"ဂျိမ်း!!"
ဝင်းလက်သောလျှပ်စီးကြောင်းတစ်ခုနောက်မှာ စူးရှကျယ်လောင်သောမိုးခြိမ်းသံက ကြောက်ခမန်းလိလိမြည်ဟီးသွားသည်။
အငြှိုးတကြီးရွာချနေသောမိုးသည်းသည်းအောက်မှာ ညကမည်းမည်းမှောင်လျက်ရှိကာ ကိုယ့်ကိုယ်ကိုပင် လူလုံးပျောက်၍ အခိုးအငွေ့တစ်ခုဖြစ်သွားလေပြီလားဟု ထင်ယောင်ထင်မှားဖြစ်မိသွားသည်။
ရင်ခွင်ထဲမှာ သားငယ်ကိုပွေ့ထားလျက်ရှိတာသိထားပေမယ့် စိတ်မချနိုင်စွာ မကြာခဏထွေးညှစ်ကြည့်မိသည်။
တဟီးဟီးတိုက်ခတ်နေသည့်လေသံ၊ သူ့ကိုယ်ပေါ်သို့ အရှိန်ပြင်းစွာ ရိုက်ပုတ်နှိပ်စက်နေသောမိုးစက်များ...
သူ ဘာကိုမှဂရုမစိုက်နိုင်...
ခြေဖဝါးနုနုမှာ စူးခနဲမျက်ခနဲ ဘာတွေစူးစူးရှရှ ခြေလှမ်းကို တစ်ချက်မှအရှိန်မလျှော့နိုင်ဘဲ နောက်လှည့်မကြည့်စတမ်း သူပြေးနေမိတယ်။
သူတို့လက်မှာ ပြန်လည်ကျရောက်သွားသည်နှင့် သားလေးနဲ့သူ ခွဲရတော့မည်။သူတို့တွေ သားကို သူ့ရင်ခွင်ထဲက အတင်းဆွဲယူကြတော့မည်။
ပြေး... ပြေးရမယ်..
မိုးကြီးလေထန် မုန်တိုင်းရဲ့ညတွေမှာ ကြောက်အားပိုတတ်လွန်းခဲ့တဲ့သူ့လိုအားနည်းတဲ့omegaတစ်ယောက်က မှောင်မည်းနေတဲ့ကြမ်းတမ်းသောမုန်တိုင်းညမှာ လူသူကင်းဝေးနေသည့် သစ်တောအစပ် တောင်ပတ်လမ်းလေးပေါ်မှာ အင်တိုက်အားတိုက်ပြေးလွှားနေခဲ့ရပြီ။
ကားမီးရောင်တွေ....
သူတို့.. သူတို့လိုက်လာကြပြီ။
သူ သစ်တောတွေထဲ လှည့်ဝင်ပြေးမိသည်။
ကြည့်စမ်း.. ဒါ.. ဒါ.. သူသေဆုံးခဲ့တဲ့နေရာ...
သူ့လက်တွေပေါ်မှာ ကို..ကို အသက်ဆုံးပါးသွားခဲ့တဲ့နေရာ...
"King.. ကို ဒီနားမှာရှိနေတယ်မို့လားဟင်... Poတို့သားအဖကို ကာကွယ်ပေးပါဦး ကိုရယ်၊ Poလေ.. Po သားလေးကိုမခွဲပါရစေနဲ့၊ သူတို့ သားကို Poဆီကနေခွဲထုတ်ခေါ်မသွားနိုင်အောင် ကို ကာကွယ်ပေးပါနော်.. Poကိုကယ်ပါဦး ကိုရယ်.."
YOU ARE READING
My Ex Husband's Twin Became My Alpha
FanfictionKinnPorsche Fanfiction❤️ Fanfiction သက်သက်မို့ ဇာတ်ကောင်တွေရဲ့စရိုက်ဟာ authorရဲ့ဖန်တီးမှုအပေါ်မှာပဲ ဖြစ်တည်ပါတယ်။အပြင်လောကနှင့်လုံးဝလုံးဝမသက်ဆိုင်ပါ။ ABO type M-preg