"ဝေယံရေ"
ချမ်းမြှကေ့ ကျောက်ကျောဗူးထုတ်လေးကိုဝေ့ယမ်းလို့ ခုန်ပေါက်ကာ ဝေယံဆိုင်ထဲဝင်လာသည်။ဆိုင်ပိတ်ချိန်ရောက်ပြီမို့ ဝေယံကဆိုင်ပိတ်ပြီဆိုတဲ့ဆိုင်းဘုတ်လေးချိတ်ထားသော်လည်း ချမ်းမြှအေ့တွက်တော့ တံခါးအမြဲဖွင့်ပေးထားသည်။
"ရိုးရိုးလာပါချမ်းမြှရေ့ယ်...ငါဆိုင်မပိတ်ပါဘူးကွ"
"ရော့...မင်းအတွက်ကျောက်ကျော...ချိုကဒီနေ့ကျောက်ကျောလုပ်ကျွေးလို့ မင်းစားဖို့အတွက်ငါယူလာပေးတာ"
ချမ်းမြှကေ့သူ့လက်ထဲမှကျောက်ကျောဗူးလေးအား ဝေယံရှေ့ထိုးပေးလာသည်။
"ကျေးဇူးပဲချမ်းမြှေ့"
ဝေယံကကျောက်ကျောဗူးအားယူလို့ ကျေးဇူးတင်စကားဆိုပြီးနောက် ဆိုင်နောက်ဖေးဘက်ဝင်သွားလေသည်။ချမ်းမြှကေ့တော့ သူနဲ့ဝေယံရဲ့ပန်းချီကားရှိရာဆီသွားလို့ ပန်းချီကားလေးအား ကြည့်မဝနိုင်၊ရှု့မဝနိုင်ဖြစ်နေတော့သည်။
ကျောက်ကျောပန်းကန်နှင့်အတူ ခေါက်ဆွဲပြုတ်ပန်းကန်ကိုပါ လင်ဗန်းတစ်ခုထဲထည့်လို့ သယ်လာတဲ့ဝေယံက ထိုဗန်းအားစားပွဲပေါ်ချရင်း ချမ်းမြှအော့းခုံမှာလာထိုင်ရန်လှမ်းခေါ်သည်။
တတ်ကြွတဲ့ခြေလှမ်းတို့နဲ့ချမ်းမြှကေ့ အရင်ကလို့ ထိုင်းမှိုင်းနေတဲ့ပုံစံမျိုးနှင့်လားလားမှမသက်ဆိုင်။
"ပန်းချီကားကဘာတွေများထူးဆန်းနေလို့ခဏခဏ သွားသွားကြည့်နေတာလဲ"
"ငါသဘောကျလို့ပါဝေယံကလည်း"
"အဲဒါဆိုမင်းအိမ်ယူသွားမလားချမ်းမြှေ့"
ဝေယံကရွဲ့သလိုဆိုတော့ ချမ်းမြှကေ့ခေါင်းခါပြသည်။
"မင်းဆိုင်မှာထားတော့ လူတွေအကုန်မြင်ရတယ်လေ...အဲဒါမှ မင်းငါ့အပေါ်ဘယ်လောက်မြတ်နိုးတယ်ဆိုတာ မင်းဆိုင်လာသမျှလူတိုင်းသိမှာ"
ဝေယံကချမ်းမြှကေို့မနိုင်ဘူးဆိုတဲ့သဘောမျိုးနဲ့ခေါင်းသာခါပြသည်။
"မင်းဟာကလည်းအသားနည်းလိုက်တာ"
ခေါက်ဆွဲပန်းကန်ကိုကြည့်လို့ နှာခေါင်းရှုံ့နေသော ချမ်းမြှေ့ကြောင့် ခေါက်ဆွဲပန်းကန်အားဝေယံကြည့်မိတော့လည်း အဲ့သလောက်ထိအသားမနည်းပါ။
YOU ARE READING
ရမ္မက်နွံထဲဝယ်(Completed)
Romantizm"အချစ်...ဟက်...အလကားအရေးမပါလိုက်တာ" "အချစ်ဆိုတာ မီးတောက်တစ်ခုထက်မပိုဘူး...အချစ်ဆိုတာရုပ်ရှင်မဆန်ဘူး...အချစ်ဆိုတာ ကဗျာဆန်မနေဘူး....ပြီးတော့အချစ်ဆိုတာ ငါ့အတွက်လည်းမလိုအပ်ဘူး"