အပိုင်း(၂၈)Unicode

446 13 2
                                    

အသက်အရွယ်ကန့်သက်ချက်များပါဝင်သည့်အခန်းမို့ အသက်မပြည့်သေးသော ကလေးငယ်များဖတ်ရန်မသင့်တော်ပါ

Mature on⚠

ချမ်းမြှေ့နှင့်ချိုစကားကောင်းနေကြရင်း ဆိုင်အနောက်ဘက်ကဝေယံထွက်လာသည်။အောင်ခန့်ကျော်ကိုမြင်တော့ မျက်နှာတစ်ချက်ပျက်သွားတာကလွဲ ချမ်း​မြှေ့ဆီတည့်တည့်ဦးတည်လာ၏။ချိုကဝေယံကိုမြင်တော့ ပြုံးလို့နှုတ်ဆက်၏။ဝေယံကလည်းအသိအမှတ်ပြုသည့်သဘောအနေဖြင့် ပြန်၍ပြုံးပြလာသည်။

"မတွေ့ရတာကြာပြီနော်ချို"

"သုံးလလောက်ပါပဲ"

ချိုကပြောတော့ ချမ်းမြှေ့ကရယ်သည်။

"ချမ်းမြှေ့ငါခေါက်ဆွဲသွားလုပ်ပေးလိုက်အုံးမယ်"

ဝေယံထွက်သွားတော့ ချမ်းမြှေ့ရော၊ချိုရောကပါ အောင်ခန့်ကျော်ထိုင်နေတဲ့စားပွဲဆီလျှောက်လာကြသည်။ချိုကအောင်ခန့်ကျော်ဘေးဝင်ထိုင်ပြီး ချမ်းမြှေ့ကတော့မျက်နှာချင်းဆိုင်ဘက်အခြမ်း၌ဝင်ထိုင်သည်။

"ကိုအောင်ခန့်ကျော်ရောအလုပ်တွေအဆင်ပြေရဲ့လား"

"ပြေပါတယ်ဗျာ...မြဝတီဘက်မှာဆိုင်ဖွင့်ဖို့လုပ်ထားတာလေးတော့ရှိတယ်...​အဲ့အလုပ်တစ်ခုကပဲတော်တော်အချိန်ယူနေတာ"

"ကိုအောင်ခန့်ကျော်တို့ကတော်တယ်နော်"

ချမ်းမြှေ့အပြောကိုသဘောကျသွားသည့်ဟန်။

"အဲလောက်လည်းမဟုတ်ပါဘူးကွာ"

စကားလက်ဆုံကျနေကြရင်းမှ ဝေယံကခေါက်ဆွဲနှစ်ပွဲကိုဗန်းတစ်ခုထဲထည့်ရင်း သယ်လာ၏။

"ကျွန်တော့်ဆိုင်မှာတော့ဧည့်ခံစရာဆိုလို့ခေါက်ဆွဲပြုတ်ပဲရှိတယ်ဗျာ"

"ကိုယ့်လူရောအဆင်ပြေရဲ့လား...ဆိုင်ကဝန်ထမ်းတစ်​ယောက်လောက်တော့ထားသင့်တယ်...မဟုတ်ရင်ကြာရင်သိသာလာမယ်နော်"

"ဒီလိုပါပဲဗျာ...အခုတော့ကျွန်တော့်ကောင်လေးကဝင်ကူပေးတယ်လေ...ဝန်ထမ်းတော့မခေါ်တော့ပါဘူး...ပြီးတော့ကျွန်တော့်ဆိုင်ကလည်းလက်မလည်အောင်ရောင်းနေရတာမျိုးမှမဟုတ်တာ"

ရမ္မက်နွံထဲဝယ်(Completed)Where stories live. Discover now