ဈေးမှ လိုအပ်တာလေးတွေကို ဝယ်ယူပြီးနောက် Porsche ကားကို ခြံဝန်းထဲ ဖြည်းဖြည်းပဲ မောင်းဝင်လာခဲ့သည်။
ဟင်!!
သူ့ရင်ထဲမှာ ဒိန်းခနဲ ခုန်သွားသည်။
ရပ်ထားသည့်ကားနက်ကြီးကို မြင်လိုက်ကတည်းက အိမ်ထဲမှာ ဘယ်သူတွေရောက်နေပြီလဲဆိုတာ သိလိုက်ပါပြီ။"ကဲ ထိုင်ပါဦး Porsche.. မင်းနဲ့ဆွေးနွေးဖို့ ငါလာခဲ့တာ"
Khun Mayarက အိမ်ရှင်သဖွယ် ခပ်တည်တည်ကြီးစတင်မိတ်ဆက်၏။
Porsche ဖိနပ်ချွတ်ဖို့ပင် သတိမရဘဲ သူတို့ရှေ့မှာ ဝင်ထိုင်လိုက်၏။
Khun Wenchaiက လည်ချောင်းတစ်ချက်ရှင်းလိုက်ကာ စကားစဖို့ပြင်သည်။"နည်းနည်းတော့ ရှင်းပြဖို့လိုလိမ့်မယ်၊ ဘဘတို့ပြောချင်တာက ဒီလိုပါ၊ မြေးလေးဟာ ဘာပဲဖြစ်ဖြစ် မိခင်နဲ့ပဲနေချင်ရှာလိမ့်မယ်၊ ဒါပေမယ့် ဒီလိုပဲနေပါစေဆိုပြီး မင်းနဲ့ထားပေးဖို့ဆိုတာကလည်း မင်းရဲ့အသက်အရွယ်ကို မေ့ထားလို့မဖြစ်ဘူး၊ မင်းဟာ ငယ်ရွယ်နုပျိုလှပနေသေးတဲ့Omegaတစ်ယောက်၊ ရှင်းရှင်းပြောရရင် Vegasဆိုတဲ့ မင်းလက်ထပ်ဖူးခဲ့တဲ့Alphaဟာ ခုချိန်ထိ မင်းကို မျှော်လင့်နေတယ်၊ ကြိုးစားနေတယ်ဆိုတာလည်း ဘဘတို့ သိထားတယ်"
"အဲ့ဒါ ကျွန်တော် အပြတ်ပြောခဲ့ပြီးပါပြီ"
Khun Wenchaiက ခေါင်းခါသည်။
"မင်းကပြတ်တယ်ဆိုပေမယ့် သူကမပြတ်ဘူး၊ ဒါ ထားပါလေ.. မင်း ဘယ်Alphaနဲ့ပဲဖြစ်ဖြစ် တစ်နေ့လက်ထပ်ဖြစ်မှာက 90%လောက် သေချာတယ်၊ဒါကို ဘဘတို့ လုံးဝအဖြစ်မခံနိုင်ဘူး"
Khun Mayarကပါ နည်းနည်းလှုပ်ရှားလာကာ ဝင်ပြော၏။
"ဟုတ်တယ် အဲ့ဒါကြောင့် ငါတို့အားလုံးတိုင်ပင်ပြီး တစ်ခုစီစဉ်ထားတယ်၊ အဲ့ဒါကို မင်းနာခံပါ"
သူတို့ကို Porsche စိုက်ကြည့်နေမိ၏။
"မင်းကို Kingရဲ့ညီ Kinnနဲ့ လက်ထပ်ပေးရလိမ့်မယ်"
"ဘာ?"
Porsche မျက်လုံးပြူးသွားရသလို အံ့လည်း အံ့ဩသွားရသည်။
YOU ARE READING
My Ex Husband's Twin Became My Alpha
FanficKinnPorsche Fanfiction❤️ Fanfiction သက်သက်မို့ ဇာတ်ကောင်တွေရဲ့စရိုက်ဟာ authorရဲ့ဖန်တီးမှုအပေါ်မှာပဲ ဖြစ်တည်ပါတယ်။အပြင်လောကနှင့်လုံးဝလုံးဝမသက်ဆိုင်ပါ။ ABO type M-preg