Chapter - 3

221 46 17
                                    

(Unicode)

"အစ်ကိုထယ်ယောင်း ထပါဦး"

အခန်းတံခါးကိုလာခေါက်ရင်း နှိုးလာသူကြောင့် ကျောင်းပိတ်ရက်မို့နေမြင့်တဲ့အထိအိပ်မယ့် ထယ်ယောင်းရဲ့အစီအစဉ်လေးတွေ ပျက်စီးသွားရတယ်...။ ဘာလဲကွာ... စောစောစီးစီး...။

"ဘာကိစ္စလဲ ယောင်းဂျူ... အစ်ကိုအိပ်ချင်သေးတာကို"

အိပ်ချင်မူးတူးနဲ့ပင် တံခါးသွားဖွင့်ပေးလိုက်ပြီး အပြင်မှာရပ်စောင့်နေတဲ့ ယွန်းဂီရဲ့ညီအငယ်ဆုံးလေး မင်ယောင်းဂျူကို ထယ်ယောင်းမေးလိုက်တယ်...။

"အမေက နှိုးခိုင်းလိုက်လို့လေ... မီးဖိုခန်းထဲကိုလာခဲ့ပါဦးတဲ့"

"ဟင် ဘာလို့လဲ...??"

"ကျွန်တော်လည်းမသိဘူးလေ... ဝါး အဲ့ဒါဟိုတ‌လောကမှ အသစ်ထွက်တဲ့အရသာမဟုတ်လား... ကျွန်တော့်ကိုတစ်ထုတ်ကျွေးနော်"

ပိုင်စိုးပိုင်နင်းနဲ့ အခန်းထဲအတင်းဝင်ကာ ထယ်‌ယောင်းရဲ့မုန့်ထုတ်တွေကို ယူသွားတဲ့ယောင်းဂျူကို ထယ်ယောင်းမတားလိုက်နိုင်ပါ...။ ကလေးဆိုတော့လည်း ပြောရအခက်သား...။

ထယ်ယောင်းလည်း မျက်နှာသစ် ကိုယ်လက်ဆေးကြောပြီးတော့ မီးဖိုခန်းထဲကိုဝင်လာလိုက်လေတယ်....။ မီးဖိုခန်းထဲမှာတော့ ယွန်းဂီရဲ့အမေက ချက်ပြုတ်ဖို့ပြင်ဆင်နေပြီး ယွန်းဂီရဲ့ညီမလေးကတော့ ဘေးကနေ ကူပေးနေလေတယ်...။

"အမေခေါ်တယ်ဆိုလို့"

"အေးလေ... မနက်စာအရင်စားလိုက်ဦး... ပြီးရင် နေ့လည်စာချက်ဖို့ အမေ့ကိုဝိုင်းကူပေး"

ထယ်ယောင်းတစ်ယောက် ဟင်းချက်ဖို့ကူရမယ်ဆိုတော့ လန့်ဖြန့်သွားတယ်...။ သူဘယ်တုန်းကမှ ဟင်းချက်ဖူးတာမဟုတ်ဘဲ...။ မိဘအိမ်မှာနေတုန်းကလည်း အဆင်သင့်စားလာတာလေ...။

"ဟို... ကျွန်တော်မှ ဟင်းမချက်တတ်တာ"

"ဘယ်သူကမှ မွေးကတည်းက မတတ်ပါဘူး... ထယ်ယောင်းက ဒီအိမ်သားဖြစ်နေပြီမဟုတ်ဘူးလား... ဒီအိမ်မှာက အိမ်သားတိုင်း အိမ်အလုပ်ကူလုပ်‌ပေးရတယ်... ‌ယောင်းဂျူတောင်မှ ခြံထဲမှာသန့်ရှင်းရေးလုပ်ရတာပဲ... ထယ်ယောင်းလည်း နည်းနည်းပါးပါးလုပ်ပေးပေါ့... အမြဲအိပ်နေရင် သွေးလေးလိမ့်မယ်... ကိုယ်ဝန်သည်ဆိုတိုင်း ခုလိုပဲအမြဲအိပ်နေတာမကောင်းဘူး"

Unstoppable Marriage Donde viven las historias. Descúbrelo ahora