ဆိုင်အပြင်ဘက်ပြေးထွက်သွားသော ချမ်းမြှေ့ကိုကြည့်လို့ ဝေယံစိတ်ရှုပ်ရှုပ်နဲ့ခေါင်းပေါ်က ဆံပင်တို့အားဆွဲဖွပစ်လိုက်သည်။အမှန်ဆိုဝေယံဖွင့်ပြောလိုက်ဖို့ အစီအစဉ်မရှိပါ။သို့သော် သူဒီထက်လည်းထပ်ပြီးမြိုသိပ်မထားနိုင်တော့။
"ဟူးးး...မင်းနဲ့တော့ရင်မောရတယ်ချမ်းမြှေ့ရယ်"
ပန်းပွင့်တစ်ပွင့်ဟာ အပင်ပေါ်မှာလှပစွာပွင့်ဖူးနေတဲ့အခါ လူတွေဟာ သဘောကျနှစ်သက်ကြပေလိမ့်မယ်။ထို့နည်းအတူ ထိုပွင့်လန်းလှပနေတဲ့ပုံစံလေးအတိုင်း ကြွေကျသွားခဲ့ရင်တောင် တချို့သောလူတွေကပန်ဆင်ကောင်းပန်ဆင်နိုင်ပေမယ့် ကြွေလွင့်ရုံဖြင့်မပြီးဘဲ ပွင့်ဖက်တို့တစ်ပွင့်ပြီးတစ်ပွင့်ခြွေချခြင်းခံလိုက်ရတဲ့ ပန်းပွင့်ငယ်လေးတစ်ပွင့်။ပွင့်ဖက်တို့စုံလင်ခြင်းမရှိပါဘဲ အကျည်းတန်စွာ အခြွေခံထားရတဲ့ပန်းလေးကို ပန်ဆင်ခြင်ပါတယ်ဆိုရင်တော့ ဒီဟာသသည် မရယ်ရလေဘူးလား။ပန်းပွင့်ငယ်လေးကရော ဘယ်လိုသတ္တိမျိုးနဲ့ ပန်ဆင်ခြင်းမျိုးကိုခံယူဝံ့ပါ့မလဲ။လူတိုင်းက ထိုပန်းပွင့်ငယ်လေးတွေဆိုရင် ဖျက်ဆီးနင်းခြေပစ်ချင်ကြတာလေ။ပန်းပွင့်ငယ်လေးကပန်ဆင်သူအား ဘယ်လိုများယုံကြည်ရပါ့မလဲ။မင်းစကားတွေကရင်ထဲကလာတဲ့စစ်မှန်တဲ့စကားမျိုးဆိုရင်တောင် ငါမယုံကြည်ရဲဘူးဝေယံ။
ဒီနေ့တော့ သူဝေယံဆီမသွားခဲ့ပါ။ဆေးလိပ်အပိုင်းစတွေဟာ တစ်လိပ်ပြီးတစ်လိပ် မြေပြင်ထက်ပစ်ချလို့သက်ဆင်းခဲ့ရသည်။များပြားသောဆေးလိပ်ပမာဏတွေကြောင့် ချမ်းမြှေ့ချောင်းတွေဆိုးလာတော့သည်။သို့သော်သူမရပ်တန့်ပါဘဲ ဆက်ပြီးသောက်နေမိသည်။ဝေယံရဲ့သူ့ကိုချစ်တယ်ဆိုတဲ့စကားတွေကနားထဲကြားယောင်လာသည်။ထိုအခါ ဆေးလိပ်ထိပ်ကမီးစလေးအား စိုက်ကြည့်လို့ ခပ်မဲ့မဲ့လေးရယ်မိသည်။'ချစ်တယ်တဲ့'သူတစ်ခါမှမကြားဖူးခဲ့တဲ့စကားမျိုး။ထိုစကားမျိုးဟာ သူမကြားချင်ဆုံးစကားတစ်ခွန်း။အထူးသဖြင့်ဝေယံဆီကပေါ့...သူမကြားချင်တာထက် မကြားဝံ့တာဆိုပိုမှန်ပေမည်။
အချစ်ဆိုတာကြီးက သူသောက်နေတဲ့ဆေးလိပ်လောက်များ ယစ်မူးစရာကောင်းမနေပါဘဲနဲ့ လူတွေကဘာကြောင့်များ အချစ်ဆိုတာကြီးကို အရူးအမူးဖြစ်နေကြရတာလဲ။
YOU ARE READING
ရမ္မက်နွံထဲဝယ်(Completed)
Romance"အချစ်...ဟက်...အလကားအရေးမပါလိုက်တာ" "အချစ်ဆိုတာ မီးတောက်တစ်ခုထက်မပိုဘူး...အချစ်ဆိုတာရုပ်ရှင်မဆန်ဘူး...အချစ်ဆိုတာ ကဗျာဆန်မနေဘူး....ပြီးတော့အချစ်ဆိုတာ ငါ့အတွက်လည်းမလိုအပ်ဘူး"