Part 3

749 7 0
                                    

ပြည့်မောက်စူထွက်နေပြီဖြစ်သည့် ကိုယ်ဝန်ကိုငုံ့ကြည့်၍ သူအမြတ်တနိုးပုံကြီးချဲ့ရေးဆွဲထားခဲ့သော Poရဲ့ပုံတူပန်းချီကားကြီးကိုလည်း မော့ကြည့်မိကာ Poမျက်ရည်တွေ တဖြည်းဖြည်း တအိအိပြိုဆင်းလာသည်။

King.. Poလေ ခင်ဗျားမရှိတော့မှ ခင်ဗျားရဲ့ချစ်ခြင်းအားလုံးကို တရေးရေးခံစားမိနေတယ်။ခင်ဗျားမရှိတော့မှ ခင်ဗျားရဲ့အရိပ်ကို အားကိုးချင်လာတယ်။

အချစ်ဆိုတာ ဘာလဲဟင်?
Poမသိဘူး.. ဒါပေမယ့် ခုချိန်မှာလေ Poရင်ထဲမှာ ခင်ဗျားဟာ ဘယ်လိုမှမေ့ပျောက်သွားမှာမဟုတ်တဲ့ ကမ္ပည်းစာတိုင်တစ်ခုလို စွဲထင်ကျန်နေပါပြီ။ဒီလိုရင်းနှီးတွယ်တာမှုမျိုး Po ဘယ်Alphaအပေါ်မှာမှ မဖြစ်ခဲ့ဖူးဘူး။ဘယ်Alphaကိုမှလည်း အထင်ကြီးအားကိုးချင်စိတ် မဖြစ်ခဲ့ဖူးပါဘူး။

အဲ့ဒါ ခင်ဗျားယုံပါ။ခင်ဗျားအပေါ်မှာ Poရင်ထဲက ချစ်တယ်ဆိုတာတွေထက်ပိုတဲ့ တွယ်တာမှုမျိုးနဲ့ချည်နှောင်ခဲ့တာပါ။

ခင်ဗျား တမလွန်ကနေ သိပါစေနော်..

ခင်ဗျားရဲ့ရင်သွေးကို Poမြတ်မြတ်နိုးနိုးယုယုယယ လွယ်ထားခဲ့တာကလည်း ခင်ဗျားရဲ့အချစ်ကို လက်ခံယုံကြည်စွာ ခင်ဗျားရဲ့ကိုယ်စား ကိုယ်ပွားလေးတစ်ယောက်ကို Poအနားမှာ တစ်သက်လုံးထားသွားချင်တဲ့ ဆန္ဒကြောင့်ပါပဲ။ခင်ဗျားရဲ့ဝိညာဉ်ဟာ Poအနားမှာပဲရှိနေသေးတယ်ဆိုရင် ခင်ဗျားကျေနပ်ပါနော် King ..

"ဘာဖြစ်လို့ ဒီမှာလာလာပြီး ငိုနေရတာလဲ ကလေးရယ်"

ဘွားနဲ့ဘဘရောက်လာတော့ Poဘွားကိုမှီတွယ်ပြီး ရှိုက်ငိုမိပြန်တယ်။

သူတို့အားလုံး Poကိုဂရုစိုက်လွန်းတာ ကြမ်းကြမ်းကိုင်လျှင် ပဲ့ကြွေသွားနိုင်တဲ့ ပွင့်ဖတ်ကလေးတစ်ခုလို မထိရက်မတို့ရက် ရှိပုံမျိုး။

ကောင်းကင်ကြီးမှာ တိမ်တွေကင်းစင်နေပြီး နေရောင်အစွမ်းကုန်တောက်ပနေခဲ့တဲ့အချိန်တွင် သားသားလေးကို မွေးခဲ့သည်။

ရွှေလင်ဗန်းနဲ့အချင်းဆေးပြီး မွေးဖွားခဲ့တဲ့သားလေးElioက သူ့အဖေနဲ့တစ်ထေရာတည်း၊ တစ်ရုပ်တည်းမို့ အားလုံးက ဝမ်းမြောက်ဝမ်းသာပျော်မဆုံးဖြစ်ခဲ့ကြသည်။

My Ex Husband's Twin Became My AlphaWhere stories live. Discover now