He's walking red flag
"မင်းရူးနေလား!?"
အသိပြန်၀င်လာတဲ့အချိန် ကော်လံစကဆွဲခွာကာ အဝေးတွန်းထုတ်တော့ geminiက ရီလျက် ငါ့ကိုကြည့်နေတယ်။
Geminiကဘာလို့ဒီမှာရှိနေတာလဲ။မြွေဟောက်ဆိုတာကရောဘာလဲ။အဲ့တာတွေထက် ဘာလို့ငါ့ကိုလာနမ်းရတာလဲ။
အဲ့ကလေးအရပ်ကြီးကအတော်ရှည်လာသည်။ငါ့ကိုပင်ပြန်မိုးနိုင်သည်အထိလေ။ငါကအဲ့လောက်ကြီးပုတဲ့လူလည်းမဟုတ်။
အနက်ရောင်ကိုယ်ကပ်လည်ပိတ်အင်္ကျီလက်တိုကို၀တ်ထားကာ စတိုင်ပန့်ခဲရောင်ကို sneakerနှင့်တွဲစီးထားပြီး ဆံပင်တွေ ကပိုကယိုစည်းထားသည့်ပုံက ဂျစ်ကန်ကန်လူဆိုးကောင်လိုပင်။
ငါနောက်ဆုံးတစ်ခေါက်တွေ့တုန်းကတောင် သေးသေးညှပ်ညှပ်လေးနှင့် အုန်းသီးကေဆံပင်ကိုမှမျက်မှန်ထူကြီးနဲ့အလယ်တန်းကျောင်းသားလေးကဘယ်လိုများပြောင်းလဲသွားတာလဲ?။
"ဘာလဲ ဒယ်ဒီက ကျွန်တော့်ကိုမမှတ်မိဘူးလား ၀မ်းနည်းလိုက်တာ~"
မရေမရာဖြစ်နေသည့်ငါ့လက်တစ်ဖက်အားဆွဲယူကာ လက်ချောင်းကိုလျှာဖြင့်ယှက်လာတာကြောင့် ငါရုန်းတော့သူကရုတ်တရက်ခါးကိုဆွဲဖတ်လာ၏။
"နေ..နေပါဦး"
ရုတ်တရက်ကြီးငါ့စီးပွားရေးကို၀င်ဖျက်ကာ ပိုင်စိုးပိုင်နယ်တွေပါပြုမူနေတာကြောင့် ကိုယ်ကိုရုန်းကာ သူ့လက်တွေကိုတွန်းဖယ်တော့ သူကမဖယ်တဲ့အပြင်ပိုလို့ပင်တိုးဖတ်လာပြန်တယ်။
"ကိုယ့်ကို လွှတ်စမ်းgemini!"
"ဟင့်အင်း~"
လည်ပင်းကိုတစ်ရှုံ့ရှုံ့လာနမ်းနေပြန်တာကြောင့် ငါထိုကောင်လေးရဲ့မျက်နှာအားအတင်းတွန်းဖယ်ရင်း မလွှတ်ပေးတဲ့အဆုံးရွေးချယ်စရာပျောက်ကာ..
ဖြောင်း!
ပါးကိုအားဖြင့်ရိုက်ချလိုက်၏။မျက်နှာတစ်ဖက်လည်ထွက်သွားသည်ထိ အားအတော်ပြင်းသွား၏။ခါးကိုဖတ်ထားသည့်လက်တွေကို ဖြုတ်ချလိုက်ရင်း ငါရိုက်ပြီးမှအားနာသွားမိတယ်။
ဘယ်တုန်းကများငါ့သားကို ရိုက်ဖို့မပြောနှင့်ဆူတောင်မဆူခဲ့ဖူးဘူးမလား။
YOU ARE READING
Trouble I'm in (geminifourth ff✅)
FanfictionA psychopath who obsessed with his naughty honey(18+)။ Fanfiction Total chapter-12 Main characters-geminifourth warning ⚠️ -age gap -SMUT hope you guys enjoy this💓