Chapter 12

123 21 0
                                    

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 12

လူနာသည် မနေ့ည၌  ဘယ်ရွန်မြို့စားနှင့် အချိန်အတော်အတန်ကြာအောင် ကိစ္စအမျိုးမျိုး ဆွေးနွေးခဲ့ပြီး နောက်ကျမှ အိပ်ယာဝင်ခဲ့သောကြောင့် နောက်တစ်နေ့တွင်ကောင်းကင်၌ နေမြင့်နေပြီးမှသာ နိုးလာနိုင်ခဲ့သည်။

"ဖေဖေရော ဘယ်မှာလဲ"

"ဘယ်ရွန်မြို့စားလား...ခါတိုင်းလိုပဲအလုပ်သွားတယ်လေ သခင်မလေး.."

ကံကောင်းထောက်မစွာဖြင့် လူနာကဲ့သို နောက်ကျမှအိပ်ရာဝင်ခဲ့သော ဘယ်ရွန်မြို့စားသည် အလုပ်သို့ အချိန်မှန်သွားနိုင်ခဲ့သည်။

သူမသည် သူမအဖေကနှုတ်ထွက်ခြင်းနှင့်ပတ်သက်သည့် စကားဝိုင်းကို အောင်မြင်စွာ နိဂုံးချုပ်ပြောကြားနိုင်ဖို့မျှော်လင့်မိသည်။

ထိုအချိန်တွင် သူမ၏စိုးရိမ်ပူပန်မှုများကို ပြေပျောက်စေသည့်သာယာသောရနံ့တစ်ခုသည် လူနာ၏နှာဖျားတိုးဝင်လာခဲ့ပြီးသူမကိုဗိုက်ဆာလာစေသည်။

"ဒါတွေအားလုံးကဘာတွေလဲ"

လူနာသည် မွေးနေ့ပွဲကျင်းပသလိုပင် တည်ခင်းထားသည့်ဟင်းပွဲများကြောင့် အံ့အားသင့်သွားကာ အမ်မာကို မေးလိုက်သည်။ အမ်မာက ယုံကြည်ချက်ရှိရှိပြန်ဖြေလာခဲ့သည်။

"ကျွန်မ နည်းနည်းလေးကြိုးစားထားတာပါ။သခင်မလေးကို ထမင်းမပြင်ပေးရတာက တော်တော်ကြာနေပြီမို့လေ"

"ဒါပေမယ့် ဒါက နည်းနည်းမများသွားဘူးလား..."

ဟင်းခတ်အမွှေးအကြိုင်များဖြင့် ကင်ထားသော ဘဲကင်၊ ပင်လယ်စာမျိုးစုံအပြည့်ဖြည့်ထားသောစွပ်ပြုပ်၊လတ်ဆတ်သောအစိမ်းရောင်အရွက်သုပ်များနှင့် စေ့စေ့စပ်စပ် သန့်စင်ထားသော အသီးအနှံများအားလုံးသည် ထိုနေရာတွင် ရှိနေပေသည်။

"အိုး! ကုန်ကျစရိတ်အတွက် စိတ်မပူပါနဲ့သခင်မလေး။ ဘယ်ရွန်မြို့စားက သခင်မလေးမရှိတော့ သိပ်ကောင်းကောင်းမစားခဲ့ဘူးလေ။ ဒါကြောင့် ဘတ်ဂျက်နည်းနည်းကျန်သေးတယ်"

သူမက ဘက်ဂျက်ကိုစိုးရိမ်နေတာ မဟုတ်ပေ။ဒါက ဒီတိုင်း အကြာကြီးအိပ်ပျော်ပြီး အိပ်ချင်မူးတူးနိုးလာပြီးနောက်တွင် ထိုမျှများပြားသောပမာဏကိုချက်ချင်း မစားနိုင်ခြင်းပင်ဖြစ်သည်။ သိုသော် သူမသည် အစားအသောက်များအား စေ့စေ့စပ်စပ် ပြင်ဆင်ထားခဲ့သည့် အမ်မာ စိတ်ထိခိုက်သွားမည်ကိုစိုးသောကြောင့်ဘာမှထပ်မပြောတော့ပေ။ ထိုကြောင့် လူနာသည် တိတ်တဆိတ်ပဲ အရွက်သုပ်ကိုတစ်လုပ်စားလိုက်သည်။

ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ဘူးWhere stories live. Discover now