(Unicode)
နာမည်ကြီးမင်းသားဖြစ်တဲ့အလျောက် ထယ်ယောင်းရဲ့မင်္ဂလာပွဲကို လူအနည်းအကျဉ်းသာဖိတ်ကြားပြီး private လုပ်ခဲ့တယ်...။ ထယ်ယောင်းနဲ့ဂျောင်ကု လက်ထပ်လိုက်ကြတဲ့ သတင်းတွေကလည်း ပျံ့နေခဲ့ပြီး အများစုကတော့ သဘောတူကြပေမယ့် တချို့ကတော့ ပြစ်တင်ရှုံ့ချခဲ့ကြတယ်...။
"ယောင်းက အခြေတကျဖြစ်သွားပြီနော်... ဂျောင်ကုက သူ့ကိုဂရုစိုက်ပေးတော့ ကောင်းလိုက်တာ"
ဂျီမင်းကတော့ မင်္ဂလာစုံတွဲကိုအားကျနေတာပေါ့...။ ယွန်းဂီလည်း သူတို့ကိုကြည့်နေရင်းနဲ့ ထယ်ယောင်းအမေနဲ့ အကြည့်ချင်းစုံသွားတော့ ချက်ချင်းမျက်နှာလွှဲလိုက်တယ်...။ သူမကတော့ ယွန်းဂီရဲ့ပေါင်ပေါ်မှာထိုင်နေတဲ့ ဂီယောင်းလေးဆီကိုအကြည့်ရောက်နေလေတယ်...။
ပွဲပြီးသွားတော့ပြန်ဖို့အတွက် ထယ်ယောင်းတို့စုံတွဲကို နှုတ်ဆက်နေတုန်းမှာပင် သူမက အနားကိုရောက်လာလေတယ်...။ ယွန်းဂီနဲ့ ထယ်ယောင်းက ခုထိအဆက်အသွယ်ရှိနေသေးတာကို ခုမှသိရတဲ့အပြင် ထယ်ယောင်းရဲ့လက်ထပ်ပွဲကို ယွန်းဂီတို့သားအဖတက်လာတော့ အံ့ဩနေပုံပင်...။
"မင်းတို့အဆက်အသွယ်ရှိကြတာ ငါလည်းမသိရပါလား"
"သားလေးက ယွန်းဂီဆီမှာလေ မေမေရဲ့... အဲ့ဒါကြောင့် ယောင်းသွားတွေ့လိုက်တာပါ... ပြီးတော့ မေမေ့ကိုပြောရဦးမယ်... ယွန်းဂီကလည်း ဂျီမင်းနဲ့လက်ထပ်တော့မှာလေ"
သူမကတော့ အံ့ဩမှုများစွာနဲ့ပင်...။ ထယ်ယောင်းက ဂျောင်ကုနဲ့လက်ထပ်ဖို့ သူမဆီကနေ ခွင့်ပြုချက်တောင်းတုန်းကလည်း သူမက fan တွေကန့်ကွက်လိမ့်မယ်ဆိုပြီး တားခဲ့တာပါ...။ ဒါပေမယ့်ထယ်ယောင်းက dating rumors တစ်ခုကိုထုတ်ပြန်လိုက်ပြီး ပရိသတ်ဆီကအမြင်ကို စောင့်ကြည့်ခဲ့တယ်လေ...။
ထောက်ခံတဲ့သူများတာကြောင့် သတင်းစာရှင်းလင်းပွဲလုပ်ကာ ဂျောင်ကုနဲ့လက်ထပ်မယ့်အကြောင်းကို တရားဝင်ချပြခဲ့တာပင်...။ သူမ အမြင်ကျဉ်းခဲ့တာကြောင့် ထယ်ယောင်းကို သူ့မိသားစုနဲ့ကွဲစေခဲ့ပြီးပါပြီ...။ ဒါကြောင့် ခုတစ်ခေါက်မှာတော့ ထပ်မကန့်ကွက်တော့ဘဲ လိုက်လျောပေးလိုက်ခြင်းပင်...။

KAMU SEDANG MEMBACA
Unstoppable Marriage (Completed)
Fiksi PenggemarA successful marriage requires falling in love many times, always with the same person. But if not, become unstoppable marriage.