မြို့လည်ခေါင်ရဲ့Coffeeဆိုင်ထဲတွင်
"Daddy အခြေအနေတွေကကောင်းရဲ့လား?"
လဝန်းဘက်ကစကားဆိုတော့ အသက်လေးဆယ်ကျော်လူကခပ်ရေးရေးပြုံးပြပြီး
"ကောင်းပါတယ်သမီးရဲ့ သမီးမှာနောက်ထပ်မောင်လေးတစ်ယောက်ရှိနေပြီ သွေးတစ်ဝက်ပဲတော်တယ်ဆိုမယ့် သမီးသဘောကျမှာပါ"
"အင်းပါDaddyရဲ့ အန်တီဟန်တို့ရော နေကောင်းရဲ့လား"
ဒေါ်ဟန်မြမိုးက Daddyရဲ့နောက်မိန်းမဆိုပေမယ့် လဝန်းဘက်ကတော့အရာအားလုံးကိုလက်ခံပေးပါတယ်လေ။ဒါမယ့် ဒေါ်ဟန်မြမိုးကတော့ လဝန်းနဲ့သူ့ယောကျ်ားဖြစ်သူနဲ့ကိုအဆက်သွယ်မရှိစေချင်တာအမှန်ပင်။
"သူကတော့ကောင်းပါတယ် ဒါနဲ့ သမီးMommyရော"
"Mommyကတော့အရင်တိုင်းပါပဲ အလုပ်တွေနဲ့ရှုပ်နေလေရဲ့"
"သမီးနဲ့တွေ့ဖြစ်သေးလား"
"မတွေ့ဖြစ်တာတစ်လလောက်တော့ရှိပြီထင်တယ် သမီးခုတလော လူမှုရေးကိစ္စလေးတွေရှိနေလို့ ဒါနဲ့Daddyကရုတ်တရက်ကြီး ပြန်လာတာလား ဘာဖြစ်လို့လဲ သွားတုန်းကလဲရုတ်တရက်ကြီးပြန်လာတော့လဲဒီလိုပဲ"
"...အ..အင်း..Daddyလုပ်စရာလေးတွေရှိနေလို့ပါ"
"ဘာအလုပ်လဲDaddy Daddyဒီကနေသွားကတည်းကအလူပ်တွေအကုန်ရွေ့သွားတာမဟုတ်ဘူးလား"
"ဟုတ်တယ်သမီးလေး ဒါမဲ့Daddy personalလေးတစ်ခုရှိနေလို့"
"အင်းပါ"
"သမီးလေး.."
"ရှင်?"
လဝန်းလက်ကိုညင်သာစွာဆုပ်ကိုင်လာတဲ့ လက်ကြမ်းကြမ်းတစ်စုံနဲ့လူကြီးက လဝန်းမျက်လုံးထဲကိုစိုက်ကြည့်နေမိသည်။
"Daddy..တာဝန်မကျေဘူးဆိုတာသိပါတယ်..Daddyတောင်းပန်ပါတယ်..Daddyငယ်စဥ်ကအရမ်းကိုရူးမိုက်ခဲ့ပြီး သမီးတို့သားမိနှစ်ယောက်ကိုထားသွားခဲ့တယ် ခုတော့Daddyအမြင်မှန်ရပေမယ့် အခွင့်ရေးမရတော့ဘူး.."
"ရပါတယ်...Daddyပျော်ရင်သမီးပျော်တာမလို့ ပျော်ပျော်သာနေပါနော် အတိတ်တွေကိုမစဥ်းစားတော့ဘဲ ခုလက်ရှိမိသားစုလေးကိုသာယာအောင်ထားပါDaddy"
YOU ARE READING
အတ္တတို့စေညွုန်ရာ (Ego)
Actionstoryလေးနောက်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခုတလောစိတ်ကူးထဲပေါ်လာတာလေးပေါ့။ဒါလေးကလဲ စာရေးသူရဲ့စိတ်ကူးနဲ့ပုံဖော်ထားတာပါပဲ။ဒီထဲမှာnormalရောblရောပါပါတယ်။Mainကိုတော့normalလေးပဲရေးထားပါတယ်။ဇာတ်နာပါတယ် ဇာတ်ကောင်ကောင်မလေးဇာတ်နာတာကြောင့် မျက်ရည်မခိုင်ရင် မဖတ်ဖ...