"Kinn.. မင်း ဘာဖြစ်လာတာလဲ"
အိပ်ခန်းထဲရောက်တော့ Kinnက တံခါးကို ဂျိန်းခနဲ ဆောင့်ပိတ်လိုက်ကာ သူ့ကို အိပ်ရာပေါ် ဆောင့်တွန်းပစ်လိုက်သည်။
"ကျုပ် ဘာဖြစ်လာနိုင်တယ်ဆိုတာ ခင်ဗျား သိကိုသိရမယ် Pachara.. ဒီနေရာမှာ Macauဖြစ်နေလို့၊ Vegasသာဆိုရင် Anakinnနဲ့ပတ်သက်တဲ့နား စိတ်ကူးနဲ့တောင်မကပ်ရဲအောင် ကျုပ် လုပ်ပစ်မှာ"
Porsche ပက်လက်လဲကျနေရာမှထထိုင်ကာ
"Macauကို မင်း ဘာလုပ်ပစ်ခဲ့လဲ Kinn
လူတွေအများကြီးကြားထဲမှာ ငါတို့ရိုးရိုးသားသားစကားပြောတာကို မင်း ရမ်းကားလှချည်လား ဟမ်!""ဘာရိုးသားတာလဲ.. သူများမယားကို အိမ်တိုင်ရာရောက် လာခိုးထုတ်ရဲတဲ့ကောင်မျိုးကို ကျုပ်က ဂုဏ်ပြုပန်းကုံးတွေဘာတွေ စွပ်ပေးရဦးမှာလား၊ ဒီမှာ Pachara.. အဲ့ဒီကောင်တွေလက်ချက်နဲ့ ကျုပ်အစ်ကိုသေခဲ့ရတာ ကျုပ်သိတယ်၊ မျက်နှာများချင်တဲ့ခင်ဗျားကြောင့် ကျုပ်အစ်ကိုသေခဲ့ရတာ၊ အဲ့ဒါကို ခင်ဗျား ဝန်ခံရဲလား ဟမ်!"
"မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး၊ မင်း.. မင်း လူတစ်ယောက်ရဲ့စာရိတ္တကို အခြေအနေတစ်ခုပေါ်မှာကြည့်ပြီး စုတ်ပြတ်သွားအောင် ရှုံ့ချတာ သိပ်ကိုတရားလွန်တယ် သိလား"
"ခင်ဗျား တော်စမ်း!"
Kinn ခုတင်ပေါ်စွေ့ခနဲရောက်လာကာ Porscheမျက်နှာကိုဆွဲလှည့်၍ ရိုက်ချရန်ရွယ်လိုက်သည့် လက်ကြီးက ကြောက်မက်ဖွယ်။
Porsche မျက်လုံးတွေမှိတ်ချကာ အံကြိတ်လိုက်သည်။
"ရိုက်ချလိုက်စမ်းပါ Anakinnရယ်.. မင်းစကားလုံးတွေက ရိုက်တာထက်တောင် နာဖို့ကောင်းပါတယ်၊ ရိုက်လိုက်စမ်းပါ!"
ပြောလည်းပြော Porsche မျက်နှာကိုလည်း မော့ပေးလိုက်သည်။
"တောက်!"
Kinn Porscheကို ဆောင့်တွန်းပစ်ကာ ရှူးရှူးရှားရှားဖြင့် ထထွက်သွားသည်။ထိုအခါမှ Porsche မျက်ရည်တွေ တစ်ရစ်ချင်း ဝေ့တက်လာသည်။
ကျန်ခဲ့တဲ့အတိတ်ကို ဘာနဲ့ဆေးကြောပစ်ရမလဲ။ဘယ်အရာနဲ့လဲယူပစ်ရမလဲ။
YOU ARE READING
My Ex Husband's Twin Became My Alpha
FanfictionKinnPorsche Fanfiction❤️ Fanfiction သက်သက်မို့ ဇာတ်ကောင်တွေရဲ့စရိုက်ဟာ authorရဲ့ဖန်တီးမှုအပေါ်မှာပဲ ဖြစ်တည်ပါတယ်။အပြင်လောကနှင့်လုံးဝလုံးဝမသက်ဆိုင်ပါ။ ABO type M-preg