(Unicode)
ခါတိုင်းလာနေကျအတိုင်းပင် ဂျောင်ကုလည်း တံခါး password ကိုနှိပ်ပြီး ထယ်ယောင်းရဲ့ကွန်ဒိုတိုက်ခန်းထဲကို ဝင်လာလိုက်တယ်...။ တိတ်ဆိတ်နေတာကြောင့် ထယ်ယောင်းရေချိုးခန်းထဲရောက်နေတာဖြစ်မယ်လို့ ကောက်ချက်ချလိုက်တယ်...။
ဝယ်လာတဲ့မနက်စာကို ထမင်းစားခန်းထဲ တန်းယူသွားပြီးနောက် ပန်းကန်တွေထဲထည့်ကာ ပြင်ဆင်ထားလိုက်တယ်...။ လုပ်စရာရှ်ိတာတွေကို လုပ်နေရင်းနဲ့ပင် စိတ်အစဉ်ကလည်း ထယ်ယောင်းရဲ့အကြောင်းကို တွေးနေမိပြန်တယ်...။
မနေ့ညက ထယ်ယောင်းအရမ်းငိုနေတာကြောင့် မြို့တစ်ပတ်ကားပတ်မောင်းပေးပြီးနောက် အချိန်တစ်ခုကြာလို့ အငိုတိတ်သွားတဲ့အခါကျမှ အိမ်ပြန်ပို့ပေးခဲ့တာပင်...။ ထယ်ယောင်းပုံစံက နွမ်းလျနေပေမယ့်လည်း ဂျောင်ကုမေးမြန်းတဲ့အခါ အဆင်ပြေပါတယ်ဆိုပြီး ဂျောင်ကုကိုလည်းပြန်ခိုင်းတယ်လေ...။
ဒါကြောင့် ဒီနေ့မနက်စောစောမှာ သူကြိုက်တတ်တဲ့စားစရာတွေကို တကူးတကသွားဝယ်လာခဲ့လိုက်တယ်...။ ထယ်ယောင်းက စိတ်ဓာတ်မာကြောတဲ့သူမို့ ခုချိန်မှာ အဆင်ပြေနေလောက်ပြီမို့ ဂျောင်ကုယုံကြည်မိတယ်လေ...။
အားလုံးပြင်ဆင်ပြီးလို့ ဂျောင်ကုထိုင်စောင့်နေပေမယ့် ထယ်ယောင်းက ထွက်မလာသေးတာကြောင့် စိတ်ထဲထင့်လာခဲ့တယ်...။ ခါတိုင်းဆို ဒီအချိန်မှာ ထယ်ယောင်းအဆင်သင့်ပြင်ပြီးလို့ မနက်စာစားနေပြီလေ...။
မသင်္ကာတာနဲ့ သူ့အိပ်ခန်းတံခါးကိုသွားခေါက်တော့လည်း တုန့်ပြန်သံမကြားရတာကြောင့် ဂျောင်ကုလည်း ဖြစ်ချင်ရာဖြစ်သဘောထားကာ အခန်းတံခါးကိုတွန်းဖွင့်ကာ ဝင်လိုက်တော့တယ်...။
ထယ်ယောင်းရဲ့အိပ်ခန်းထဲမှာ မွှေးရနံ့တချို့ပျံ့လွင့်နေခဲ့ပြီး အဲကွန်းလေကလည်း အေးစက်နေလေတယ်...။ အခန်းထဲဝေ့ကြည့်လိုက်တော့ အိပ်ယာအကျယ်ကြီးပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲဖြစ်တဲ့ ထယ်ယောင်းကိုတွေ့လိုက်ရလေတယ်...။
"အစ်ကို...??"
အအိပ်ဆတ်တဲ့ထယ်ယောင်းက ဂျောင်ကုခေါ်တာကိုလည်း ပြန်မထူးပါ...။ အခန်းတံခါးခေါက်တုန်းကလည်း ပြန်မတုန့်ပြန်တာကြောင့် ဂျောင်ကုရင်ထဲထိတ်ခနဲဖြစ်သွားပြီး ထယ်ယောင်းရဲ့အိပ်ယာနားကို အမြန်ချဉ်းကပ်သွားလိုက်တော့တယ်...။

ESTÁS LEYENDO
Unstoppable Marriage (Completed)
FanficA successful marriage requires falling in love many times, always with the same person. But if not, become unstoppable marriage.