အပိုင်း(၅)Unicode

678 24 0
                                    

တစ်နေကုန်မနားတမ်းလည်ပတ်ပြီး ကောင်လေးအား အိမ်ပြန်ပို့ပေးရတော့မည်။ညနေစာမစားရသည့်ကောင်လေးကိုအားနာသလို ကိုယ်လည်းဗိုက်ဆာလို့နေပြီ။

"မင်းအိမ်ကိုလိုက်မပို့ခင်လမ်းမှာတစ်ခုခုဝင်စားကြမလားကောင်လေး"

"ရပါတယ်ကိုအောင်ခန့်ကျော်...ကျွန်တော်ဘာသာအိမ်ရောက်မှတစ်ခုခုစားလိုက်ပါ့မယ်"

နေ့လည်တုန်းကလည်း နာမည်ကြီးစားသောက်ဆိုင်တစ်ခုမှာ ဧည့်ခံကျွေးမွေးထားပြီးပြီမို့ အခုတစ်ခါတော့ချမ်းမြှေ့ငြင်းလိုက်တော့သည်။

"မင်းဗိုက်မဆာရင်တောင် ကိုယ်တော့ဗိုက်ဆာတယ်ကောင်လေး...ဒီလမ်းမှာအဆင်ပြေတဲ့ဆိုင်တစ်ခုခုဝင်စားကြရအောင်"

ပြောလည်းရမှာမဟုတ်သည့်ထိုလူအား ဘာစကားမှမဆိုတော့ပါဘဲ တိတ်ဆိတ်လို့သာ နေပေးလိုက်တော့သည်။

"အရှေ့ကခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲဝင်စားကြမလား"

ချမ်းမြှေ့ကြည့်လိုက်တော့ ဝေယံရဲ့ခေါက်ဆွဲဆိုင်ဖြစ်လို့နေသည်။

"ဟင့်အင်းကိုအောင်ခန့်ကျော်...အခြားဆိုင်တစ်ဆိုင်မှာစားရအောင်"

"ဘာလို့လဲကောင်လေး...ဆိုင်ပုံစံကလည်းသန့်သန့်ပြန့်ပြန့်ပါပဲ...မဟုတ်မှကောင်လေးကလမ်းဘေးဆိုင်မထိုင်တတ်လို့လား"

"အဲ့လိုမျိုးလည်းမဟုတ်ပါဘူး"

"ဒါဆိုလည်းဒီဆိုင်မှာဘဲထိုင်ရအောင်လေ...ကောင်လေးလည်းဗိုက်ဆာရောပေါ့"

ကားကိုဆိုင်ဘေးထိုးရပ်လို့ ထိုလူက ခါးပတ်ကိုဖြုတ်ကာ ကားပေါ်ကဆင်းသွားသည်။ထို့နောက်သူ့ဘက်ခြမ်းက ကားတံခါးကိုပါလာဖွင့်ပေးတာကြောင့် အားနာသလိုလေးပြုံးပြရင်းသာ ကားပေါ်ကနေဆင်းလို့ ထိုလူနှင့်အတူဆိုင်ထဲဝင်ထိုင်လိုက်သည်။

"ညီလေး...မှာချင်လို့"

ခေါက်ဆွဲပန်းကန်တွေသိမ်းနေတဲ့ဝေယံကို ထိုလူကလှမ်းခေါ်လိုက်သည့်အခါ ဝေယံကသူတို့ဝိုင်းဆီလှည့်ကြည့်လာသည်။ချမ်းမြှေ့ကိုလည်းမြင်ရော အံသြသလိုဖြစ်သွားသည့်မျက်နှာကို ဟန်မပျက်ပြန်ထိန်းလိုက်သည်က စက္ကန့်ပိုင်းအတွင်း။

ရမ္မက်နွံထဲဝယ်(Completed)Where stories live. Discover now