"ဝေယံ"
ဆိုင်ထဲသို့ဝင်လာတဲ့ချမ်းမြှေ့က အပေါ်မှအနွေးထည်အဖြူလေးကိုဝတ်ထားကာ သူ့အားအေးချမ်းစွာပြုံးပြလာသည်။
"စောလှချည်လားချမ်းမြှေ့....ဘာလဲဒီနေ့မင်းလူကြီးနဲ့စောစောပြီးသွားလို့လား"
ဝေယံစကားကြောင့် ရှေ့ဆက်လှမ်းလာတဲ့ချမ်းမြှေ့ခြေလှမ်းတို့ ရပ်တန့်သွားရသည်။ငါသတ္တိရှိဖို့ကြိုးစားခဲ့ရသမျှက မင်းပြောလာတဲ့စကားတစ်ခွန်းနဲ့တင် အလဲလဲအပြိုပြိုဖြစ်သွားပြီဝေယံ။
"မဟုတ်ပါဘူးဝေယံ....မင်းနဲ့စကားပြောချင်လို့ငါစောစောလာလိုက်တာ"
"သြော်"
ဝေယံရဲ့သံရှည်ဆွဲ အာမေဍိတ်သံတို့က သူ့အားခနဲ့နေသလို။'ငါသာပြောင်းလဲပါရစေဝေယံ မင်းကတော့လုံးဝပြောင်းလဲမသွားပါနဲ့ကွာ....ငါမင်းဆီခြေတစ်လှမ်း လှမ်းဖို့ကြိုးစားနေတုန်းမှာမင်းဘက်က ခြေတစ်လှမ်းနောက်ဆုတ်သွားဖို့ မကြိုးစားလိုက်ပါနဲ့'..။
"ခေါက်ဆွဲမမှာတော့ဘူးလားချမ်းမြှေ့"
"အင်း...ငါမင်းနဲ့စကားပြောဖို့"
သူဆိုတော့ ဝေယံကဆိုင်တံခါးအားပိတ်လို့ သူ့ဘေးဝင်ထိုင်လာသည်။ဝေယံအပြုအမူတို့ကြောင့်ချမ်းမြှေ့နှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးလိုက်မိသည်။
ဆိုင်ပိတ်လိုက်တာဟာ ချမ်းမြှေ့စကားပြောနေတုန်းစာသုံးသူတွေလာရင် ထလုပ်ပေးနေရတာနဲ့ ချမ်းမြှေ့စကားတို့ပြတ်သွားမည်ဆိုးသည်ကြောင့်ပင်။
"ပြောလေချမ်းမြှေ့"
"မင်းငါ့ကိုချစ်သေးလားဝေယံ"
ဒီစကားကိုမေးဖို့အတွက် ချမ်းမြှေ့အတော်ကိုအားယူခဲ့ရသည်။
"ငါမင်းကိုမချစ်တော့ဘူးချမ်းမြှေ့...ဟုတ်တယ်ငါမင်းကိုမချစ်တော့ဘူး"
မင်းရဲ့အမေးကို ငါရဲ့စိတ်ခံစားချက်အစစ်အမှန်တို့အတိုင်း ဖြေရင်လည်း မင်းကထပ်ပြီးငါ့ကိုခနဲ့နေမှာမဟုတ်ဘူးလားချမ်းမြှေ့။
"တော်သေးတာပေါ့"
ငါမပြောခဲ့ဘူးလားဝေယံ....ပြည့်တန်ဆာလိုလူကို ဘယ်သူကများကြာကြာချစ်နိုင်မှာတဲ့လဲ...မင်းသာငါ့ကိုချစ်ပါတယ်လို့ ဒီတစ်ခါပဲ ထပ်ပြောကြည့်လိုက်စမ်းပါ....ငါမင်းကိုဘယ်လောက်ထိချစ်ကြောင်းတွေတဝကြီးပြောပစ်လိုက်မှာကွ...မင်းကိုဘယ်လောက်တောင်ချစ်ရတဲ့အကြောင်းပြောပြဖို့စီလာခဲ့တဲ့စာတွေဟာ မင်းရဲ့စကားမှာတင် ဆုတ်ဖြဲခံလိုက်ရပြီဝေယံ။
YOU ARE READING
ရမ္မက်နွံထဲဝယ်(Completed)
Romance"အချစ်...ဟက်...အလကားအရေးမပါလိုက်တာ" "အချစ်ဆိုတာ မီးတောက်တစ်ခုထက်မပိုဘူး...အချစ်ဆိုတာရုပ်ရှင်မဆန်ဘူး...အချစ်ဆိုတာ ကဗျာဆန်မနေဘူး....ပြီးတော့အချစ်ဆိုတာ ငါ့အတွက်လည်းမလိုအပ်ဘူး"