"ဘာလို့ကစားကွင်းလဲ...နီခီ.."ယွန်းဂီ ဒိတ်ဖို့ဆိုပြီး ကစားကွင်းကိုခေါ်လာခဲ့တဲ့ နီခီ ကိုမေးလိုက်မိသည်။မျက်စိရှေ့မှာ ရယ်မောပျော်ရွှင်နေကြတဲ့ ကလေး ၊လူကြီးတွေကိုကြည့်ပြီး ယွန်းဂီ မျက်နှာလေးမဲ့နေမိသည်။ မြင်နေရတဲ့ကစားစရာ စီးစရာတွေကလည်း သူ့ကိုပြန်ချင်စိတ်ပေါက်အောင်လုပ်နေသလိုပင်..။
နီခီ က ဘီးကုတ်လေးတွေရောင်းနေတဲ့ဆီ သူ့ကိုဆွဲခေါ်သွားရင်း ကြောင်နားရွက်လေးတွေပါတဲ့ဘီးကုတ်တစ်ခုသူ့ခေါင်းပေါ်တင်ပေးလာသည်။
"ခင်ဗျား တခါမှ ကစားကွင်းမလာဖူးဘူးမလား...အဲ့ဒါကြောင့်ခေါ်လာတာလေ..."
"မင်းက ဘယ်လိုသိတာလဲ"
"ဒီလိုပဲလေ့လာထားတာပေါ့"
ကြည့်ရတာ ဂျင်ဟျောင်းလက်ချက်ပဲထင်သည်။သူနဲ့နီခီကိုအဆုံးထိတွန်းပို့ဖို့စဉ်းစားထားပုံပင်..အစကတော့ ကစားကွင်းလာရတာကို ယွန်းဂီ မနှစ်သက်မိပေမဲ့ ရိုလာကိုစတာ တစ်ပက်လောက်စီးပြီးသွားတော့ ယွန်းဂီ စိတ်ပြောင်းသွားတော့သည်။
အော်ရဟစ်ရလွန်းလို့ သူ့စိတ်ညစ်မှုတွေခဏတာအဝေးရောက်သွားသလိုပင်။
"yarr ...ဒါကိုနောက်တစ်ခေါက်ထပ်စီးရအောင်...အရမ်းပျော်ဖို့ကောင်းတယ်"
နီခီ ရုတ်တရက်ကြီး တတ်ကြွလာတဲ့ ယွန်းဂီ
ကြောင့် ကျေနပ်စွာပြုံးလိုက်မိသည်...လေတိုက်လို့ပွယောင်းနေတဲ့ဆံပင်တွေကိုအသာသပ်ချပေးတော့လည်းငြိမ်ငြိမ်လေးသာနေပေးသည်။အခုသူရှေ့မှာရပ်နေတဲ့ယွန်းဂီပုံလေးက အရင်တခါလိုကြောင်ဆိုးလေးပုံစံမဟုတ်တော့ဘဲ အမြှီးလေးကုတ်ပြီးငြိမ်နေတဲ့ကြောင်လိမ္မာလေးဖြစ်သွားသည်။အသဲယားလို့ပါးနှစ်ဖက်ကိုအသာညစ်မိတော့ သူ့လက်တွေကိုဖယ်ချပြီးမျက်နှာလေးစူပုတ်သွားသည်။
"ဘာလုပ်တာလဲ...ပိုင်စိုးပိုင်နင်းနဲ့"
"ချစ်ဖို့ကောင်းလို့လေ..."
"ရူးနေလား...."
အမြဲတမ်းသူ့ကိုဘုကလန့်ပဲဆက်ဆံတတ်သူက ဒီလိုစကားမျိုးတွေပြောလာတော့ယွန်းဂီရှက်ကိုးရှက်ကန်းဖြစ်သွားသည်။သူ့ထက်အများကြီးငယ်တဲ့ကောင်လေးကသူ့ကိုကလေးလေးလိုဆက်ဆံနေတာမို့ သိပ်တော့ဘဝင်မကျမိပါ။
.