အပိုင်း(၁၉)Unicode

323 17 3
                                    

"ချမ်းမြှေ့"

ချိုတိုက်ခန်းထဲဝင်ဝင်ခြင်း ချမ်းမြှေ့ကအိမ်ထဲရောက်နှင့်နေကာ မနက်ကချက်ထားသည့် ကြက်သားဟင်းနှင့်ထမင်းစားနေလေသည်။

"လာချို...ငါနင့်အတွက်ပြင်ပေးထားတယ်"

ချိုလည်းဘာမှမပြောပါဘဲ အိပ်ခန်းထဲဝင်လို့ ရေမိုးအရင်ချိုးကာ အဝတ်အစားအရင်လဲလိုက်သည်။တစ်နေကုန်လေ့ကျင့်ထားတာမို့ လူကချွေးတွေနဲ့ အနံ့အသက်သိပ်မကောင်းသလို  နုန်းလဲနုန်းလို့နေသည်။

ရေမိုးချိုးလို့အပြီး ဆံပင်သေချာဖြီးကား ခေါင်းစည်းလို့ မီးဖိုချောင်ထဲဝင်သွားလိုက်သည်။သူ့အတွက်သေချာခူးခပ်ပေးထားသည့် ထမင်းပန်းကန်လေးကိုကြည့်လို့ ချိုလည်းစားပွဲထက်ဝင်ထိုင်လိုက်ပါတော့သည်။

"အမယ်အကုန်သေချာကိုပြင်ဆင်ပေးထားပါလား"

"ဒါပေါ့...နင်ကမော်ဒယ်ဖြစ်လာတော့မယ်ဆိုတော့ ငါကကြို​ပြီးဖားထားရမယ်လေ"

ချမ်းမြှေ့စကားကိုချိုက တခစ်ခစ်ရယ်သည်။

"တော်ပါ...ဒီအချိန်ကြီးဘာလာလုပ်တာလဲ"

"ငါနင့်ကိုကြွားစရာရှိလို့"

ချိုက'ဘာများလဲ'ဆိုတဲ့သဘောမျိုးဖြင့် မော့ကြည့်လာသည်။

"ဒန်ဒန်ဒန်"

ချမ်းမြှေ့က သူ့ညာဘက်လက်ကလေးကိုမြှောက်ပြလို့ ခါးယမ်းပြသည်။

"ဟယ်...လှလိုက်တာ...ဘယ်ကဝယ်လာတာလဲ"

"ဝေယံပေးတာ...နင်သိလားချို...ဝေယံကလေသူမနက်ကဆိုင်အတွက်လိုတာတွေသွားဝယ်ရင်း စျေးထဲမှာ အဘွားကြီးတစ်ယောက်က ဒီလိုပစ္စည်းတွေလာရောင်းတာတွေ့လို့ ငါ့အတွက်ဝယ်လာပေးလာတာတဲ့မလှဘူးလားချို"

"ဒီလိုပစ္စည်းကိုစျေးထဲမှာဘယ်အဘွားကြီးကလာရောင်းမှာလဲ"

"ဝေယံပြောတာတော့ အဘွားကြီးတစ်​ယောက်လာရောင်းတာတဲ့"

"အေး...နင်ပဲယုံနေလိုက်အဲ့မှာသိလား...ဒီလောက်တန်ဖိုးကြီးပစ္စည်းကို ဘယ်အဘွားကြီးကများစျေးထဲမှာလာရောင်းမှာလဲ...အဲ့ဒါဝေယံကနင်သူပေးတဲ့လက်ဆောင်မယူမှာစိုးလို့ လိမ်တာနေမှာပေါ့"

ရမ္မက်နွံထဲဝယ်(Completed)Where stories live. Discover now