Part.15

243 29 0
                                    


🎀🎀🎀🎀🎀🎀🎀🎀🎀🎀

"ဒီကိုဘာလို့လိုက်လာတာလဲ...ငါ့ကိုဘာတွေစိတ်ဒုက္ခပေးအုန်းမလို့လဲ"

"......."

"ဘာလုပ်တာလဲ...ဖယ်စမ်းပါ"

ယွန်းဂီ သူ့ခါးတစ်ဝိုက်ကိုရစ်ပက်လာတဲ့လက်တွေကိုဖယ်ချလိုက်သည်။ရောက်ကတည်းကနေသူ့ဘက်ကသာတတွတ်တွတ်ပြောပြီးမောင်းထုတ်နေသလောက် ဂျောင်ကုဘက်ကတော့ ဘာမှတုန့်ပြန်မှုမရှိခဲ့ပေ။

နှုတ်ကသာတုန့်ပြန်မှုမရှိတာ လူကတော့ သူ့ကိုတောတ်တဲ့တစ်ကောင်လိုကပ်တွယ်နေခဲ့သည်။သူ့အခန်းထဲရောက်တော့လည်းခါးဆီကိုလာဖက်တွယ်ပြီး သူရုန်းလိုက်တော့ အိပ်ယာထက်ဆီကိုဆွဲချရင်းထိုင်စေပြန်သည်။

"ဖယ်စမ်းကွာ...ဂျွန်ဂျောင်ကု.."

ရုန်းလေတိုးဖက်လေမို့ သူငြိမ်ငြိမ်လေးသာထိုင်နေလိုက်တော့ သူ့ပခုံးထက်ကိုခေါင်းလေးမှီချလာပြန်သည်။ရုတ်တရက်ကြီးရောက်ချလာပြီးလူကိုအထူးအဆန်းတွေလုပ်နေသည့်ဂျောင်ကုကြောင့်သူပိုပြီးစိတ်တွေတိုလာရသည်။

စိတ်ကမပါသော်လည်းရင်ဘတ်ကအလိုက်မသိခုန်နေသောကြောင့် သူကိုယ်သူပြန်သတိပေးနေရသည်။ထပ်ပြီးသူရင်ခုန်နေလို့မဖြစ်၊နောက်တစ်ခေါက်ထပ်ပြီးတော့လည်းအသဲတွေမကွဲချင်တော့ပါ။

"ဂျောင်ကု ဘာလို့လိုက်လာတာလဲ..အင့်"

သူ့ကိုအိပ်ယာထက်ဆွဲလှဲလိုက်တဲ့ဂျောင်ကုကြောင့် ယွန်းဂီပြာပြာသလဲရုန်းမိသည်။
ဂျောင်ကုကယွန်းဂီလက်တစ်ဖက်ကိုခေါင်းအုံးလိုက်ပြီး ရင်ခွင်သေးသေးလေးထဲအတင်းတိုးဝင်လာပြန်သည်။

"အိပ်ကြရအောင်ဗျာ...အိပ်ချင်နေပြီ"


"ဘာ"


"ဟျောင်းကြောင့်အိပ်ရေးပျက်ရတာတွေများနေပြီ...အဲ့ဒါကြောင့်ဒီလိုလေးပဲနေပေးပါလား..ကျနော်အရမ်းအိပ်ချင်နေပြီ"

ပြောစရာစကားများပင်ပျောက်ရှသွားပါသည်။သူကပဲအိပ်ရေးပျက်ရတယ်လား ၊ဒါဆိုဒီကောင်ကရော...

တရေးနိုးသတိရတိုင်းထငိုရတာတွေ၊အိပ်နေရင်းလည်းအိမ်မက်ထဲကိုလာပြီးနှောင့်ယှက်တတ်တာတွေ...ငါကရော မင်းကြောင့်အိပ်ရေးမပျက်ဘူးလို့ထင်နေတာလား ဂျွန်ဂျောင်ကု.....

Stranger (သူစိမ်း)Where stories live. Discover now