"ဒယ်ဒီ သားကိုချစ်လား"
အနက်ရောင် ရင်အုပ်ကျယ်ကြီးကိုမှီရင်းမေးတော့ ငါ့ကိုပေါင်ပေါ်တင်ထားတဲ့ အဲ့လူကပြုံးလာတယ်။ဖတ်ပြနေတဲ့ပုံပြင်စာအုပ်အားပိတ်လိုက်ရင်း ငါ့နှာခေါင်းကိုဆွဲညှစ်လာတယ်။
"ဒါပေါ့ ဒယ်ဒီကမင်းကို ချစ်တာပေါ့"
လှလိုက်တာ..။ပြတင်းပေါက်ကဖြာကျနေတဲ့နေရောင်ကြောင့် ဒယ်ဒီ့အပြုံးတွေက အများကြီးတောက်ပနေတယ်။လက်သေးသေးလေးတွေဖြင့်ဖတ်သွယ်ရင်း ငါမျက်လုံးတွေကိုမှိတ်လိုက်သည်။
ပေါင်တစ်ဖက်ပေါ်တင်ထားပြီးပွေ့ဖက်ပေးထားတဲ့ဒယ်ဒီ့ရဲ့ကိုယ်သင်းနံ့ကမွှေးမွှေးလေး။
"သားလည်း ဒယ်ဒီ့ကိုချစ်တယ်! အချစ်ဆုံးပဲ.."
ဒယ်ဒီရဲ့ရီသံကချိုချိုမြမြလေး။ဒယ်ဒီကမေမေ့ကြောင့်ငါ့ကိုချစ်ချင်ယောင်ဆောင်နေတာမဟုတ်ဘူး။ဒယ်ဒီကငါ့ကိုချစ်တာ။
နှစ်လိုဖွယ်ပြုံးလိုက်ရင်း ဒယ်ဒီစီကလာတဲ့ချိုရှရှအမွှေးနံ့ကလေးကို ငါတစ်ရှုံ့ရှုံ့ရှူတော့ဒယ်ဒီကရီပြီး'ခွေးပေါက်လေး' ဟု ခေါ်ကာ ခေါင်းကိုပုတ်ပေး၏။
သဘောကျသည်။ဒယ်ဒီကငါ့ခေါင်းကိုပွတ်ပေးသည့်အခါတွေကိုငါသဘောတအားကျတယ်။အဲ့တာက ညှင်ညှင်သာသာလေးနဲ့ နေလို့ကောင်းတာကြောင့်။
"ကိုနဲ့သားက ဒီမှာကိုး"
မျက်လုံးမှေးကာ ဒယ်ဒီကိုမှီကာဇိမ်ခံနေတုန်းကြားလိုက်ရသည့်မေမေ့အသံကြောင့် ငါစိတ်အနှောင့်ယှက်ဖြစ်သွားသည်။
"ပြန်လာပြီလား ယူရာ လိုချင်တာတွေရော၀ယ်ခဲ့ပြီလား?"
ဒယ်ဒီက ပြုံးရင်းမေးတော့ ဂါ၀န်တိုတို၀တ်ထားတဲ့မေမေက ခေါင်းငြိမ့်ပြကာ ဒယ်ဒီ့အနားလျှောက်လာပြီး နောက်ကနေပခုံးကို ကိုင်လျက် တစ်ချက်ငုံ့နမ်း၏။
အင်္ကျီစကိုတင်းကိုင်လိုက်ရင်း ငါစူပုတ်လာတာကိုဒယ်ဒီကသတိထားမိတော့ ရီတယ်။အဲ့နောက်'ထမင်းစားကြမယ်'ဟုဆိုပြီး ငါ့ကိုပွေ့ချီသွားသည်။
ဒယ်ဒီဟာ ငါ့ကိုအလိုလိုက်သည်။မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ ဒယ်ဒီကငါ့ဘက်ကပဲဖြစ်၏။ပြီးတော့ နည်းနည်းလေးမှအထိမခံပင်။
YOU ARE READING
Trouble I'm in (geminifourth ff✅)
FanfictionA psychopath who obsessed with his naughty honey(18+)။ Fanfiction Total chapter-12 Main characters-geminifourth warning ⚠️ -age gap -SMUT hope you guys enjoy this💓