Hide and seek (18+)

4.2K 182 29
                                    

"များများစားလေဗျာ ဒယ်ဒီသေးသေးလေးဖြစ်လာပြီ"

လှီးဖြတ်ထားတဲ့steakကိုကြည့်ရင်း လှုပ်ရှားနေတဲ့ငါ့လက်တွေမှာနှေးကွေးစွာ။မျက်နှာချင်းဆိုင်တွင်ထိုင်ကာ မေးထောက်ကြည့်နေတဲ့ geminiက ပြုံးနေသည်။

ခြေထောက်မှာခတ်ထားတဲ့သံကြိုးနဲ့ ပိတ်လှောင်ခံထားရတဲ့ဒီအိမ် သာဟုတ်မနေလျှင်ငါတို့ဟာ သာမာန်ထမင်းဝိုင်းလေးမှာလိုပင်။

သက်ပြင်းတစ်ချက်ချပြီး အသားကိုထိုးကာတစ်လုတ်စားတော့ geminiက မျက်လုံးတွေမှေးကာ ပို၍ပြုံးလာတယ်။

ဒီမှာပိတ်မိနေတာ ဘယ်လောက်ရှိပြီလဲငါမသိတော့ဘူး။နိုင်ကွက်ကိုရသည်နှင့် geminiက ငါ့ကိုချုပ်ထားတာ။အကုန်သူ့သဘောတိုင်းကြီးပဲ။

သတင်းတွေတော့ ပေးကြည့်ပေမယ့် လိုင်းတွေဟာကန့်သတ်ထားတာကြောင့် ငါကြည့်ချင်ရာကြည့်လို့မရ။လောလောဆယ် သူစိတ်ငြိမ်အောင် သဘောအတိုင်းနေပေးနေပေမယ့် ငါဘယ်လိုထွက်ရမလဲတော့ နည်းလမ်းရှာနေမိသေးသည်။

ဒီလိုနဲ့ ပိတ်မိနေလို့မရဘူးလေ။ငါလုပ်စရာတွေအများကြီးကျန်သေးတယ်။ပြီးတော့gemini..။လွှတ်ထားရင်ဖြစ်ချင်တိုင်းဖြစ်နေမှာမလို့ သူ့ကိုမေ့ထားလို့ကမရ။

အခုတောင်အခြေအနေက ‌ဆိုးဆိုးဝါးဝါး။စိတ်ကောင်း၀င်နေပေမယ့် ဘယ်အချိန်ထဖောက်မလဲမသိ။သူအသိစိတ်လွှတ်သွားတဲ့ချိန်တွေဆို ငါ့ကိုလည်ပင်းညစ်ရင်ညစ် မညစ်ရင်သတိလစ်သည်ထိမရပ်မနားsexလုပ်တာ။

Geminiရဲ့စိတ်ကိုငါလည်းနားမလည်တော့ဘူး။တစ်ခါတစ်လေကျ ငိုယိုပြီးထားမသွားဖို့တောင်းဆိုတယ်။ဟော တစ်ခါတစ်ရံကျ လူကိုအရုပ်လိုပဲချုပ်နှောင်ပြီး ထားမသွားရဘူးလို့ အမိန့်တွေပေးတယ်။

မလိုလားအပ်တဲ့ ကတောက်ကစတွေကြောင့်ငါတို့ရန်ဖြစ်ရသည်မှာအကြိမ်ကြိမ်။ထိုအခါတွေ‌ဆို geminiကငါ့ကို ရန်မလုပ်တော့ပဲ ကိုယ့်ကိုကိုယ်သာနာအောင်လုပ်ပြသည်။

အဲ့အချိန်တွေဆို ငါ့ရင်ဘတ်တွေစုတ်ပြတ်သွားသလိုပင်။geminiကိုစိတ်ငြိမ်နေအောင် ငါကသူထားတဲ့အတိုင်းနေမှရသည်။

Trouble I'm in (geminifourth ff✅)Where stories live. Discover now