I Told You So 'naughty daddy'

540 75 15
                                    

"ဟော နိုးလာပြီလား?"

နာကျင်မှုနှင့်အတူ နိုးထလာပြီးနောက်ငါ့ကိုယ်ဟာကိုက်ခဲနေပြီး လက်ချောင်းတွေပင်လေးလံနေသလိုပင်။

အားယူပြီးမျက်လုံးကိုဖွင့်။ကုတင်ခေါင်းရင်းကိုမှီပြီးထထိုင်တော့အရင်ဆုံး geminiကိုတွေ့တယ်။သူက ခြေရင်းကတစ်ယောက်ထိုင်ဆိုဖာအနက်ပေါ်ခြေချိတ်ထိုင်နေတာ။

မေးတစ်ဖက်ထောက်ကာ ငါ့ကိုစိုက်ကြည့်နေတဲ့geminiက တစ်ကိုယ်လုံးအနက်ရောင်ဆင်ထား၏။၀တ်ထားတာလည်ပိတ်ဖြစ်တဲ့အပြင် ဂုတ်ထောက်နေတဲ့ဆံပင်တွေဟာ ရေချိုးပြီးခါစမို့ ဖွာကာ ပွနေ၏။

ပုံမှန်ထက်ပိုအေးစက်နေတဲ့လေထုနဲ့အတူ ငါgeminiကိုမကြည့်ချင်တော့ကာ ပေါက်ပြဲနေတဲ့အောက်နှုတ်ခမ်းကိုကိုက်ပြီး တစ်ဖက်သို့မျက်နှာလွဲလိုက်သည်။

"ဟက်"

ခြေသံကြားတယ်။အဲ့နောက်တံခါးဆောင့်ပိတ်သံနှင့်အတူအခန်းဟာရုတ်တရက်တိတ်ဆိတ်သွားသလိုပင်။အရှေ့သို့မျက်နှာပြန်မူတော့ သူမရှိတော့။

ကျိုးကြေမတတ်နာနေသည့်ခါးနှင့်အတူ ကုတင်ပေါ်ကအဆင်း အောက်ခံဘောင်းဘီတိုနှင့်သူ့ရှပ်အင်္ကျီအကြီးကြီးကိုသာ ၀တ်ပေးထားတာကြောင့် ငါသက်ပြင်းချမိသည်။

အခန်းပြင်မထွက်ခင် အရင်ဆုံးအပြင်ကိုကြည့်သည်။ဘာအရိပ်ယောင်မှမတွေ့မှ အောက်ဆင်းလာတော့ ဖန်လှေကားပေါ်မှာ သွေးစအချို့ကိုတွေ့၏။

ငါရုတ်တရက်ရင်ထဲထိတ်လန့်သွားသည်။အဲ့နောက်ဖြည်းဖြည်းချင်းအောက်ဆင်းလာတော့ ‌ပန်းအိုကွဲစတွေ၊ရိုက်ခွဲခံထားရတဲ့ ပရိဘောဂတွေနဲ့ ပွပလဲနေတဲ့ဧည့်ခန်းကိုတွေ့သည်။

Geminiလုပ်ထားတာလား?။ဖန်ကွဲစတွေကိုရှောင်ရင်း အောက်ဆင်းလာတော့ kitchen counterကချက်ပြုတ်သံတွေကိုငါကြားသည်။

မသိမသာ သွားကြည့်တော့ geminiကနောက်ကျောပေးထားပြီး တစ်ခုခုကိုကြော်လှော်နေ၏။အဲ့နောက်ထောင့်အကွယ်လေးမှာ ရပ်နေသည့်ငါ့ကိုတစ်ချက်ကြည့်လာပြီး ပြုံးတယ်။

ဂတ်စ်ပိတ်သံနှင့်အတူ ပန်းကန်ဖြူပေါ် ပါစတာတွေကိုလှလှပပထည့်ပြီးနောက် ထမင်းစား စားပွဲပေါ်ချပေးတယ်။အသင့်ပြင်ထားတဲ့နို့ခွက်နဲ့ပါစတာ။

Trouble I'm in (geminifourth ff✅)Where stories live. Discover now