manhattan blue

591 85 19
                                    

Given and taken။

"ကျွေးတဲ့လက် ပြန်ကိုက်ချင်နေတာ အဲ့ခွေးကောင်"

အစအနလေးတောင် မကျန်ပျောက်သွားသည့်ကုမ္ပဏီသူဌေးတစ်ယောက်က ထိုးကျနေတဲ့ရှယ်ယာတွေနဲ့ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို လျစ်လျူရှုပြီး vocation ထွက်နေသည်တဲ့လား။

ဥက္ကဌကြီးဖြစ်သူမှာ လက်ထဲကဆေးလိပ်အား မီးသပ်လိုက်ရင်း ဖုန်းလုံး၀မကိုင်သည့်fourth nattawatကိုအမှုန့်ကြိတ်ပစ်ချင်လာသည်။

ငါကျွေးလို့လူဖြစ်လာတဲ့ကောင်ကများ။မိတ်ဆက်ပေးတဲ့မိန်းကလေးနဲ့မယူပဲ အပျော်မယ်တစ်ယောက်နဲ့လက်ထက်သွားပြီးကတည်းက အကျင့်တွေစပျက်လာတာ။

နဂိုကတည်းက ပြေလည်တဲ့ဆက်ဆံရေးမျိုးသူနှင့်fourthကြားမှာမရှိပေ။သူတို့ဟာအနီးကပ်ဆုံးရန်သူတွေဖြစ်ကြသည်။

ဘယ်အချိန်မှာ တစ်ယောက်ယောက်ဘက်က စလှုပ်ရှားပြီး ကစားပွဲကိုအနိုင်ယူမလဲမသိပေမယ့် fourth nattawat ခွေးကောင်ပျောက်သွားပြီးကတည်းက သူ့မှောင်ခိုလုပ်ငန်းတွေဖြတ်လု‌ခံနေရတာ။

အရင်တစ်ခေါက်က ကွန်တိန်နာ။အခုကျပြန်လည်း
ဟောင်ကောင်သို့သွားမည့် ဘိန်းဖြူနှင့်ဆေးဝါးအချို့ဟာ လမ်းမှာလူတစ်အုပ်လုတာခံလိုက်ရသည်။

ဒါဟာနှစ်ယောက်မရှိfourth nattawatပဲဆိုတာသူယုံသည်။  Jirochtikulမိသားစုရဲ့ မှောင်ခိုလုပ်ငန်းတွေကိုသိသည်မှာ အဲ့ကောင်တစ်ကောင်ပဲရှိတာ။

ကြားထဲထိန်းမရသိမ်းမရဆိုးနေ‌သည့် အိမ်ကစောက်ကောင်ကြောင့် သူ့မှာသတင်းတွေမနည်းလိုက်ဖုံးဖိရင်း အလုပ်ဘက်ကို မလှည့်နိုင်ဖြစ်နေတာ။

အဘက်ဘက်က‌နေပြဿနာတွေကရောက်လာပြီး ပုံချပစ်လို့ရမည့်fourth Nattawatကလည်းအဆက်သွယ်ကိုပြတ်သွားတာကြောင့် နားထင်ကိုဖိနှိပ်ရင်းသာ အကြံအစည်တွေထုတ်နေရတော့သည်။

"ဥက္ကဌကြီး ဧည့်သည်လာပါတယ်"

အပြင်ဘက်ကအတွင်းရေးမှုး အသံကြောင့်စိတ်ပိုရှုပ်သွားကာ သက်ပြင်းတစ်ချက်ချလိုက်၏။

"ပြန်လွှတ်လိုက် ငါမအားဘူး"

"ဒါပေမယ့်_"

စကားရှည်နေသည့်အတွင်းရေးမှုးစကားသံမဆုံးသေး တံခါးကိုဝုန်းခနဲ ဖွင့်သံနှင့်အတူကြားလိုက်ရတဲ့သီချင်းညည်းသံကြောင့် မျက်ခုံးတစ်ချက်ပင့်ကာ chair ကိုလှည့်လိုက်တော့ မမျှော်လင့်ထားတဲ့ မျက်နှာကြောင့် အံ့ဩသွားသည်။

Trouble I'm in (geminifourth ff✅)Where stories live. Discover now