ဝေယံကအရက်တစ်ခွက်ပြီးတစ်ခွက်သောက်နေသော်လည်း ချမ်းမြှကေ့တော့ ဆက်မသောက်ပါဘဲ ဝေယံသောက်နေသမျှကိုသာ ထိုင်ကြည့်နေလိုက်ပါတော့သည်။
"ချမ်းမြှေ့...မင်းအချစ်ကိုဘယ်လိုနားလည်လဲ"
အာလေးလျှာလေးဖြင့် မေးလာတဲ့ဝေယံစကားမှာ ချမ်းမြှကေ့သူ့မူပိုင်မဲ့ပြုံးလေးကိုချိတ်ဆွဲလာလေ၏။
"ချမ်းမြှေ့!!"
ဝေယံကမော့ကြည့်လာကာ အလန့်တကြားခေါ်တော့
"မင်းနဲ့မတွေ့ခင်အချိန်ထိ၊မင်းကိုမချစ်မိခင်အချိန်အထိ အချစ်ဆိုတာငါ့အတွက် ဘယ်နေရာမှကိုအရေးမပါတာဝေယံ...လူတွေကပြောတယ်သိလား...အချစ်ကလူကိုရူးစေတယ်တဲ့"
"အင်းဖြစ်လောက်မှာပါ...ငါအခုမင်းအပေါ်ရူးနေသလိုမျိုးလေ"
ဝေယံစကားကိုချမ်းမြှကေ့ရယ်သည်။
"အင်း...ငါတို့တွေကအချစ်မှာရူးသွပ်နေကြတဲ့လူငယ်တွေ"
"တစ်ခါတလေတော့မင်းကိုသိစေချင်တယ်သိလားချမ်းမြှေ့...ဘယ်လောက်ထိတောင် မင်းကိုမျှော်နေခဲ့ရတယ်ဆိုတာကိုလေ...မင်းဘာသာအတိတ်မှာဖြစ်ခဲ့တဲ့အရာတွေကို ငါကလျစ်လျူရှုနိုင်ပါတယ်ဆိုတာကို၊မင်းကအပြစ်အနာတွေရှိနေရင်တောင် ငါကမြတ်နိုးပါတယ်ဆိုတာကိုရောပါ မင်းကိုသိစေချင်မိတယ်"
ချမ်းမြှကေ့မျက်ရည်တွေကိုမသုတ်ပစ်ပါဘဲ ဝေယံကိုအမြတ်တနိုးကြည့်သည်။
"ငါသာတန်ဖိုးမဲ့နေရင်မဲ့နေမယ်ဝေယံ...ငါ့အချစ်တွေကတော့ အဲ့လိုမဟုတ်ဘူး...မင်းငါ့အပေါ်ယုံကြည်ပြီးချစ်လို့ရတယ်ဝေယံ...ငါလည်းမင်းကိုယုံကြည်ပြီးချစ်တော့မှာမို့ ငါတို့တွေအချစ်ဆိုတဲ့နွံထဲအတူတူခုန်ဆင်းပစ်လိုက်ကြရအောင်"
ဝေယံကသူ့လက်ကိုဆန့်ထုတ်လို့ လက်ချောင်းတို့က ချမ်းမြှပေါ့းပြင်ပေါ် ဖွဖွလေးထိတွေ့သည်။
"ချစ်လားချမ်းမြှေ့....ငါ့ကိုချစ်ရဲ့လား"
"မင်းထင်ထားတာထက်...မင်းမျှော်လင့်ထားတဲ့ချစ်ခြင်းတွေထက် ငါမင်းအပေါ်ကိုပိုချစ်တယ်ဝေယံရာ"
ဝေယံလက်ချောင်းတို့က ချမ်းမြှနှေု့တ်ခမ်းပါးထံရောက်သွားသည့်အခါ ဝေယံကချက်ချင်းဆိုသလိုလက်ကိုရုတ်ချပစ်လိုက်လေသည်။အသိတရားပျောက်လောက်တဲ့အထိကိုမူးနေတာတောင် သူ့အပေါ်အသားမယူခဲ့တဲ့ဝေယံရဲ့ချစ်ခြင်းမေတ္တာကြောင့် ချမ်းမြှနှေ့စ်နှစ်ခြိုက်ခြိုက်ကိုပြုံးမိလိုက်ပါသည်။
"ဘာလို့လဲဝေယံ...မင်းငါ့ကိုမနမ်းချင်လို့လား"
ဝေယံကခေါင်းခါပြသည်။
"ငါမင်းကိုအရောင်မဆိုးချင်ဘူးချမ်းမြှေ့....မင်းငါ့ကိုချစ်နေပါတယ်ဆိုတဲ့အသိနဲ့တင် ငါရစ်မူးဖို့လုံလောက်သွားပါပြီချမ်းမြှရော့"
အချစ်ဆိုတာဟာလည်းဒါပဲမဟုတ်လေဘူးလား...ခန္ဓာကိုယ်ရဲ့တပ်မက်မှုထက် နှလုံးသားရဲ့တပ်မက်မှုကိုသာ ပိုပြီးအလေးထားသည်...ခန္ဓာကိုယ်ကိုရယူဖို့ထက် နှလုံးသားနဲ့စိတ်ဝိညာဉ်ကိုသာအပိုင်လိုချင်ပါသည်...တွေးလိုက်တဲ့အတွေးတွေတိုင်းကိုယ်ပါနေတာကိုသဘောကျသည်...ချစ်ရသူလိုအပ်တဲ့အချိန်တိုင်း အနားမှာဖြည့်ဆည်းပေးလို့ ကိုယ့်ကြောင့်ချစ်ရသူပျော်ရွှင်ရသည့်အချိန်တွေတိုင်းက ကိုယ့်ရဲ့ပျော်ရွှင်မှုအစစ်အမှန်တွေပါပဲ....။
"ဒါဆိုမင်းငါ့ကိုမထိဘူးပေါ့ဟုတ်လား"
ဝေယံကမဆိုင်းမတွကိုခေါင်းညိမ့်ပြလာသည်။
"ဘာလို့လဲဝေယံ"
"မင်းအနားရှိပေးနေတာနဲ့တင် ငါ့အတွက်လုံလောက်နေပါပြီဆိုမှကွာ"
ချစ်ရသူသာလျှင် အနားရှိနေသည့်အခိုက်အတန့်လေးတိုင်းသည်ကသာ သူ့အပေါ်ပျော်ရွှင်စေရသည်မဟုတ်လား...။
"ဒါပေမဲ့...ငါလိုချင်တယ်ဝေယံ...မင်းရဲ့အထိအတွေ့ကိုငါမက်မောတယ်...ငါ့ကိုထိတွေ့ပေးပါဝေယံ...ငါတို့ဒီညတော့ အသိစိတ်ပျောက်တဲ့အထိကိုချစ်ကြရအောင်"
ချမ်းမြှကေ့အရင်ဝေယံထံတိုးကပ်လိုက်သည်။အသွေးအသားနှင့်တည်ဆောက်ထားသည့်ပုထုဇဉ်လူသားပင်မို့ ချစ်ရသူ၏အထိအတွေ့က သွေးကြောထဲကသွေးများကိုပင် ပြောင်းပြန်စီးဆင်းစေနိုင်သည်။
"ငါဒီထက်ပိုပြီး မင်းအပေါ်မကျူးကျော်မိခင် ရပ်တန့်လိုက်ပါတော့ချမ်းမြှေ့"
"ဟင့်အင်း...ငါတို့အချစ်တိုက်ပွဲကိုဆင်နွှဲကြတာပေါ့ဝေယံ...မင်းကငါ့နယ်မြေကိုအပိုင်သိမ်းလေ"
ချမ်းမြှကေ့မျက်ခုံးတစ်ဖက်ပင့်လို့ ခပ်မဲ့မဲ့လေးဆိုလာသည့်အခါ ကျားတစ်ကောင်ဟာ သူ့ရှေ့ကအသားအား မစားဘဲကျော်သွားသည့်ထုံးစံရှိရိုးလား။ဤညဟာလည်းသေချာပေါက်ကိုညတာရှည်လျားပေဦးမည်။
☁☁☁☁☁
YOU ARE READING
ရမ္မက်နွံထဲဝယ်(Completed)
Romance"အချစ်...ဟက်...အလကားအရေးမပါလိုက်တာ" "အချစ်ဆိုတာ မီးတောက်တစ်ခုထက်မပိုဘူး...အချစ်ဆိုတာရုပ်ရှင်မဆန်ဘူး...အချစ်ဆိုတာ ကဗျာဆန်မနေဘူး....ပြီးတော့အချစ်ဆိုတာ ငါ့အတွက်လည်းမလိုအပ်ဘူး"