Overdose

4K 225 28
                                    

Daddy issue။

"ပန်းပန်ပြ"

"ဒယ်ဒီက ယောင်္ကျားလေးလေ ယောင်္ကျားဆိုတာပန်းပန်လို့မရဘူး"

လက်ထဲကချိုးလာသည့်အဆူးတွေနှင့် နှင်းဆီကိုဒယ်ဒီ့စီထိုးပေးပေမယ့် ဥယျာဉ်ထဲက လသာဆောင်မှာထိုင်ကာ အလုပ်လုပ်နေတဲ့ဒယ်ဒီက အသံအေးအေးနဲ့ပြန်ဖြေလာတယ်။

အလိုမကျသလို မျက်ခုံးတွေတွန့်ချိုးမိသွားတော့ဒယ်ဒီက သတိထားမိပြီး ပြုံးလျက် သက်ပြင်းလေးချကာ ငါ့အားဆွဲမရင်း ပေါင်ပေါ်တင်ပေးကာ နားစွင့်ပေးလာတယ်။

"ဟင်?"

"ပန်ပေးလေ အချစ်ကလေးက ဒယ်ဒီ့ကိုပန်စေချင်တယ်ဟုတ်"

ငါ့မျက်လုံးတွေတောက်ပသွားကာ ဘာကိုမှသတိမမူမိပဲ အဆူးတွေနှင့်နှင်းဆီနီနီကို ဒယ်ဒီ့နားကြားထဲညှပ်ပေးလိုက်၏။

ဒယ်ဒီကတစ်ချက်ကလေးတောင်မနာပြဘူး။သူက လှလား ဟုတောင်ပြုံးပြပြီးမေးလာတယ်။ဒယ်ဒီပြုံးရင် ပါးပေါ်ကမှဲ့ကလေးကပျောက်ပျောက်သွားတာ။

ဒယ်ဒီကအဖြူတွေနဲ့လည်းလှတယ်။မေမေ့ကိုယူတုန်းကလည်းဒယ်ဒီကအဖြူပဲ၀တ်ထားတာ။ဒါပေမယ့်မေမေကပိုလှအောင်၀တ်ထားတယ်။

မေမေ၀တ်ထားတဲ့ ဂါ၀န်ဖြူဖြူကားကားကြီးကတစ်ကယ်လှတာ။ဒါပေမယ့်မေမေကမလှဘူး။မေမေ့ထက်ဒယ်ဒီ့နဲ့ပိုလိုက်မှာ။

အဲ့လိုတွေးမိရင် ဒယ်ဒီကို ငါကိုယ်တိုင်ချုပ်ပေးတဲ့ဂါ၀န်လှလှလေးချုပ်ပေးချင်လာတယ်။ဒယ်ဒီကလှတယ်လေ။အင်္ကျီလှလှလေးတွေချုပ်ပြီး ဒယ်ဒီကငါ့ကို၀တ်ပြမယ်။

"ဒယ်ဒီ ဒယ်ဒီ့ကို လက်ထက်မယ်"

"အယ်? အဟဟ သားကဒယ်ဒီ့ကိုယူလို့မရဘူးလေ"

တစ်ချက်လေးအံ့ဩသွားပြီး ပြုံးကာရှင်းပြလာတဲ့ဒယ်ဒီ့ကြောင့်ငါတွေဝေသွား၏။ဘာလို့လဲ။မေမေ့ကိုချစ်လို့ဆိုပြီးဒယ်ဒီကလက်ထက်တာလေ။ငါ့ကိုမချစ်ဘူးလား?

"ဘာလို့လဲ ဒယ်ဒီသားကိုမချစ်ဘူးလား..?"

ငါ့ကိုဖတ်ပေးထားတဲ့ဒယ်ဒီလက်ကလေးကနွေးတယ်။ကပိုကရိုကျနေတဲ့ဆံပင်ကိုနားကြားထဲညှပ်ပေးရင်း ငါ့နဖူးကိုဒယ်ဒီကတစ်ချက်နမ်းတယ်။

Trouble I'm in (geminifourth ff✅)Where stories live. Discover now