Part.9

166 25 17
                                    

🦋🦋🦋🦋🦋🦋🦋

"အဒေါ်ကြီး ကျနော်ကအခုနကဖုန်းပြောတဲ့တစ်ယောက်ပါ"

"အော်...အေ ဖုန်းဆက်လိုက်ရတာအားနာပါတယ်ကွယ် အဒေါ်လည်း ဘာလုပ်ရမှန်းမသိတော့လို့ ဆိုင်သိမ်းဖို့လည်းနောက်ကျနေပြီ
ခေါ်တာလည်းခေါ်မရလို့ အဲ့ဒါသူ့ဖုန်းထဲက နပါတ် ၁ မှာမှတ်ထားတဲ့ နပါတ်ကိုပဲခေါ်လိုက်ရတာ"

နီခီ စားပွဲပေါ်မှာ ‌ခေါင်းမှောက်နေတဲ့သူကိုလှမ်းကြည့်ရင်း ခေါင်းယမ်းလိုက်မိသည်။သူ့မှာအိပ်ပျော်နေပြီး ၁၁ နာရီကျော်လောက်မှ ဝင်လာတဲ့ ယွန်းဂီ ဖုန်းကြောင့် အိပ်ချင်မူးတူးနဲ့ကိုင်ရင်း ဒီကိုရောက်လာခဲ့တာပဲ။

"ဟို ပိုက်ဆံအိတ်မပါလို့တဲ့ ပိုက်ဆံလည်းမရှင်းသေးဘူး"

"အာ ကျနော်ရှင်းပေးပါမယ် ဘယ်လောက်လဲဗျ"

.
.
.

*ဟင်း ခင်ဗျားလေးကတော့....*

🎀🎀🎀🎀🎀🎀🎀🎀
.
.
.
.
.
.

"အ ခင်ဗျားငြိမ်ငြိမ်နေလေ .…အိပ်ချင်အိပ်နေ.."

"မအိပ်ပါဘူး...လုံးဝမအိပ်ဘူး"

နီခီ ကျောပေါ်က အငြိမ်မနေတဲ့ဟျောင်းလေးကြောင့် လမ်းကိုထိန်းပြီးလျှောက်နေရသည်။သူ့ကိုစီးတော်မြင်းကြီးများမှတ်နေလားမသိပါ၊ဟိုဘက်လှုပ်လိုက်ဒီဘက်လှုပ်လိုက်နဲ့ကျောပေါ်မှာရွစိရွစိလုပ်နေသည်။တချက်တချက်ပခုံးပေါ်သို့ခေါင်းမှီချလာတဲ့အခါ
လည်းပင်ပေါ်သို့ထိစပ်နေတဲ့ဆံပင်မွှေးတွေကြောင့်ကြက်သီးမွှေးညှင်းတောင်ထ‌မိသည်။

"လူယုတ်မာ..အကျင့်မကောင်းတဲ့အကာင်
..ကဲဟာ...ကဲဟာ "

ပခုံးပေါ်သိုလက်သီးစုတ်တွေနဲ့ထုနေတဲ့သူ
ကြောင့် နီခီသွားနေတာကိုရပ်လိုက်ပြီး

"အ လူကိုဘာလို့ရိုက်နေတာလဲ..အ..ခေါင်းကိုမရိုက်နဲ့လေ"

ပခုံးတွေသာမက ခေါင်းတွေကိုပါ ထုရိုက်နေတဲ့သူကြောင့် နီခီအတော်လေးစိတ်ညစ်ရပါသည်။သူ့ဘဝမှာဒီလိုအမူးသမားတစ်ယောက်ကိုကုန်းပိုးပြီးပြန်လိုက်ပို့ရမယ်လို့တခါမှမထင်ထားခဲ့ပေ။အခုတော့ အရိုက်ပါခံနေရသည်။

Stranger (သူစိမ်း)Where stories live. Discover now