Chapter 6

158 20 0
                                    

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 6

လူနာသည် မနက်အစောကြီးကတည်းစ ဆိုင်ယာ နှင့် ပြောဆိုဖြေရှင်းခဲ့ရပြီး သူမ၏ ခရီးအတွက် ပစ္စည်းများဝယ်ရန် အပြင်ထွက်ရသေးသောကြောင့် အိမ်ပြန်ရောက်သောအခါတွင် အလွန်မောပန်းနေခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုမျိုးမစစ် ဖယ်ဆန် သည် ဘယ်ရွန်စံအိမ်သို့ ထပ်မံရောက်ရှိလာခဲ့ပြီး လူနာ၏ စိတ်ကို လုံးဝဖျက်စီးလာခဲ့သည်။

သူသည် ကျေနပ်စွာပြုံးပြီးပြောလာသည်။

"ဆိုတော့ မင်းအခုပြန်လာပြီပေါ့"

ဖယ်ဆန်သည် လူနာ၏စိတ်ကိုလာဆွလာခဲ့သည်။

လူနာသည် စိတ်တိုလွန်းပြီး ဘာလုပ်ရမှန်းမသိတာကြောင့် သူ့ကိုပစ္စည်းများဖြင့်ပစ်ပေါက်ခဲ့သည်။ဖယ်ဆန်သည် လူနာ့ကိုတားရန် ရုန်းကန်လာခဲ့သော်လည်း နောက်ဆုံးမှာတော့ ကိတ်မုန့်ကိုသာထားခဲ့ပြီးပြန်သွားခဲ့သည်။

ထို့ကြောင့် တစ်ရက်အတွင်း မြို့တော်မှ ထွက်ခွာရန် ပြင်ဆင်ပြီးနောက် လူနာ သည် ငှားထားသော ရထားပေါ်တက်ကာ သူမအဖေကို နှုတ်ဆက်ခဲ့သည်။

သူမ၏ဦးတည်ရာမှာ ရွှေတွင်းရှိသည့် ပဲလ်နယ်မြေဖြစ်သည်။ သူမကိုယ်တိုင် ရွှေတူးပြီး ဆိုင်ယာ၏ မျက်နှာအား ပိုက်ဆံများဖြင့် ပစ်ပေါက်ရန် ရည်ရွယ်ပြီး ဖယ်ဆန်အား  အနိုင်ယူရန် ကိုယ်ရံတော် ဒါဇင်ပေါင်းများစွာကိုလည်း ငှားရမ်းလိမ့်မည်ဖြစ်သည်။

"သမီးပြန်လာခဲ့ပါ့မယ်"

ဖယ်ဆန်ကိုရှောင်ဖို့ရာ လူနာသည် မနက်စာတောင်မစားဘဲ ထွက်သွားဖို့ဆုံးဖြတ်ခဲ့သည်။ ဘယ်ရွန်မြို့စား သည် သူမ၏ စရိတ်စကများအတွက် ငွေကြေးအမြောက်အမြားကို စုဆောင်းပြီး ခရီးစရိတ်အဖြစ် လွှဲပြောင်းပေးခဲ့ကာ မလုံလောက်မည်ကို စိုးရိမ်နေခဲ့သည်။

လူနာသည် သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး အလဟသမဖြစ်ခင် သူမလက်ထဲသို့ ပဲလ်နယ်မြေကျရောက်သွားသည့်အတွက် ကျေးဇူးတင်မိသည်။ထို့အပြင်သူမသည် ဖခင်ဖြစ်သူအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ဘူးWhere stories live. Discover now