Chapter - 2

297 49 28
                                    

(Unicode)

"ယောင်းရေ... ထတော့လေ... ကျောင်းနောက်ကျဦးမယ်"

ကိုယ်ဝန်ရပြီးတော့မှ ပိုပြီးအအိပ်မက်လာတဲ့ ထယ်ယောင်းကို မနက်တိုင်းနှိုးရတာက ယွန်းဂီရဲ့အလုပ်တစ်ခုပါပဲ...။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ သူ့နောက်လိုက်လာခဲ့တဲ့ ထယ်‌ယောင်းဟာ အခုလည်း ယွန်းဂီရဲ့အဝတ်အစားတွေကို ယူဝတ်ထားရပြန်တယ်လေ...။

"အင်း...ငါးမိနစ်ပဲ"

"အဲ့လိုငါးမိနစ်လို့ပြန်ပြန်ပြောနေတာ ၃ခါရှိနေပြီ အချစ်လေးရဲ့... ထတော့ကွာ... လိမ္မာတယ်... အတန်းထဲရောက်မှပြန်အိပ်"

"အတန်းထဲမှာအိပ်ရင် ဆရာဆူတာခံရမှာပေါ့... ဟွန့်"

နောက်ဆုံးတော့လည်း ထယ်ယောင်းတစ်ယောက် လေးတိလေးကန်နဲ့ ထလာရပါပြီ...။ ယွန်းဂီက အိပ်ချင်မူးတူးဖြစ်နေတဲ့သူ့ကို ရေချိုးခန်းထဲတွဲခေါ်သွားပေးပြီး အဆင်သင့်ထည့်ထားတဲ့ သွားတိုက်တံလေးကို လက်ထဲထည့်ပေးလိုက်တယ်...။

"မြန်မြန်ကိုယ်လက်သန့်စင်လိုက်တော့နော်... ကိုယ်အိပ်ယာသိမ်းပြီး အဝတ်အစားထုတ်ပေးထားမယ်"

"Morning kiss ပေးဦးလေ... ယောင်းသွားမတိုက်ရသေးလို့ ယောင်္ကျားက မနမ်းချင်တာလား...??"

"မဟုတ်ရပါဘူးကွာ... ကဲ လာခဲ့... ပြွတ်စ်"

ယွန်းဂီနမ်းလိုက်တော့မှပဲ ကျေနပ်သွားတဲ့ထယ်ယောင်းဟာ ချစ်စဖွယ်လေးရယ်ပြလေတယ်...။ ယွန်းဂီလည်း သူ့ရဲ့ပွယောင်းယောင်းဆံပင်လေးတွေကို အသာပွတ်သပ်ပေးလိုက်ပြီးတော့မှ ရေချိုးခန်းထဲက ပြန်ထွက်လာခဲ့လိုက်တော့တယ်...။

ထယ်ယောင်းပြန်ထွက်လာတော့ ယွန်းဂီက အားလုံးအဆင်သင့်ဖြစ်နေလေပြီ...။ လုပ်တာကိုင်တာနှေးကွေးတဲ့ ထယ်ယောင်းကို ယွန်းဂီကပဲ အမြဲကူညီပေးရတယ်...။ ဒါက ကိုယ်ဝန်ရပြီးတော့မှ လေးကန်လာတာဖြစ်ပြီး အရင်ကဆိုထယ်ယောင်းက အမြဲသွက်လက်နေတဲ့သူတစ်‌ယောက်ပါ...။

"ယောင်း လုပ်ကွာ... ကိုယ်တို့ဒီနေ့လည်း နောက်ကျတော့မှာပဲ"

"ဟွန့်...ယောင်းကိုမအော်နဲ့... ယောင်းလည်းလုပ်နေတာပဲ"

Unstoppable Marriage Where stories live. Discover now