MY BOY (18+)

4.4K 199 25
                                    

My boy's an ugly crier but he's such a pretty lies

'ဒယ်ဒီ့ ကိုကျွန်တော်ပိုင်တယ်'

ရွေ့လျားနေတဲ့လှုပ်ရှားမှုကိုငါခံစားနေရတယ်။ရီဝေဝေမှုန်ဝါးဝါးအမြင်တို့က ဘာမှန်းမသိတဲ့geminiငါ့လည်ပင်းထဲထိုးစိုက်လိုက်တဲ့ ဆေးကြောင့်ဖြစ်လောက်မည်။

ဒါကဘာလဲ။နှလုံးခုန်သံတစ်ခုကိုရှင်းရှင်းလင်းလင်းကြားနေရတယ်။ငါ့ကိုယ်ကိုတစ်စုံတစ်ယောက်က ပွေ့ထားပြီးရင်ဘတ်ကိုမှီစေထားတာ။

ကားပေါ်မှာဖြစ်လောက်မယ်..။မျက်လုံးတွေကိုဖွင့်ချင်ပေမယ့် ဘယ်လိုမှဖွင့်မရတာကြောင့် ငါ့ခေါင်းတွေကအဆမတန်ပိုမူးလာကာ ပြန်မှေးနေဖို့ကိုသာ တွေးလိုက်တော့သည်။

Geminiကဘာတွေလုပ်ပြန်ပြီလဲ။စူးရှပြီးပြင်းထန်တဲ့ရေမွှေးနံ့က ငါ့ခေါင်းကိုက်မှုကိုပိုဆိုးဝါးစေတယ်။

မခံနိုင်တဲ့အဆုံးမှာ အဲ့ရင်ဘတ်တစ်စုံစီပဲတိုး၀င်ကာ ငါအတင်းမှေးစက်ဖို့ကိုသာ အားကိုးမိတော့၏။အိပ်မက်တွေပဲမက်ချင်တော့တယ်။

အရာရာရဲ့အစကိုပေါ့။ဖြစ်နိုင်ရင် ငါ့ ငါးနှစ်သားလေးနဲ့ရှိခဲ့တဲ့ အချိန်တွေကိုသာနောက်ပြန်ရစ်လိုက်ချင်မိတယ်။အမှားတွေကိုဆင်ခြင်ပြီး ငါက ပြန်ပြင်မိမှာ။

မှားယွင်းနေခဲ့တဲ့အရာအားလုံးကို အစကနေပြန်ပြင်ဆင်ပြီး နတ်ဆိုးတစ်ကောင်ကိုမမွေးမိအောင် ကြိုးစားမိမှာ..။အခုလိုအခြေနေတွေရောက်မလာအောင်ပေါ့။

‌ငိုက်စင်းလာသည့် မျက်၀န်းတွေနှင့်အတူငါဖြည်းဖြည်းချင်းအိပ်ပျော်လာကာ ခံစားနေရတဲ့နာကျင်မှုတွေကိုမေ့ပြီး ငါထပ်မံ ‌အိပ်မိသွားတော့၏။

__________________________

ပြန်နိုးလာတော့ ရောက်နေသည့်နေရာကစိမ်းသက်သက်ရယ်။ထူးခြားတာတစ်ခုက ငါ့လည်ပင်းမှာကြိုးတွေရှိမနေသလို ဘာနဲ့မှချည်နှောင်ထားခြင်းမရှိ။

အဲ့အစား ပိုးဖဲသားညအိပ်၀တ်စုံအဖြူက ကိုယ်ပေါ်မှာရှိနေပြီး  အိစက်စက်ရေမြုပ်မွေ့ယာပေါ်ငါရောက်နေတယ်။

အသင့်ချထားသည့် ဂွင်းထိုးဖိနပ်ကိုစီးလိုက်ရင်းကုတင်ပေါ်ကဆင်းကာ ပတ်၀န်းကျင်ကိုဝေ့ကြည့်မိတော့ ဒါဟာအခန်းအသစ်။

Trouble I'm in (geminifourth ff✅)Where stories live. Discover now