"Elio Pichara Kittisawasd... ပထမဆုယူရန် စင်ပေါ်သို့ဖိတ်ခေါ်ပါတယ်"
"ဖြောင်း ဖြောင်း ဖြောင်း.."
လက်ခုပ်တီးရင်း သူ့လက်ကလေးတွေတုန်နေသည်။
ဖွေးသန့်နေတဲ့ကျောင်းအင်္ကျီရှပ်အဖြူရောင်ကလေးနှင့်အပြာရောင်ဒူးဖုံးဘောင်းဘီတိုလေးဝတ်ထားသည့် သားသား၏ဆံနွယ်လေးတွေက ခရင်မ်လူးပေးထားသည်မို့ ရှင်းသန့်သေသပ်စွာ ပြောင်လက်နေသည်။
သူ့အဖေလိုပဲ မျက်ခုံးထူထူ နှာတံပေါ်ပေါ်နှင့်မေးရိုးကျပုံချင်းပါ လိုက်တူနေတာမို့ သားမျက်နှာလေးက တည်တည်ခံ့ခံ့လေး။
"Elio Picharaတဲ့.. နာမည်လေးကချစ်စရာလေးနော်"
(** Elio = "နေ"လို့အဓိပ္ပါယ်ရပါတယ်။
Porscheအတွက် အလင်းရောင်လေးပေါ့ **)"ကလေးလေးက ချစ်ဖို့ကောင်းလိုက်တာ"
မစဲနိုင်သောလက်ခုပ်သံတွေကြားမှာ ချီးမွမ်းသံတွေကိုပါ ကြားနေရသည်။
"ပါပါး"
"သားသား"
ဓာတ်ပုံရိုက်ချက်တွေကြားမှ သားသားကို သူပြေးချီလိုက်တော့လည်း ဖလက်ရောင်က ဝင်းခနဲ။အခမ်းအနားပြီးလို့ သားလေးလက်ကိုဆွဲ၍ထွက်လာတော့
"ဟဲ့"
"ဟာ"
တစ်စုံတစ်ယောက်နှင့်ဝင်တိုက်မိကာ Elioလက်ထဲက ဆုရသည့်ပစ္စည်းများနှင့်ဆုတံဆိပ်တွေပါ ပြုတ်ကျကုန်သည်။
Poဘာကိုမှသတိမထားမိဘဲ ပစ္စည်းတွေကို ကမန်းကတန်းငုံ့ကောက်ပြီး ပြန်အမော့..
"ဟင်"
သားနဲ့ဝင်တိုက်မိသည့် ရွယ်တူကောင်မလေးက သားမျက်နှာကို ဂျစ်ကန်ကန် ပေစောင်းစောင်းလေးကြည့်လို့...
"ဟေ့ Elio.. ပထမဆုရတယ်ဆိုပြီး သိပ်ဘဝင်မြင့်မနေနဲ့၊ နောက်နှစ်ကျရင် အဲ့ဆု ငါရအောင်ယူပြမယ် ကြည့်ထား"
"နင့်ဟာနင် ဘာဆုယူယူ ယူပေါ့၊ ဘာလို့ ငါ့ကိုရန်လာစရတာလဲ"
"ဟာ သားသား"
အားနဲ့လွှဲချလိုက်သည့် သားရဲ့လက်ကို Poအမိအရဆွဲထားလိုက်သည်။
YOU ARE READING
My Ex Husband's Twin Became My Alpha
FanfictionKinnPorsche Fanfiction❤️ Fanfiction သက်သက်မို့ ဇာတ်ကောင်တွေရဲ့စရိုက်ဟာ authorရဲ့ဖန်တီးမှုအပေါ်မှာပဲ ဖြစ်တည်ပါတယ်။အပြင်လောကနှင့်လုံးဝလုံးဝမသက်ဆိုင်ပါ။ ABO type M-preg