အပိုင်း(၄)Unicode

716 28 0
                                    

အသားမပါဘဲ ကြက်ဥနှင့်သာ ပြုတ်ထားသည့် ခေါက်ဆွဲပန်းကန်လေးက အငွေ့တထောင်းထောင်းထလို့ စားချင်စဖွယ်အတိ။ပထမဆုံးတစ်လုပ်စားကြည့်လိုက်တော့ ခေါက်ဆွဲပြုတ်ရဲ့အရသာက အရင်အသားနှင့်ပြုတ်တုန်းက အရသာနှင့်သိပ်မကွာ။

ငါပြောင်းလဲကြည့်​ပြန်တော့လည်း ဘာလို့များရလဒ်ဟာ သိပ်မကွာရတာလဲ။ဒါဆိုငါ့ဘဝကြီးတစ်ခုလုံးကိုပြောင်းလဲကြည့်ရင်တောင် ရလဒ်က ထိုခေါက်ဆွဲပြုတ်လို ဘာမှသိပ်မကွာနိုင်တော့ဘူးလား။"ဟက်...ခေါင်းဆွဲပြုတ်နဲ့ဘဝက တူမှမတူတာချမ်းမြှေ့ရယ်...ရူးကြောင်ကြောင်အတွေးတွေ တွေးမနေစမ်းပါနဲ့"ဟုကိုယ့်ကိုယ်ကိုသာ ခပ်တိုးတိုးဆိုလိုက်သည်။

"ပြုတ်ထားတဲ့အသားရှိတယ်...ထည့်ပေးရမလား"

ဝေယံစကားကို ချမ်းမြှေ့က ခေါင်းခါလို့ငြင်းသည်။

"မင်းအရသာမတွေ့မှာဆိုးလို့ပြောတာ"

"ရတယ်ဝေယံ...ငါစားလို့ရတယ်"

ခေါက်ဆွဲပြုတ်တစ်ပွဲရဲ့အရသာကိုတောင် ရအောင်မပြောင်းလဲနိုင်ဘူးလို့မင်းထင်နေသလားဝေယံ။

"ဝေယံ"

စားလို့အပြီး သူဝေယံကိုပြောချင်သည်။ငါကြိုးစားပြီးပြောင်းလဲကြည့်မယ်အကြောင်း၊ငါ့ဘဝရဲ့အမဲစက်တွေကိုတဖြည်းဖြည်းချင်း လျှော့ချပစ်မည်ဆိုတဲ့အကြောင်း ငါမင်းကိုပြောပြချင်တယ်ဝေယံ။

"ဒီနေ့မှမင်းငါ့ကိုဘာလို့ခဏခဏခေါ်နေရတာတုန်းချမ်းမြှေ့"

စိတ်မရှည်သလို ထွက်ပေါ်လာတဲ့ ဝေယံရဲ့စကားကြောင့် ချမ်းမြှေ့အံသြသလိုလေးဖြစ်သွားရသည်။

"ဘာမှမဟုတ်တော့ဘူးဝေယံ"

"မင်းငါ့ကိုတစ်ခုခုပြောဖို့မဟုတ်ဘူးလား"

"ဟင့်အင်းဝေယံ...ငါပြန်တော့မယ်ဆိုတာပြောမလို့"

နားမထောင်ချင်တဲ့လူကို ငါကဘာစကားတွေများပြောရပါ့မလဲဝေယံ။ငါသာပြောင်းလဲဖို့ကြိုးစားပေးပါ့မယ်...မင်းကတော့ပြောင်းလဲသွားလို့မရဘူးဝေယံ...မင်းပြောင်းလဲလိုက်လို့မဖြစ်ဘူး။

ရမ္မက်နွံထဲဝယ်(Completed)Where stories live. Discover now