My psychopath son

3.5K 182 28
                                    

Devil roll the dice, angel roll his eyes။

"ဒယ်ဒီ သွားရဲတယ်.."

"မလုပ်နဲ့ gemini!!!"

လည်ပင်းပေါ်ဖြတ်ချလိုက်သည့် ကပ်ကြေးချွန်ချွန်နှင့်အတူ ငါလျင်မြန်စွာ ပြေးကာ ယိုင်ကျသွားသည့်ကလေးရဲ့ကိုယ်ကိုပြေးပွေ့လိုက်၏။

သွေးတွေက အများအပြား။ည၀တ်အင်္ကျီဖြူလေးပေါ်မှာလည်းပေပွကုန်ကာ ငါဘာမှမတွေးမိတော့ပဲ ငိုယိုမိကာ သွေးအလွန်အကျွန်မထွက်ခင် ဒဏ်ရာကိုဖိပေးထားမိတယ်။

"ဆေးရုံကားခေါ်! အိမ်တော်ထိန်း! အိမ်တော်ထိန်းဆေးရုံကိုဆက်လို့!!!!!"

စိုးရိမ်တကြီးအော်သည့်ငါ့အသံနက်ကြောင့် ပြာသလဲလဲဖြစ်ကာ ထိတ်လန့်နေသည့် အိမ်စေတွေနှင့်အိမ်တော်ထိန်းက ကြောင်နေတာကြောင့် ဘာမှဆက်မတွေးတော့ပဲ ကလေးကိုပွေ့ချီကာ ငါအမြန်ပြေးမိတော့သည်။

အသင့်မပြင်ထားသည့် ကားဒရိုင်ဘာကြောင့် ကိုယ်တိုင်သာ မောင်းကာ limitကျော်သည်ထိအရှိန်တင်ကာ စိတ်လောလောနှင့်မောင်းချလာမိ၏။

လက်မောင်းထဲက ကလေးဟာသွေးတွေနှင့်လှဲနေသည်။ခဏပဲ..ခဏလေးပဲ..။

အချိန်သိပ်မကြာလိုက် ဆေးရုံသို့ရောက်သည်နှင့် ကားပေါ်ကဆင်းကာ ကလေးငယ်ကိုပွေ့ချီရင်း အရေးပေါ်ခန်းကိုပြေးလာတော့ ဆရာ၀န်တွေက ထိတ်လန့်ကာ ငါ့အနားသို့အုံ့လာကြ၏။

"သွေးထွက်လွန်နေပြီ! အရေးပေါ်ခန်း၀င်ဖို့ပြင်!!"

ငါ့လက်ထဲက geminiလေးကို ဆရာ၀န်တွေလက်လွဲယူသွားသည့်တိုင် ငါ့စိုးရိမ်စိတ်တို့ကမပျောက်သေး။ဆို့တတ်နေသည့် ရင်ဘတ်နှင့်အတူ ရှိုက်ငိုမိတော့သည်။

ငါကြောင့်ဖြစ်တာ။ငါကတိမတည်လို့။ငါကပေါ့ပေါ့တန်တန်တွေးခဲ့မိလို့..။ငါ့ကလေးကထိခိုက်ရတာ။ငါဆေးရုံရောက်ပြီး ခဏအကြာမှ အိမ်တော်ထိန်းနှင့် ဇနီးဖြစ်သူကရောက်လာတယ်။

အရေးပေါ်ခန်းရှေ့မှာ ငူငူငိုင်ငိုင်ကြီးထိုင်နေတဲ့ငါ့ကို ဇနီးဖြစ်သူကနှစ်သိမ့်ပေးပေမယ့် ငါ့စိတ်ကပြေသွားခြင်းအလျင်းမရှိ။

နာရီပေါင်းများစွာကြာတဲ့ထိ မလှုပ်မယှက်ထိုင်နေရင်း သားဖြစ်သူကို ငါတုန်ရီစွာ အရေးပေါ်ခန်းရှေ့တွင် ထိုင်စောင့်နေမိ၏။

Trouble I'm in (geminifourth ff✅)Where stories live. Discover now