Part 4

684 5 3
                                    

မောင်းထွက်သွားသည့်ကားကို မျက်စိတစ်ဆုံး လိုက်ကြည့်နေပြီး Khun Mayar အံကိုတင်းနေအောင် ကြိတ်ထားသည်။

Khun Wenchaiက သက်ပြင်းချနေသည်။

"ရှင်တို့မြင်ပြီမလား၊ Kingကိုသတ်ခဲ့တဲ့ ဟိုကောင်နဲ့ သူဆက်သွယ်နေတာ"

ဘွားတော် Khun Wadရဲ့မျက်နှာပါ တင်းမာနေသည်။

"ဒီလိုအပျော့ဆွဲဆွဲနေလို့ မဖြစ်တော့ဘူး၊ သူ တစ်ယောက်ယောက်နဲ့.. အင်း အဲ့ဒီVegasဆိုတဲ့ကောင်နဲ့ အိမ်ထောင်ပြုလိုက်မယ်ဆိုမှ ဒီ့ပြင်သူစိမ်းထပ်ဝင်လာပြီး ဇာတ်လမ်းတွေက တအားရှုပ်ကုန်မှာ"

"အဲ့ဒါဟုတ်တယ်"

"ဘယ်လိုလုပ်မလဲ"

"ကလေးကို ရတဲ့နည်းနဲ့ပြန်ခေါ်ရမှာပဲ"

"ကလေးက သူ့ကိုခင်တွယ်နေပြီ၊ အဲ့ဒါ ဘယ်လိုလုပ်မလဲ"

"ဘယ်လိုပဲလုပ်ရလုပ်ရ၊ Kingရဲ့သွေးကို ရအောင်ပြန်ခေါ်မယ်၊ သူနဲ့Kingဟာ သွေးချင်းဆက်နွယ်ခဲ့တာမဟုတ်ဘူး၊ Kingရဲ့သ‌န္ဓေကို အငှားလွယ်ပေးခဲ့တဲ့သဘောပဲ၊ ဒါကို သူက မိခင်နေရာဝင်ချင်လို့ရမလား၊ နောက်တော့ ကလေး ဒါတွေသဘောပေါက်လာမှာပဲ"

=========


"ခင်ဗျား... ခင်ဗျားတို့ ဘာလာလုပ်ကြတာလဲ၊ ဘာလုပ်ကြမလို့လဲ"

Porsche ကမန်းကတန်းထရပ်ကာ စာရေးနေတဲ့သားသားရှေ့က ကွယ်ထားလိုက်၏။

"ဘယ်လိုဖြစ်နေတာလဲ Porsche.. ပစ္စည်းရှင်က ငါတို့ပါ၊ ဘယ့်နှယ့် ကောက်ရတဲ့သူက သည်းသည်းလှုပ်နေရတာလဲ"

Khun Mayarနှင့်Khun Wenchai...
နှစ်ယောက်စလုံး မျက်ဝန်းတို့က Elioလေးဆီမှာ စူးစူးနစ်နစ်။

Kingနှင့် လုံးဝချွတ်စွတ်တူနေသည့် ကလေးကို သူတို့ကြည့်သည့် မျက်ဝန်းတို့က လွမ်းမောစွာ၊ တမ်းတမြတ်နိုးစွာ၊ လိုချင်တပ်မက်စွာ။

Khun Mayarက Elioလေးရှေ့ထိလျှောက်သွား၍ Porscheကိုကြည့်သော မျက်လုံးတို့နှင့် လုံးဝခြားနားစွာ နူးညံ့ထွေးနွေးခြင်းတို့ဖြင့် ငုံ့ကြည့်၏။ပြီးတော့ Porscheကို ပြန်ကြည့်လိုက်သည်က အေးစက်မုန်းတီးစွာ။

My Ex Husband's Twin Became My AlphaWhere stories live. Discover now