Part 10

100 5 2
                                    

"မင်း ဒီလောက်တောင် ကြောင်ရသလား P'Vegasရာ.."


"ဟုတ်တယ် ငါကြောင်တယ်၊ ငါ သူကလွဲပြီး ဘယ်သူ့ကိုမှလက်မထပ်ဘူး"


Macau ဒေါသတကြီး ဝုန်းခနဲထရပ်သည်။


"သွားပြီ၊ P'Porscheနဲ့ပတ်သက်ပြီး အားလုံးရူးကုန်ကြပြီ၊ ဟိုတစ်ယောက်က သေသွားပြီ၊ ကျန်တဲ့တစ်ယောက်က အရူး၊ နေပါဦး... P'Porscheမှာ ဒီလောက်တောင်စွဲလမ်းရအောင် ညှို့ငင်နိုင်တဲ့စွမ်းအား ရှိနေတာလား"


"သူက မညှို့ပါဘူး၊ သူ့ရဲ့ညှို့ငင်ခြင်းကို ငါကိုယ်တိုင်က တောင့်တနေတာပါ"


"ဟ့ တောင့်တရအောင် ဟိုက နောက်တစ်ယောက်နဲ့လက်ထပ်ပြီးနေပြီလေ၊အဲ့ဒီတစ်ယောက်ကလည်း ကလေကချေကောင်မဟုတ်ဘူး၊နိုင်ငံပေါင်းစုံအားကစားအသင်းဝင်၊ ချမ်းသာတယ်၊ တောင့်တယ် ဖြောင့်တယ်၊ အားလုံး မင်းထက်သာတယ်၊ ပြီးတော့ Kingရဲ့ညီအရင်း၊ ဟောဒီမှာ သူ့ရဲ့သွေးကြွေးလက်သီး၊ ငါ့မေးရိုး အခုထိကောင်းကောင်းအထိမခံနိုင်သေးဘူး"


"Porscheက သိပ်ကံဆိုးတဲ့ကောင်လေးပါ Macauရာ.. သူတကယ်ချစ်တာ ငါ့တစ်ယောက်တည်းကိုပါ၊ တကယ်တော့ Theerapanyakul မိသားစုတွေရဲ့လက်ထဲမှာ Porscheတစ်ယောက် အမျိုးမျိုးအလှည့်စားခံနေရရှာတာ"


"ဟုတ်တယ်လေ ထားလိုက်တော့၊အဲ့ဒါ ငါတို့နဲ့မဆိုင်တော့ဘူး၊သူကျေနပ်လို့ သူဆုံးဖြတ်တဲ့ကိစ္စ၊ P'Porscheက မင်းရှေ့မှာပဲ မင်းကိုရက်ရက်စက်စက်ငြင်းပစ်ခဲ့တာ ဒါနဲ့ဆို နှစ်ခါရှိပြီ၊သူ့ကောင်တွေလောက် ငါတို့ကမချမ်းသာပေမယ့် ကလေကချေကောင်တွေမဟုတ်ဘူးကွ၊ မင်း ဒီလောက်ထိရူးဖို့မကောင်းဘူး"


"ငါ Porscheကိုချစ်တယ်"


"မရတော့ဘူးလေ၊ ဘာလဲ.. မင်းက Anakinnလက်ထဲကနေ ပြန်ခိုးဖို့ ဒုတိယအကြိမ်စိတ်ကူးပြန်ပြီလား?"


"တကယ်ဆို Porscheက ငါ့ရဲ့Omegaဖြစ်မယ့်သူပါ"


Macau စိတ်ပျက်စွာခေါင်းယမ်းမိလေသည်။


"မင်း ဘာဖြစ်လို့ ရာဇဝင်ဟောင်းကြီးကို ပြန်ကောက်ချင်ရတာလဲ P'Vegasရာ.. P'Porscheနဲ့မင်းက ဘာမှမဆိုင်တော့ဘူးဆိုတာ သဘောပေါက်စမ်းပါဟ"


You've reached the end of published parts.

⏰ Last updated: 5 days ago ⏰

Add this story to your Library to get notified about new parts!

My Ex Husband's Twin Became My AlphaWhere stories live. Discover now