Porsche လက်ထဲမှာကိုင်ထားသည့် ဖုန်းလေးကိုဖွင့်လိုက်၍ ဖုန်းနံပါတ်တစ်ခုဆီ အလျင်စလိုဆက်လိုက်သည်။
"Kinn.."
"...."
"မင်း သားသားကို လာခေါ်သွားတာလား?"
"....."
တစ်ဖက်မှပြန်ဖြေသံကို ကြားပြီးနောက် ဖုန်းလေးကိုချလိုက်၏။သက်ပြင်းကလေးတစ်ချက်ကိုပါ အသာချလိုက်၍ ကျောင်းမှဆရာမကို ကျေးဇူးတင်စကားပြောကာ ကျောင်းမှ အိမ်သို့ပြန်လာလိုက်သည်။ခြံထဲကို သူ့ကားလေးကွေ့ဝင်လာသည်နှင့်
"ပါပါးရေ.. သားသားလေးတို့ ဒီမှာ"
သားသားက သူ့ကိုမြင်သည်နှင့် လက်ကလေးတစ်ဖက်ကို ဝေ့ယမ်းပြလာတယ်။သားကို လက်ကလေးပြကာပြန်နှုတ်ဆက်လိုက်ရင်း ကားလေးကို ဂိုထောင်ထဲသွင်းပြီးမှ အိမ်ထဲသို့ဝင်လာသည်။အခန်းထဲသို့ စိတ်ပန်းလူပန်းနှင့် ဝင်ရောက်ကာ အဝတ်အစားလဲနေတုန်း
"ခင်ဗျား အမြဲ ဒီအချိန်ကျမှ ပြန်လာတာလား"
"ဟာ မင်း အသံမပေးနဲ့ ဘာမပေးနဲ့"
Porsche မျက်နှာလေးရဲခနဲဖြစ်သွားကာ တွေ့ရာအဝတ်ဆွဲခြုံ၍ ကာကွယ်လိုက်ရသည်။
Kinnလည်း ရုတ်တရက်ဝင်လာပြီးသားဖြစ်သွားသည်မို့ အိုးတိုးအမ်းတမ်းဖြစ်သွားကာ ချာခနဲကျောခိုင်းပစ်သည်။
ဟင်းးး...
Porsche အလျင်စလိုအင်္ကျီဝတ်လိုက်ပြီး သူ့ရှေ့ကျမှ မျက်စောင်းတည့်တည့်ထိုး၍ အပြင်ထွက်လာလိုက်သည်။
ကလေးဆန်စွာလုပ်သွားတဲ့ပုံကို Kinn ခပ်စူးစူးကြည့်၍
"ခင်ဗျား ကျုပ်မေးတာ မဖြေသေးဘူးနော်"
Porscheရှေ့မှာထိုင်၍ Kinn မကျေနပ်သံဖြင့် ထပ်မေးသည်။
"ဟုတ်တယ်လေ.. ဒါ ငါ့ရုံးဆင်းချိန်ပဲ၊ ဘာဖြစ်လို့လဲ"
"ဒါဆို ကလေးက နေ့တိုင်းကျောင်းမှာ ခင်ဗျားကို ဒီလိုပဲ တစ်ယောက်တည်းစောင့်နေရတာပေါ့"
"ဟုတ်တယ်"
Kinnက ပိရိကျနသောနှုတ်ခမ်းတွေကို အတော်ကြာ တင်းတင်းစေ့ထား၍ငြိမ်နေသည်။
YOU ARE READING
My Ex Husband's Twin Became My Alpha
FanfictionKinnPorsche Fanfiction❤️ Fanfiction သက်သက်မို့ ဇာတ်ကောင်တွေရဲ့စရိုက်ဟာ authorရဲ့ဖန်တီးမှုအပေါ်မှာပဲ ဖြစ်တည်ပါတယ်။အပြင်လောကနှင့်လုံးဝလုံးဝမသက်ဆိုင်ပါ။ ABO type M-preg