Ring.... Ring ... တီ.. တီ.. တီ..
သတိနဲ့နေသည်မို့ Nuu ဖျတ်ခနဲခေါင်းထောင်လိုက်မိပေမယ့် အိပ်ရေးမဝသေးတဲ့မျက်လုံးတွေက စပ်ဖျင်းဖျင်း။
"ဟိတ် ဘာငိုင်နေတာလဲ... ဟိုတစ်ယောက်ဘယ်မှာလဲ သွားခေါ်"
"ရှင်.. ဘယ်တစ်ယောက်လဲဟင်"
"Porsche Pacharaဆိုတဲ့တစ်ယောက်ကိုပြောတာ"
Kinn ခပ်ဆောင့်ဆောင့်ပြောတော့ Nuuက နာရီကို မော့ကြည့်သည်။Kinnပါ လိုက်ကြည့်ဖြစ်သည်။
ည1နာရီထိုးဖို့ 5မိနစ်သာလိုတော့သည်။"အကိုလေး ခေါင်းမူးလို့ အိပ်နေပါတယ် Khun Kinn... Nuu တံခါးဖွင့်ပေးဖို့စောင့်နေတာပါ"
"မလိုဘူး၊ သူ့ကိုသွားခေါ်၊ ပြီးရင် မင်းပြန်မလာနဲ့တော့ ကြားလား"
"ဟုတ်.. ဟုတ်ကဲ့"
အပြင်မှပြန်လာသူ၏ စကားသံတွေကို Porsche ကြားပါသည်။ဒီလောက်ဆူနေတဲ့ အသံတွေနဲ့ ဘယ်သူက အိပ်နေနိုင်မှာလဲ။Nuu ဝင်လာတော့ Porsche တံခါးဝမှာ ရပ်နေပြီးပြီ။
"အကိုလေး.. ဟို.."
"ငါ ကြားတယ်၊ Nuu သွားအိပ်လိုက်တော့"
"ဟုတ်ကဲ့"
Nuuက ဝမ်းသာအားရထွက်သွားရှာသည်။
Porsche အပြင်သို့ စိတ်ပျက်လက်ပျက်ကြည့်မိ၏။တံခါးရဲ့အပြင်ဘက်မှာ ဂျစ်ကန်ကန်ပုံစံနဲ့ရပ်လျက် Porscheထွက်လာတာကို စူးစူးစိုက်စိုက်ကြည့်နေသည့် Alphaရဲ့ပုံစံက ပြေလည်ဖို့မရှိ။
Alphaက Porsche တံခါးကို တွန်းဖွင့်ပြီးတဲ့အထိ ရပ်စောင့်နေသည်။သူဝင်လာပြီး ဖိနပ်ချွတ်နေတုန်း Porsche တံခါးတွေပြန်ပိတ်၍ သော့ခတ်လိုက်သည်။ပြီးတော့ အိမ်ထဲသို့ ဖျတ်ခနဲပြန်လှည့်၍ဝင်လိုက်သည်။
"ကျစ်!! ခင်ဗျား ဘယ်လိုOmegaလဲ"
သူပြောလိုက်တဲ့စကားကြောင့် Porsche မျက်နှာတင်းတင်းနှင့်ပြန်လှည့်ကြည့်လိုက်၏။
"ဘာလဲ"
"ကိုယ့်ယောကျ်ားပြန်လာရင် ဘာလုပ်ရမယ်ဆိုတာ ခင်ဗျားမသိဘူးလား"
YOU ARE READING
My Ex Husband's Twin Became My Alpha
FanfictionKinnPorsche Fanfiction❤️ Fanfiction သက်သက်မို့ ဇာတ်ကောင်တွေရဲ့စရိုက်ဟာ authorရဲ့ဖန်တီးမှုအပေါ်မှာပဲ ဖြစ်တည်ပါတယ်။အပြင်လောကနှင့်လုံးဝလုံးဝမသက်ဆိုင်ပါ။ ABO type M-preg