတော့ လဝန်းလဲအပေါ်ထပ်သွားကာအဝတ်စားများသွားသိမ်သည်။

7.6.2024

အတ္တတို့စေညွုန်ရာ (Ego)Where stories live. Discover now