YOU BELONG TO ME

390 71 20
                                    

The player|•the prayer

"ဒယ်ဒီ သားရဲ့mannequinလေးလုပ်ပေးပါနော်"

ငယ်ငယ်ကတော့ချစ်စရာလေး။maid၀တ်စုံအရှည်ကို
မသက်မသာ၀တ်ထားရကာ ကလစ်လှမ်းညှပ်ပေးချင်နေသည့်ကလေးအတွက် ကိုယ်ကို ကိုင်းပေးထားရသည်။

သက်ပြင်းတစ်ချက်ချရင်း မျက်လွှာချထားရာကနေ gemini ကိုကြည့်တော့ သူကသဘောကျနေဟန်။မျက်လုံးလေးတွေထဲကြယ်ကလေးတွေထည့်ထားသလိုမျိုး တစ်လဲ့လဲ့တောက်ပနေလေရဲ့။

ဝါသနာလေးကထူးဆန်းသား။သားကmannequinအရုပ်တွေကိုကြိုက်တယ်။ဒါပေမယ့်ဆိုင်တွေမှာထားတဲ့ မျက်နှာမပါ ပလတ်စတစ်လိုအရုပ်တော့မဟုတ်ချေ။

မိန်းကလေး၀တ်အသုံးအဆောင်တွေ။မိတ်ကပ်တွေနဲ့ အင်္ကျီပုံအမျိုးမျိုးကိုနှစ်ခြိုက်ပြီး သူကြိုက်သလိုဆင်ယင်ကာခြယ်သလို့ရသည့် အရုပ်မျိုးကိုနှစ်သက်ခြင်းသာ။

၆နှစ်အရွယ်လေးမလို့ အခြားကလေးတွေလိုပုံဆွဲတာ၊ဘောလုံးကန်တာတွေမကြိုက်ဘဲ မိန်းကလေးအ၀တ်အစားတွေဖန်တီးရတာသဘောကျတာကြောင့် ငါအံ့ဩမိပါသေးတယ်။

သားကကြီးလာရင် ဒဇိုင်နာကြီးလုပ်မှာတဲ့လေ။ကလေးမလို့လွှတ်ထားလိုက်တာရော၊ချစ်တာရောပါပေါင်းပြီးငါက supportပေးတော့သားကငါ့ကိုသူ့ရဲ့mannequinလေးဖြစ်ပေးဖို့တောင်းဆိုလာလေရဲ့။

အစကတော့ငြင်းတယ်။သူ့အမေကလည်း အမေလုပ်ပေးပါ့မယ်ပြောလည်းမရဘူးပြောတယ်။အိမ်စေအချို့ထဲက ရုပ်လှတဲ့ကောင်မလေးတွေရှာပြီး ပြလဲမရဘူး။

ဟော mannequinအရုပ်အစစ်၀ယ်ပေးပြန်လဲငိုတယ်။အထူးတဲ့အဆုံး ‌မိဘမဲ့ဂေဟာလိုက်ပို့ပြီး သူလိုချင်တဲ့ကလေးမလေးတစ်ယောက်ကိုရွေးခိုင်းကာ မွေးစားမယ်ပြောလဲ ဒယ်ဒီမှဒယ်ဒီတဲ့လေ။

အဲ့မှာ စိတ်ကောက်သွားတဲ့သားက၁ပတ်လောက်ငါနဲ့စကားလုံး၀မပြောဘဲ အခန်းထဲအောင်းကာ ဆန္ဒပြလေရဲ့။ထမင်းလည်းမစား။ရေလည်းမသောက်တာကြောင့် အရေးပေါ်ခန်းရောက်သွားမှပဲ ငါစိတ်လျှော့လိုက်ရတော့တယ်။

ပထမဆုံး အတော်အသင့်တောင့်ဖြောင့်တဲ့ယောင်္ကျားတစ်ယောက်အပေါ် မိန်းမတွေ၀တ်တဲ့အနီရောင်party dress၀တ် ထားရတာ သိပ်တော့ကြည့်မလှ။

Trouble I'm in (geminifourth ff✅)Where stories live. Discover now