တော်ဝင်မဟာနွယ်
- အပိုင်း ၅
- GL Story
- စာရေးသူ ချယ်" သုံးရက်အချိန်ပေးမယ် သုံးရက်အတွင်းယူထားတဲ့ပိုက်ဆံ အကုန်ပြန်မဆပ်နိုင်ရင် ဒီအိမ်ကိုငါသိမ်းရလိမ့်မယ် " မင်းမျိုးရှိန်အိမ်ပေါ်ကိုတတ်လာတာနဲ့ ထိုစကားကိုကြားလိုက်ရသည်။ ဒီအိမ်ကိုသိမ်းမယ်ဆိုတဲ့ ဝဝဖိုင့်ဖိုင့်နဲ့တစ်ကိုယ်လုံးရွှေအပြည့်ဝတ်ထားတဲ့အန်တီကြီးကို အိမ်ပေါ်ကထွတ်သွားတဲ့ထိ မင်းမျိုးရှိန်လိုက်ကြည့်မိသည်။ ထိုအန်တီကြီးထွတ်သွားတော့မှဘဲ မင်းမျိုးရှိန်လဲ မေမေ့အနားကိုသွားပြီး
" မေမေဘာတွေဖြစ်နေတာလဲ စောစောကလူကရောဘယ်သူလဲ "
" ဘယ်သူရှိရမှာလဲ အကြွေးရှင်ပေါ့အေ ဟိုအဖိုးကြီးမသေခင်တုန်းကဆေးကုဖို့ချေးထားတာတွေရော ငါဖဲရှုံးလို့ချေးထားတာတွေရောပေါင်းပြီး ပြန်မဆပ်နိုင်လို့ ဒီအိမ်ကိုသိမ်းမလို့တဲ့လေ "
" အဓိပ္ပါယ်မရှိတာမေမေရာ ဒီအိမ်ကိုပေးလိုက်ရင် သားတို့ကဘယ်မှာသွားနေရမှာလဲမေမေရဲ့ ပေးရမှာကဘယ်လောက်တောင်လဲ "
" မများပါဘူး ငါ့သားရယ် သိန်းနှစ်ထောင်တည်းပါ "
" သိန်းနှစ်ထောင်ကိုမများဘူးတဲ့လားမေမေ ဒီအိမ်ကြီးထိုးပေးရင်တောင် အဲအကြွေးသိန်းနှစ်ထောင်ကကြေလို့လား "
" ဘယ်ကြေမှာလဲဟ အစွန်းအထွတ်လေးတောင်မရှိဘူး ဒီရက်ပိုင်းဖဲတွေဆက်တိုက်ရှုံးနေလို့ စိတ်ရှုပ်ရတဲ့ကြားထဲ မင်းကလဲဘာတွေလာမေးနေလဲမသိဘူး "
" မမေးလို့မရဘူးလေမေမေရဲ့ ဒီအိမ်မရှိရင် သားတို့ဘယ်မှာသွားနေမလဲ မေမေနည်းနည်းမှမတွေးဘူးလား "
" ဘာမှစိတ်မပူစမ်းပါနဲ့ငါ့သားရယ် မေမေစီစဉ်ထားတာတွေရှိပါတယ်အေ "
" ဘာတွေလုပ်ဖို့စဉ်းစားထားတာလဲ သားကိုလဲပြောဦး "
" ပျိုးမဟာနွယ်ရှိတယ်လေသားရဲ့ သူကအခုသူဌေးအိမ်က မြေးချွေးမလေးဖြစ်နေပြီးလေ သူဆီကတောင်းမှာပေါ့ "
" သူဆီကရပါ့မလားမေမေရယ် ဟုတ်မှလဲလုပ်ဦးနော် "
" မရလို့ရမလား သူ့အဖေကိုဆေးကုပေးလို့ တင်ထားတဲ့အကြွေးတွေဘဲလေ သူ့ကသမီးတစ်ယောက်ဘဲ သူဆပ်ပေးရမှာပေါ့ "
" မေမေ့ဘာသာကြည့်လုပ်တော့ဗျာ သားစိတ်ရှုပ်လာပြီး "
" ဘာမှစိတ်ရှုပ်စရာမလိုပါဘူးငါ့သားရယ် ဒေဝီခင်တို့က မပိုင်ရင်ခြင်တောင်မရိုက်ဘူး သူပေးကိုပေးလိမ့်မယ် " စိတ်ရှုပ်ရှုပ်နဲ့ခေါင်းကုတ်ပြီး ထွတ်သွားတဲ့သားဖြစ်သူမင်းမျိုးရှိန်ကြားအောင် ဒေါ်ဒေဝီခင်အော်ပြောလိုက်သည်။
ဒီနေ့မမတော်ဝင်ရဲ့Boxingလေ့ကျင့်ရေးရှိတာကြောင့် မမတော်ဝင်နဲ့အတူပျိုးပါ မမတော်ဝင်နဲ့သူငယ်ချင်းတွေစပ်တူဖွင့်ထားတဲ့ Royal Boxing Clubကို ရောက်နေကြသည်။ မမတော်ဝင်က ထိုင်းမှာကျင်းပမယ့် international boxingပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ဖို့အတွက်လေ့ကျင့်နေသည်မှာ တစ်လလောက်ရှိပြီးဖြစ်သည်။ နောက်အပတ်ဆိုပြိုင်ပွဲစတော့မှာမို့ အစ်ကိုဗစ်တာနဲ့အတူ အပြင်းအထန်းလေ့ကျင့်နေကြသည်။ ပျိုးအနေနဲ့ ထိုကဲ့သို့ အသတ်အပုတ်တွေ ထိုးတာကြိတ်တာတွေကိုမကြိုက်ပေမယ့်လည်း မမတော်ဝင် boxingထိုးနေတာကျတော့ အရမ်းကြည့်လို့ကောင်းသည်။ အဲတာကြောင့်ပျိုးလဲ အိမ်မှာနေရတာပျင်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မမတော်ဝင်လေ့ကျင့်ရေးလုပ်မယ့်ချိန်တိုင်း လိုက်လာတတ်သည်။
ဗစ်တာနဲ့အတူလေ့ကျင့်နေရင် တော်ဝင်ရဲ့မျက်ဝန်းထောင့်ကနေ ပျိုးမဟာနွယ်ကိုမြင်လိုက်ရတော့ တော်ဝင်ပြုံးလိုက်မိသည်။ တော်ဝင်လေ့ကျင့်တဲ့ချိန်တိုင်း ပျိုးမဟာနွယ်က အမြဲတမ်းလိုက်လာတတ်ပြီး တော်ဝင်လေ့ကျင့်ရေးပြီးတဲ့ထိစောင့်နေတတ်သည်။ အိမ်မှာနေရတာပျင်းတယ်ဆိုတဲ့သူက တော်ဝင်လေ့ကျင့်နေတာကိုတော့ မပျင်းမရိနဲ့ထိုင်စောင့်နေတတ်သည်။ အမြဲတမ်းတစ်ကိုယ်တည်းနေလာခဲ့လို့လားတော့မသိ တော်ဝင်ကိုတစ်ယောက်ယောက်က စောင့်နေပေးတယ် တော်ဝင်ရဲ့အနားမှာရှိနေပေးတယ်ဆိုတဲ့ခံစားချက်က အရမ်းကိုခံစားလို့ကောင်းသည်။
ခယ်မလေးကိုကြည့်ပြီး အာရုံပျံ့လွင့်နေတဲ့Royalမျက်နှာတည့်တည့်ကို ဗစ်တာလက်သီးချက်ပစ်သွင်းလိုက်သည်။ ခနသာ သတိလွတ်သွားတာကြောင့် အရှိန်နဲ့ဝင်လာတဲ့ဗစ်တာရဲ့လက်သီးချက်ကို တော်ဝင်မရှောင်လိုက်နိုင်ပေ။ အကျိုးဆက်က နှာနုရိုးတည့်တည့်ပေါ်ကျလာတဲ့လက်သီးချက်ကြောင့် တော်ဝင်နှာခေါင်းမှ သွေးများလျှံထွတ်လာသည်။ မမတော်ဝင်နှာခေါင်းသွေးလျှံလာတာမြင်တော့ ပျိုးစိတ်ပူသွားပြီး မမတော်ဝင်နားကိုရောက်သွားသည်။ စီးကျလာတဲ့သွေးတွေကို တစ်သျှူးစိုလေးနဲ့ပျိုးသေချာသုတ်ပေးပြီး ပါစပ်ကလဲ အစ်ကိုဗစ်တာကို အပြစ်တင်စကားဆိုလိုက်မိသည်။
" အစ်ကိုဗစ်တာရယ် ဘယ်လိုတောင်လုပ်လိုက်တာလဲ လေ့ကျင့်တာလေးကို အဲလောက်သွေးထွတ်အောင်ထိ ပြင်းပြင်းထန်းထန်းထိုးရလား " ခယ်မလေးဆီက ပြစ်တင်ကြိမ်းမောင်းသံကြောင့် ဗစ်တာမျက်နှာမဲ့ကျသွားသည်။ အနားမှာရှိနေတဲ့ သူ့ချစ်သူဂရေစ့်ရဲ့ပုခုံးပေါ်ခေါင်းမှီကာ
" ဘေဘီရယ် ကိုယ့်ကိုခယ်မလေးကဆူနေတယ် "
" ဟုတ်ပ့ ဘေဘီရဲ့ဒါလင်လေးသနားပါတယ် " တော်ဝင်ကတော့ သူသတိလွတ်သွားလို့ခံလိုက်ရတာကို ဗစ်တာကိုသာဖိဟောက်နေတဲ့ ပျိုးမဟာနွယ်ကြောင့် သဘောတကျပြုံးလိုက်မိပြန်သည်။
" ဗစ်တာနဲ့မဆိုင်ပါဘူး ကိုယ်ကအာရုံအခြားရောက်သွားလို့ သတိလွတ်သွားလို့ပါ "
" ဟုတ်တယ်ခယ်မလေးရဲ့ တကယ့်ကြိုးဝိုင်းထဲမှာ အခုလိုသတိလွတ်သွားရင် အစ်ကို့လိုတောင်ညှာမှာမဟုတ်ဘူး သတိလွတ်တာနဲ့ အလူးအလဲခံရမှာဘဲ "
" မမတော်ဝင်သက်သာရဲ့လား ခေါင်းတွေဘာတွေရောမူးနေလား ပျိုးတို့တွေဆေးရုံသွားစစ်ကြည့်မလား "
" ဟား... ကိုယ်က boxing playerပါကွာ အဲလောက်ထိလဲမလိုပါဘူး ဒါတွေနဲ့ကိုယ်ကျင့်သားရနေပါပြီး "
" ပျိုးက စိတ်ပူလို့ပြောတာပါ မမတော်ဝင်အဆင်ပြေရင်ရပါပြီး အခုထပ်မလေ့ကျင့်နဲ့တော့နော် မမတော်ဝင်နားသင့်ပြီး ပျိုးတို့တွေအိမ်ပြန်ကြတာပေါ့ "
" ကောင်းပြီး ကိုယ်တို့တွေပြန်ကြမယ် "
" ဗစ်တာ ဂရေစ့် ငါတို့ပြန်ပြီးနော် " ဗစ်တာနဲ့ဂရေစ့်ကတော့ ကဲကဲသဲသဲအတွဲကို မျက်စောင်းဝင့်ဝင့်နဲ့
" ကြွ... ကြွ... " ဟုသာပြောနိုင်တော့သည်။
ပျိုးတို့တွေ အိမ်ကိုပြန်ရောက်တာနဲ့ ဘွားဘွားကဆီးကြိုကာ
" မြေးပျိုးလေး ဧည့်ခန်းထဲမှာ မြေးလေးရဲ့မေမေနဲ့အစ်ကိုကြီးရောက်နေတယ် မြေးလေးနဲ့မတွေ့တာကြာလို့ လာလည်တာတဲ့ မြေးလေးစကားသွားပြောလိုက်ဦးနော် ဘွားဘွားဘုရားရှိခိုးလိုက်ဦးမယ် "
" ဟုတ်ကဲ့ပါဘွားဘွား "
" မမတော်ဝင် ပျိုးမေမေတို့နဲ့စကားပြောဦးမှာမို့ မမတော်ဝင်အပေါ်တတ်ပြီး နားနှင့်နော် "
" အင်း " ပျိုးလဲ မမတော်ဝင်နဲ့ဘွားဘွားကိုပြောပြီးတာနဲ့ မေမေတို့ရှိတဲ့ဧည့်ခန်းကို သွားရသည်။
" မေမေ ကိုကြီး " ပျိုးရောက်လာတာနဲ့ မေမေကပျိုးရဲ့နောက်ကိုလှမ်းကြည့်သည်။ မမတော်ဝင်က ပျိုးနဲ့အတူပါမလာဘဲ အပေါ်ထပ်ကို တန်းပြီးတတ်သွားတာကြောင့်
" ခုခေတ်လူငယ်တွေ တကယ်ကိုဂါဝရတရားမရှိတာဘဲ ယောက္ခမတစ်ယောက်လုံးရောက်နေတာတောင် လာပြီးမနှုတ်ဆတ်နိုင်ကြဘူး အံသြပါတယ်အေ " ပျိုးလဲ မေမေပြောတဲ့စကား မမတော်ဝင်ကို မကြားစေလိုတာကြောင့်
" အဲလိုမဟုတ်ပါဘူးမေမေရယ် မမတော်ဝင်နေမကောင်းလို့ ပျိုးက အပေါ်တတ်ပြီးနားခိုင်းလိုက်တာပါ "
" အမလေနော် ရှိစေတော့ ငါလာတာ ညည်းကိုပြောစရာရှိလို့ "
" ဟုတ် ပြောပါမေမေ ပျိုးနားထောင်နေပါတယ် "
" ငါပိုက်ဆံလိုနေတယ် နင့်အဖေနေမကောင်းတုန်းက ပိုက်ဆံချေးပြီးဆေးကုထားရတာ အခုအဲပိုက်ဆံမဆပ်နိုင်လို့ အိမ်ကိုထိုးပေးရတော့မယ် "
" ဟုတ်တယ် ပျိုးမဟာနွယ် နင့်အဖေကိုဆေးကုပေးလို့ကုန်တဲ့ပိုက်ဆံမို့လို့ နင်ဆပ်ပေးရမယ် နင်မှာတာဝန်ရှိတယ် "
" ဘယ်လောက်တောင်လဲ မေမေရယ် "
" သိန်းငါးထောင် "
" ရှင်! အဲလောက်အများကြီး ပျိုးမှာဘယ်လိုလုပ်ရှိမှာလဲ မေမေရယ် "
" မဖြစ်နိုင်တာတွေ ငါ့လာပြောမနေနဲ့ပျိုးမဟာနွယ် ဒီလောက်ကျိကျိတတ်ချမ်းသာတဲ့ မဟေသီစံအိမ်ရဲ့မြေးချွေးမက ပိုက်ဆံမရှိဘူးဆိုတာ ဖြစ်နိုင်လို့လားအေ "
" ပျိုးတကယ်ပြောတာပါမေမေရယ် ချမ်းသာတယ်ဆိုတာကလဲ ဘွားဘွားတို့ မမတော်ဝင်တို့ချမ်းသာတာလေ ပျိုးမှမဟုတ်တာ ပျိုးဘယ်လိုလုပ်ပေးရမှာလဲမေမေ "
" ဘယ်လိုလုပ်ရမလဲမသိရင် ငါပြောပြမယ် ညည်းကွာရှင်းလိုက် "
" ရှင်! မေမေဘယ်လိုပြောလိုက်တာလဲ "
" ဟုတ်တယ် သူ့ရဲ့ပိုင်ဆိုင်မှုကလဲ ညည်းနဲ့တစ်ဝက်ဆိုင်တယ်လေ ညည်းကွာရှင်းလိုက်ရင် သူ့ရဲ့ပိုင်ဆိုင်မှုတစ်ဝက်ကို ညည်းရမှာဘဲ အဲခါကျရင် ငါတို့တင်နေတဲ့အကြွေးတွေကို ဆပ်နိုင်မယ့်အပြင် ငါတို့လဲ အရင်လိုချမ်းချမ်းသာသာပြန်နေနိုင်မယ် " မေမေရဲ့အကြံပိုင်မှုကို မင်းမျိုးရှိန်သြချရလောက်သည်။ ပျိုးမဟာနွယ်ဆိုတာ သူ့အတွက်သာဖြစ်သင့်သည်။ မဟေသီစံအိမ်ရဲ့ပိုင်ဆိုင်မှုတစ်ဝက်မပြောနဲ့ ဆယ်ပုံပုံတစ်ပုံကပင်သူတို့တစ်သက်စားမကုန်နိုင်လောက်အောင်ရှိတဲ့အပြင် ပျိုးမဟာနွယ်ကလဲ သူ့လက်ခုပ်ထဲပြန်ရောက်လာနိုင်သည်။ ဒါပေမယ့်လည်း ပျိုးမဟာနွယ်ကြောင့် သူ့ရဲ့အတွေးက အချည်းနီးသာ။
" ပျိုးမကွာရှင်းနိုင်ဘူး ဒါကဖေဖေကိုယ်တိုင် ချမှတ်ပေးထားတဲ့ အိမ်ထောင်ရေးဖြစ်တာကြောင့် ပျိုးအပြိုကွဲမခံနိုင်ဘူးမေမေ "
" ညည်းမကွာရှင်းချင်လဲရတယ် ငါလိုချင်တဲ့ပိုက်ဆံသိန်းငါးထောင်ကိုသာ တစ်ပတ်အတွင်းရှာပေး "
" သား လာ မေမေတို့ပြန်ကြမယ် "
မေမေတို့ပြန်သွားတဲ့ချိန်ကနေစပြီး အိပ်ရာဝင်တဲ့ချိန်ထိ ပျိုးစိတ်နဲ့လူ လုံးဝမကပ်ပေ။ မေမေလိုနေတဲ့ပိုက်ဆံကို ပျိုးဘယ်လိုရှာပေးရမလဲဆိုတာ လုံးဝစဉ်းစားလို့ကိုမရပါ။ အနည်းအကျဉ်းလဲမဟုတ် သိန်းထောင်နဲ့ချီနေတော့ ပျိုးပို၍ပင်အခက်တွေ့နေသည်။ ဘာလုပ်ရမှန်းမသိတော့တဲ့ပျိုးအတွက် သက်ပြင်းသာချနေရုံရှိသည်။ မမတော်ဝင်ကတော့ အိပ်ခန်းထဲက စာပွဲမှာကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်လိုနေသည်။
" ပျိုးမဟာနွယ် ဒီကိုထလာဦး ကိုယ်ပြောစရာရှိလို့ " တော်ဝင် ကုမ္မဏီကစာရင်းတွေကိုစစ်နေတုန်း ပျိုးမဟာနွယ်ရဲ့သက်ပြင်းခနခနချတဲ့အသံကြောင့် အလုပ်လုပ်ရတာ စိတ်ကမဖြောင့်တာနဲ့ သူမကိုအနားလာဖို့ခေါ်လိုက်သည်။
" မမတော်ဝင် ပျိုးကိုဘာခိုင်းမလို့လဲ "
" ဒီမှာခနထိုင် ခိုင်းမလို့မဟုတ်ဘူး ပေးစရာရှိလို့ "
" ဘာပေးမလို့လဲ မမတော်ဝင် "
" ရော့ ဒါတွေပေးမလို့ " ဟု ဆိုကာ ပျိုးရဲ့လက်ထဲကို သော့ပေါင်းမြောက်များစွာနဲ့ စာချုပ်တွေတစ်ထပ်ကြီးကို ထည့်ပေးလာသည်။
" ဒါတွေက ဘာတွေလဲမမတော်ဝင် "
" ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေလေ ဒီသော့တွေက မီးခံသေတ္တာသော့တွေ ဒီစာချုပ်တွေက ကိုယ်ပိုင်တဲ့တိုက်ခန်းစာချုပ်တွေ ပြီးတော့ရှိသေးတယ် " ပျိုးရဲ့ရှေ့ကနေထွတ်သွားပြီး အံဆွဲတစ်ခုထဲကနေ စာအုပ်တွေတစ်ထပ်ကြီးထိုင်ပြီး ပြန်ရောက်လာသည်။
" ဒီစာအုပ်တွေက ကိုယ့်ရဲ့ဘဏ်စာအုပ်တွေ ဒါအကုန်မင်းရဲ့ပိုင်ဆိုင်မှုတွေဖြစ်သွားပြီး မင်းသုံးချင်တာသုံးလို့ရတယ် "
" ဘယ်... ဘယ်လို မမတော်ဝင် ခုထိပျိုးနားမလည်သေးဘူး ဒါတွေ ပျိုးကိုပေးတယ်ပြောတာလား ဘာအတွက်လဲ "
" မင်းက ကိုယ်ယူထားတဲ့မိန်းမဘဲလေ အဲတော့ကိုယ်ပိုင်တဲ့အရာတွေကို မင်းလဲပိုင်သင့်ပါတယ် "
" ဒါတွေအကုန်ပျိုးလက်ထဲထည့်လိုက်တာလား ပျိုးအကုန်လုံးသုံးဖြုန်းလိုက်လို့ကုန်သွားမှာစိတ်မပူဘူးလား "
" မင်းဆယ်သက်ထိုင်ဖြုန်းတောင် ကိုယ့်ပိုင်ဆိုင်မှုတွေက ကုန်မှာမဟုတ်ဘူး "
" ပျိုးတကယ်သုံးချင်တာသုံးလို့ရတာလား ပျိုးဘယ်နေရာမှာ သုံးမယ်ဆိုတာကို မမတော်ဝင်ဆီခွင့်တောင်းရမှာပေါ့ "
" ဟင့်အင်း မင်းဘယ်လိုသုံးလိုက်တယ် ဘာအတွက်သုံးတယ်ဆိုတာက ကိုယ်ဘယ်တော့မှစစ်ဆေးမှာမဟုတ်ဘူး ကိုယ့်ဆီမှာလဲ ခွင့်တောင်းစရာမလိုဘူး မင်းကိုယ်တိုင်ဖွင့်ပြောချင်တဲ့ဆန္ဒရှိရင်တော့ ကိုယ့်ကိုပြောပြလို့ရပါတယ် "
" မမတော်ဝင်ကို ပျိုးပြောစရာရှိတယ် "
" မင်းအမေတောင်းတဲ့ပိုက်ဆံကိုပေးဖို့ ပြောချင်တာဆိုရင် မပြောနဲ့တော့ ကိုယ်ခိုးပြီးနားထောင်တာတော့မဟုတ်ပေမယ့် ကိုယ့်ကြောင့် မင်းအဆူခံနေရတာကိုမလိုချင်လို့ လာနှုတ်ဆတ်ဖို့လုပ်တဲ့အချိန်မှာ အမှတ်မထင်ကြားလိုက်ရတာ "
" ပျိုးရဲ့ဖေဖေကို ဆေးကုပေးလို့ တင်နေတဲ့အကြွေးမို့လို့ ပျိုးဆပ်ပေးချင်တာပါမမတော်ဝင် "
" ကိုယ်ပြောပြီးပါပြီး မင်းကြိုက်တဲ့နေရာမှာ ကြိုက်သလိုသုံးလို့ရတယ်လို့ "
" ကျေးဇူးတင်ပါတယ် မမတော်ဝင် "
" ကိုယ့်ကိုကျေးဇူးတင်ဖို့မလိုပါဘူး အိပ်ပျော်အောင်သာ အိပ်တော့ သက်ပြင်းခနခနချမနေနဲ့တော့ အသက်တို့လိမ့်မယ် "
" ဟုတ် မမတော်ဝင် " ပျိုးမဟာနွယ် အိပ်ရာပေါ်ပြန်ရောက်သွားမှဘဲ တော်ဝင်လဲ စိတ်ဖြောင့်ဖြောင့်နဲ့ စာရင်းဆက်စစ်နိုင်တော့တယ်။
" ကြွရောက်လာတဲ့ဧည့်သည်တော်တွေအနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင် Royalနဲ့ ဂျပန်နိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင် Tarkashiတို့ရဲ့ သူမသာ ကိုယ်မသာတဲ့ ထိုးနှက်ချက်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်Royalရဲ့အားပြင်းတဲ့ ထိုးချက်တွေကို ပြိုင်ပွဲဝင်Tarkashiကလည်း အပြင်းအထန်းကာကွယ်ထိုးစစ်ဆင်နေပါတယ်။ ပြိုင်ပွဲဝင်နှစ်ယောက်လုံးရဲ့လက်ရည်တွေက တူညီနေတာကြောင့် ဘယ်သူအနိုင်ရမယ်ဆိုတာကို ကျွန်တော်ကတော့ ရင်ခုန်နေပါပြီး " ပြိုင်ပွဲကြေငြာနေတဲ့ ဒိုင်လူကြီးရဲ့စကားသံတွေက ပျိုးရဲ့နားထဲကို ဝင်တစ်ချက် မဝင်တစ်ချက်ဖြစ်နေသည်။ ပြင်းထန်းလှတဲ့အခြေအနေတွေကြောင့် မမတော်ဝင်ထိခိုက်သွားမှာကိုသာ ပျိုးစိတ်ပူနေရသည်။ မမတော်ဝင်ဘာမှမဖြစ်ဖို့ကိုသာ ပျိုးတဖွဖွဆုတောင်းနေပြီး ကြိုးဝိုင်းကိုလဲ မျက်ခြည်မပြတ်စောင့်ကြည့်နေရသည်။
Round 1 ပြီးလို့ ကြိုးဝိုင်းထဲမှာခနနားနေတဲ့ချိန် ပျိုးမဟာနွယ်က တော်ဝင်ရဲ့အနားကိုရောက်လာသည်။ ပျိုးမဟာနွယ်ရဲ့မျက်ဝန်းထဲမှာ တော်ဝင်ကို စိုးရိမ်နေတဲ့အငွေ့အသတ်တွေ ကိန်းအောင်းနေတာကိုတွေ့ရသည်။ ပျိုးမဟာနွယ်ရဲ့စိုရိမ်စိတ်ကို ပြေပျောက်စေချင်တာနဲ့
" အရမ်းကြီးစိုရိမ်းမနေနဲ့ ပျိုးမဟာနွယ် ကိုယ်ဘာမှမဖြစ်ပါဘူး "
" မမတော်ဝင်သတိထားနော် မမတော်ဝင်တစ်ခုခုဖြစ်သွားမှာကို ပျိုးကြောက်တယ် " ပျိုးမဟာနွယ်ရဲ့ပုံစံက အမှန်တကယ်ကြောက်ရွံနေတဲ့ပုံစံဖြစ်တာကြောင့် သူမရဲ့ခေါင်းလေးကို ခပ်ဖွဖွလေးပုတ်ပြီး
" ဘာမှကြောက်စရာမလိုပါဘူး ဒီပွဲမှာ မင်းအတွက် ကိုယ်နိုင်အောင်ကစားမှာ ကိုယ်နိုင်ခဲ့ရင် မင်းဆီကနေကိုယ်တောင်းဆိုစရာတစ်ခုရှိတယ် "
" မမတော်ဝင်မထိခိုက်ရင်ရပြီး မနိုင်လဲဖြစ်တယ် မနိုင်ရင်တောင် မမတော်ဝင်တောင်းဆိုတာကို ပျိုးလုပ်ပေးမှာပါ "
" ဒီအတိုင်းတောင်းဆိုရင် မလေးနက်ဘူးထင်လို့ပါ ကိုယ်က မင်းကိုလေးလေးနက်နက်ထားပြီး တောင်းဆိုချင်တာ "
Round 2 ပြန်စတဲ့အချိန်မှာ ထိုးချက်တွေက တစ်စထက်တစ်စပိုပြင်းထန်းလာသည်။ တော်ဝင်သည်လည်း သတိတစ်ချက်မလွတ်အောင်ထိန်းရင် တစ်ဖက်ကထိုးချက်တွေကိုရှောင်တိန်းနေရသလို၊ ပျိုးသည်လည်း အသက်မရှုရဲလောက်အောင် ရင်တမမနဲ့ကြည့်နေရသည်။အပြင်းအထန်ရှောင်တိန်းနေတဲ့ကြားထဲကနေ အလစ်အငိုက်ဖမ်းပြီးဝင်လာတဲ့ လက်သီးချက်ကို တော်ဝင်မရှောင်လိုက်နိုင်ပေ။ ခေါင်းကိုတည့်တည့်ဝင်လာတဲ့လက်သီးချက်က အားပြင်းတာကြောင့် မူးမိုက်ခနဲဖြစ်သွားသည်။ တော်ဝင်သတိကပ်ထားပြီး တစ်ဖက်လူရဲ့အားနည်းချက်ကို အမိအရဖမ်းကာ အမှောက်သိပ်ပလိုက်သည်။
" ဟုတ်ကဲ့ပါခင်ဗျာ ထိုင်းနိုင်ငံမှာကျင်းပတဲ့ international boxingပြိုင်ပွဲကြီးမှာ အနိုင်နဲ့အရှုံးကွဲကွဲပြားပြားပေါ်ထွတ်လာပါပြီး ယခုပွဲမှာအနိုင်ရရှိသူကတော့ လှပတဲ့ထိုးနှက်ချက်တွေနဲ့ အပိုင်သိမ်းလိုက်တဲ့ မြန်မာနိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင် Royalဖြစ်ပါတယ်ခင်ဗျာ "
" ဝေး... Royal... Royal... "
" ရွှီး... ရွှီး... "အနိုင်ရရှိတဲ့သူကိုကြေငြာပြီးတဲ့နောက်မှာ အော်ဟစ်သံတွေ လက်ခေါက်မှုတ်သံတွေနဲ့ စီစီညံ့သွားသည်။ ကြိုးဝိုင်းဆီကိုပြေးလာနေတဲ့ ပျိုးမဟာနွယ်၊ ဗစ်တာနဲ့ ဂရေစ့်ကိုကြည့်ပြီး တော်ဝင်အမြင်တွေဝေဝါးလာသည်။ ခေါင်းတွေလဲမူးနောက်လာပြီး ဘယ်လိုမှဟန်ချက်မထိန်းနိုင်တော့တဲ့ တော်ဝင်မဟေသီသည် ကြိုးဝိုင်းထဲမှာတင် သတိလစ်သွားပြီး လောကကြီးနဲ့အဆက်ပြတ်သွားသည်။
" ဘုန်း... "
" မမတော်ဝင် ! "
" ဟာ... ဟေ့ Royal ! "
" တော်ဝင် ! ဘာဖြစ်တာလဲ "
" ဟင့်... အစ်ကိုဗစ်တာလုပ်ပါဦး ဆေးရုံကားခေါ်ပေးကြပါ "
တော်ဝင်နိုးလာတော့ စူးရှတဲ့အလင်းရောင်ကြောင့် မျက်လုံးကိုပြန်ပိတ်ပစ်ရသည်။ နှာခေါင်းထဲဝင်လာတဲ့ဆေးနံ့တွေကြောင့် ဆေးရုံခန်းထဲရောက်နေတာသိလိုက်သည်။ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ပြီးကြည့်လိုက်တော့ ပျိုးမဟာနွယ်က တော်ဝင်ရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားသည်။ ဘယ်လောက်တောင်ငိုထားလဲမသိတဲ့ မျက်ရည်စီးကြောင်းက ပါးပြင်ပေါ်မှာအခုထိရှိနေတုန်းပင်။
" ပျိုးမဟာနွယ်... "
" ဟင်... မမတော်ဝင်သတိရလာပြီး ဟင့်... ဟင့်... "
" မငိုနဲ့တော့လေ ကိုယ်သတိရလာပြီးဘဲ ကိုယ်ဘာမှမဖြစ်တော့ဘူးနော် "
" ပျိုးဘယ်လောက်တောင်စိတ်ပူသွားလဲသိရဲ့လား ပျိုး မမတော်ဝင်ကို ဆုံးရှုံးလိုက်ရပြီးထင်တာ "
" ကိုယ်အဲလောက်ပျော့ညံ့တဲ့သူ မဟုတ်ပါဘူးကွာ ဒါနဲ့ ဗစ်တာနဲ့ဂရေစ့်ရော "
" Royal သတိရလာပြီးလား မင်းသတိလစ်နေတာ တစ်ညနဲ့တစ်နေ့ခင်းဖြစ်နေပြီးလေ အဲချိန်တွေမှာ ခယ်မလေးကဘာမှမစားမသောက်ဘဲ မင်းနားမှာဘဲနေနေတာ အဲတာကြောင့်ခယ်မလေးကို တစ်ခုခုကျွေးရအောင် သွားဝယ်တာ " အခန်းထဲကို ဝင်ဝင်လာချင်း ဗစ်တာပြောတဲ့စကားကြောင့် ပျိုးမဟာနွယ်ကိုလှည့်ကြည့်လိုက်သည်။ ပျိုးမဟာနွယ်ကတော့ အပြစ်လုပ်ထားတဲ့သူလို တော်ဝင်ကိုမကြည့်ဘဲ ခေါင်းငုံးထားသည်။
" ဘာလိုအဲလိုလုပ်တာလဲ ပျိုးမဟာနွယ် ကိုယ်သတိမရလာခင်မှာ မင်းတစ်ခုခုဖြစ်သွားနိုင်တယ်ဆိုတာသိရဲ့လား "
" မမတော်ဝင်အခုလိုဖြစ်နေတာကို ပျိုးကဘယ်လိုလုပ်စားဝင်မှာလဲလို့ ပျိုးအရမ်းကြောက်နေတာ မမတော်ဝင်ပြန်မနိုးလာတော့မှာကို ဟီး... ဟင့်... " ပြောနေရင်း ဟီးခနဲငိုချတဲ့ပျိုးမဟာနွယ်ကို တော်ဝင်ရင်ခွင်ထဲထည့်ကာ ခပ်တင်းတင်းဖတ်ထားလိုက်သည်။ ဗစ်တာနဲ့ဂရေစ့်ကတော့ တော်ဝင်တို့နှစ်ယောက်အေးအေးဆေးဆေးစကားပြောလို့ရအောင် ရှောင်ပေးကြသည်။
" မင်းကို စိတ်ပူရအောင်လုပ်မိလို့ ကိုယ်တောင်းပန်ပါတယ် မငိုနဲ့တော့နော် ကိုယ်က အငိုသန်တဲ့မိန်းကလေးတွေကိုမကြိုက်ဘူး သူတို့က ပျော့ညံ့တယ် စိတ်ပျက်ဖို့ကောင်းတယ်ပျိုးမဟာနွယ် " တော်ဝင်ပြောတာကို တစ်ခွန်းမှခွန့်တုံ့မပြန်ဘဲ မျက်ရည်တွေထပ်မထွတ်လာစေရန် မျက်လုံးလေးပေကလပ် ပေကလပ်လုပ်ကာ နားထောင်နေသည်။
" ကိုယ်ပြိုင်ပွဲမှာအနိုင်ရရင် မင်းကိုအလေးအနက်ထားပြီး တောင်းဆိုစရာရှိတယ်ပြောထားတာ မှတ်မိသေးလား "
" ပျိုးမှတ်မိပါတယ် မမတော်ဝင် တောင်းဆိုချင်တာကိုပြောပါ "
" မင်းမှာ ငြင်းခွင့်မရှိဘူးနော်ပျိုးမဟာနွယ် ကိုယ်တောင်းဆိုတာကို မင်းမဖြစ်မနေလိုက်လျောပေးရမှာ "
" ပျိုးလိုက်လျောပေးပါမယ် မမတော်ဝင် "
" ကိုယ်တို့တွေ ဒီအချစ်မပါတဲ့အိမ်ထောင်ရေးကြီးကို အဆုံးသတ်လိုက်ရအောင်ပျိုးမဟာနွယ် ကိုယ်ဆက်ပြီးရှေ့မတိုးချင်တော့ဘူး "
" ရှင် ! "
==================
အရှည်ကြီးရေးပေးထားလို့ကျေနပ်ကြမယ်ထင်ပါတယ်။ updateမမှန်တဲ့သာသာကိုပစ်မထားဘဲ ဆက်ပြီးအားပေးကြဖို့ တောင်းဆိုချင်ပါတယ်။ သာသာအားရှိအောင် Reviewလေးတွေလဲပေးကြပါဦးနော်။ မနက်ဖြန်ညပိုင်းလောက်ကို နောက်တစ်ပိုင်းတင်ပေးပါမယ်နော်။
YOU ARE READING
တော်ဝင်မဟာနွယ် ( တော်ဝင်မဟာနွယ် )
Romanceမဟေသီစံအိမ်ရဲ့ဆက်ခံသူ တော်ဝင်မဟာနွယ် အဘွားဖြစ်သူရဲ့ကျေးဇူးတရားကြောင့် အိမ်ထောင်ပြုဖို့ဖြစ်လာခဲ့သည်။ သူမယူမယ့်အိမ်ထောင်ဖက်ကလဲ မိန်းကလေးတစ်ယောက်ဖြစ်နေသောအခါ ( Zawgyi version ) မဟသေီစံအိမျရဲ့ဆကျခံသူ တော်ဝင်မဟာနွယ် အဘွားဖြစ်သူရဲ့ကျေးဇူးတရားကြောင့် အိမ်ထ...