"ပါပါး ပါပါး.. ဘွားဘွားကြီးတို့ခြံကြီးထဲမှာလေ မြင်းကြီးလည်းရှိတယ်၊ ယုန်ကလေးတွေရယ်၊ သားသားလေးကခေါ်ရင်လေ 'ညောင်'လို့ထူးပြီး ပြေးပြေးလာတဲ့ ကြောင်မဲမဲကြီးတစ်ကောင်လည်းရှိတယ်၊ ပြီးတော့ 'keke'ဆိုတဲ့ ခွေးဖြူကြီးကလေ သားသားလေးနဲ့ ဘောလုံးကစားတတ်တယ် ပါပါးရဲ့၊ အရမ်းချစ်ဖို့ကောင်းတာပဲ၊ ပြီးတော့ သူက သားသားလေးလိုပဲ နို့သိပ်ကြိုက်တာ"
သားသားပြောပြသမျှ နားထောင်ရင်း Porscheရင်ထဲမှာ စိုးရိမ်စိတ်တွေဝင်နေမိသည်။သားသားပြောသမျှစကားတွေထဲမှာ ပါပါးရယ်.. ပါပါးကို သားသားလေးလွမ်းလိုက်တာ၊ အိမ်ကို အရမ်းပြန်ချင်တာပဲ ဆိုတာမျိုးတွေမပါလာပါလား။
"ပါပါး"
"ဟင်"
"နောက်တစ်ခါ ကျောင်းပိတ်ရင်လေ ဘွားဘွားတို့ဆီ သွားမယ်နော်၊ ပါပါးရော လိုက်ခဲ့.. နော် ပါပါး"
Porsche ရင်နာနေရပါပြီ။
သားသားက တကယ်ပဲ သူ့ဘိုးဘွားတွေကို ခင်တွယ်နေပြီ။သားသားကို သူတို့ နည်းမျိုးစုံနဲ့သိမ်းသွင်းဖို့ကြိုးစားနေပြီဆိုတာ သိလိုက်ရပေမယ့် Porsche ဘာမှမတတ်နိုင်ပါ။"ပါပါး ဘာတွေစဉ်းစားနေတာလဲဟင်"
သားက ငိုင်သွားတဲ့သူ့မျက်နှာလေးကို သူ့လက်ဖဝါးသေးသေးလေးနှစ်ဖက်နှင့်အုပ်ကိုင်ကာ မေးလာသည်။
"ဘာမှမစဥ်းစားပါဘူး သားသားရယ်၊ သားသားလေးက ဘွားဘွားတို့ဆီမှာ ပျော်ခဲ့တယ်ပေါ့ ဟုတ်လား"
"ဟုတ် ပျော်ခဲ့တယ် ပါပါး.. ဒါပေမယ့် သားသားလေးက ပါပါးကိုပဲ ပိုသတိရနေတာ သိလား"
ခပ်ချွဲချွဲလေးပြောကာ သူ့ပါးလေးတစ်ဖက်ကိုပါ ရွှတ်ခနဲနမ်းပစ်တဲ့လူလည်ကောင်လေး။Elioလေးရဲ့အမှတ်မထင်အပြုအမူတစ်ခုကြောင့် Porscheမျက်နှာလေးက ချက်ချင်းပဲပြုံးရောင်သန်းသွားရလေ၏။Porsche သားသားကိုယ်လုံးလေးကို ထွေးပွေ့ပစ်လိုက်ကာ နူးညံ့သောပါးပြင်နုနုလေးတွေကို ဖိကပ်နမ်းရှိုက်မိသည်။
အရိပ်အကဲကို သိပ်နားလည်တဲ့ကလေးလေး။သူ့မျက်နှာမကောင်းတာကို သိနေ၍ အနမ်းနဲ့ချော့ပါတယ်ဆိုသည့်သဘော။
YOU ARE READING
My Ex Husband's Twin Became My Alpha
FanfictionKinnPorsche Fanfiction❤️ Fanfiction သက်သက်မို့ ဇာတ်ကောင်တွေရဲ့စရိုက်ဟာ authorရဲ့ဖန်တီးမှုအပေါ်မှာပဲ ဖြစ်တည်ပါတယ်။အပြင်လောကနှင့်လုံးဝလုံးဝမသက်ဆိုင်ပါ။ ABO type M-preg