Sweet as hell (18+)

5.9K 267 36
                                    

"gem..ကိုယ်ပြောတာနားထောင်ဦး.."

"ဟင့်အင်း~"

လည်ပင်းကချည်နှောင်ခံထားရတဲ့သံပတ်ချိန်းကြိုးနှင့်အတူ မျက်လုံးအားအုပ်ထားသည့် အနက်ရောင်စကြောင့်ငါဘာမှမမြင်ရပေ။

အစောတုန်းက ငါတို့ကြားကတောက်ကစတွေဖြစ်သွားပြီး geminiကငါ့ခေါင်းအားပန်းအိုးနှင့်ရိုက်ချပစ်တာကြောင့်ငါသတိလစ်သွား၏။

အခုပြန်နိုးလာပြန်တော့လည်းအမှောင်ကျနေတဲ့မြင်ကွင်းတာဖြစ်ပြန်တယ်။ကုန်းရုန်းထရင်း ငုတ်တုတ်ထိုင်ကာ စမ်းတဝါးဝါးလုပ်တော့ ဒါကကုတင်ပေါ်မှာပင်။

လည်ပင်းအားစမ်းကြည့်တော့ ခပ်မာမာအေးစက်စက်အရာတစ်ခုကိုခံစားမိသည့်အခါ geminiငါ့ကိုသံပတ် ပတ်ထားမှန်းသိလိုက်၏။

"ဟင်း.."

သက်ပြင်းတစ်ချက်ချရင်းဒီကလေးဘာတွေလုပ်နေမှန်းငါနားမလည်တော့ပေ။ရောက်ကတည်းကထူး‌ဆန်းနေတဲ့‌အဲ့ကောင်လေးက အခုလည်းငါ့ကိုဖမ်းထားပြန်တယ်။

ဂျာမနီမှာရှိတုန်းကလဲအဆက်မခံ။အတင်းပို့လိုက်တာကြောင့်သူစိတ်ဆိုးမယ်မှန်းသိပေမယ့် ဒီအချိန်ထိအဲ့တာကိုစိတ်ဆိုးနေမယ်ဆိုရင်တော့မဟုတ်သေးဘူးလေ။

ပြီးတော့ဒါကဘာတွေလဲ။ငါ့သက်တမ်းတစ်လျှောက်ဒါမျိုးတစ်ခါမှမကြုံဘူးပေ။ပြန်ပေးဆွဲခံရတာတောင်လက်နောက်ပစ်ပြီး ကြိုးချည်ခံရရုံပဲရှိတာ။

ကုတင်ပေါ်တွင် ခြေထောက်နှစ်ဖက်နောက်ပစ်ပြီးထိုင်ကာ မျက်နှာပေါ်ကစည်းထားသည့် အမဲစကိုဖြုတ်ဖို့လုပ်လိုက်၏။

မိနစ်အနည်းငယ်အချိန်ယူလိုက်ပြီး ဖြည်ချလိုက်သည့်အခါ ငါ့အမြင်တွေကဝေဝါးဝါးရယ်။မျက်တောင်နှစ်ချက်လောက်ခတ်ပြီးမှ ပြန်ဖွင့်တော့ငါပိုလို့ပင်စိတ်ရှုပ်သွားတယ်။

"ဒါဘာတွေလဲ.."

အနက်ရောင်အသားကပ်ခြေအိတ်ကိုပေါင်ရင်းထိ၀တ်ထားပြီး ကိုယ်ပေါ်ကဇာအနားသတ်အနက်ရောင်ကြိုးတစ်လုံး body fitမိန်းမ၀တ်အင်္ကျီက ငါ့ကိုယ်ပေါ်ရောက်နေ၏။

Geminiဘာတွေလုပ်ထားတာလဲ!?

"အို နိုးနေပြီလား"

Trouble I'm in (geminifourth ff✅)Where stories live. Discover now