အပိုင်း ၁ ( U )

752 50 3
                                    

- တော်ဝင်မဟာနွယ်
- အပိုင်း ၁
- GL story
- စာရေးသူ ချယ်

               ဘွားဘွားပေးလိုက်တဲ့ တော်ဝင်နဲ့လက်ထပ်ရမယ့်မိန်းကလေးရဲ့ကိုယ်ရေးအချက်အလက်တွေကို ကြည့်လိုက်သည်။
               " ပျိုးမဟာနွယ်တဲ့ အသက်က နှစ်ဆယ့်ငါးနှစ်ဆိုပါလား ဟက်... တော်ဝင်ထက်သုံးနှစ်တောင်ငယ်သေးတယ် ဘွားဘွားလိုလူမျိုးကိုတောင် အယုံသွင်းနိုင်တယ်ဆိုတော့ စိတ်ဝင်စားစရာဘဲ သွားတွေ့ကြည့်ရင် ကောင်းမလား "
               " တော်ဝင်က ဘာကိစ္စသွားတွေ့ရမှာလဲ ဘွားဘွားကိုဘဲ အယုံသွင်းလို့ရမယ် တော်ဝင်ကိုတော့ရမှာမဟုတ်ဘူး ဟွန့် တော်ဝင်ဆီမှာဘယ်လိုသနားအောင်လုပ်ပြမလဲ ကြည့်ချင်သေးတယ် ပျိုးမဟာနွယ် "
               " ဒေါက်... ဒေါက်... "
               " မမတော်ဝင် သခင်မကြီးက ခေါ်ခိုင်းလိုက်လို့ပါ "
တော်ဝင်ရဲ့အခန်းတံခါးလာခေါက်ပြီး ဘွားဘွားရဲ့အမှာစကားကိုပါ တစ်ဆက်တည်းကြားလိုက်ရတာကြောင့် တော်ဝင်တံခါးဖွင့်ပြီး ဘွားဘွားဆီတန်းသွားလိုက်သည်။ ဘွားဘွားအခန်းထဲကို တော်ဝင်ရောက်တော့ စာကြည့်စာပွဲမှာထိုင်နေတဲ့ဘွားဘွားက တော်ဝင်ကို မျက်မှန်ပင့်ကာမောကြည့်သည်။
               " တော်ဝင်ရောက်ပါပြီး ဘွားဘွား "
               " မင်္ဂလာဖိတ်စာရပြီးမြေးလေး မင်္ဂလာဝတ်စုံလဲရပြီးပြောတယ် မြေးချွေးမလေးကိုခေါ်ပြီး ဘာလို့သွားစမ်းမဝတ်ကြည့်တာလဲ "
               " ဟုတ်ကဲ့ပါဘွားဘွား တော်ဝင်အခုဘဲသွားခေါ်ပြီး အတူစမ်းဝတ်ကြည့်လိုက်ပါမယ် "
               " ကောင်းတာပေါ့ကွယ် မြန်မြန်သွားကြ ဝတ်ကြည့်ပြီးရင် မြေးချွေးမလေးကို ဘွားဘွားဆီခေါ်ခဲ့ပါဦး ကောင်းကောင်းမွန်မွန်ဆက်ဆံနော် သူမက ဘွားဘွားရဲ့အသက်သခင်ကျေးဇူးရှင် "
               " စိတ်ချပါဘွားဘွား "
               တော်ဝင်တစ်ယောက် အကောက်ကောက်အကွေ့ကွေ့သော လမ်းချိုးလမ်းသွယ်တွေထဲဝင်ပြီး ပျိုးမဟာနွယ်ရဲ့အိမ်ကို လိုက်ရှာနေရသည်။ အနည်းငယ်ချောင်ကျတဲ့နေရာမို့ တော်တော်နဲ့ရှာမတွေ့ဘဲလည်နေသည်။ ကားလဲဝင်လို့မရတာကြောင့် ကားကိုလမ်းထိပ်မှာဘဲ ထားခဲ့ပြီးခြေလျင်ဝင်လာရသည်။
               " ပျိုးမဟာနွယ် ရပ်စမ်း " တော်ဝင်ရဲ့အနောက်ကနေ အော်ခေါ်တဲ့အသံကြောင့် တော်ဝင်ခြေစုံရပ်လိုက်သည်။ ခေါ်လိုက်တဲ့နာမည်က တော်ဝင်ရှာနေတဲ့သူဖြစ်တာကြောင့် မြင်ရအောင်နောက်လှည့်ကြည့်လိုက်သည်။ မကြာခင်မှာဘဲ အဖြူရောင်အရိပ်လေးတစ်ခုက တော်ဝင်ရဲ့ကျောနောက်ကိုရောက်လာခဲ့သည်။ တစ်စုံတစ်ခုကို ကြောက်ရွံနေတာကြောင့် ခန္ဓာကိုယ်သေးသေးလေးကတုန်ခိုက်နေသည်။
               " နင်ဘယ်ရောက်သွားတာလဲ ပျိုးမဟာနွယ် " ခေါ်နေတဲ့အသံက နီးကပ်လာလေ သူမရဲ့ခန္ဓာကိုယ်လေးကပိုပြီး တုန်လှုပ်လာလေဖြစ်သည်။ ထိုလူက တော်ဝင်ရဲ့နောက်ကျောကကောင်မလေးကိုတွေ့တာနဲ့ တော်ဝင်ရဲ့ရှေ့ကို ချက်ခြင်းရောက်ချလာသည်။
               " ပျိုးမဟာနွယ် နင်လာစမ်း " အကြမ်းပတမ်းဆွဲဆောင့်လိုက်တာကြောင့် ထိုလူ့လက်ထဲကို ခန္ဓာကိုယ်သေးသေးလေးက စွေ့ကနဲပါသွားသည်။ တော်ဝင်လဲ ကိုယ်နဲ့မဆိုင်တာကြောင့် သူတို့ကြားထဲဝင်မပါဘဲ ဒီတိုင်းလက်ပိုက်ကြည့်နေလိုက်သည်။
               " ပျိုးမဟာနွယ် နင်အခုချက်ခြင်း မေမေ့ဆီကိုသွားပြီး လက်ထပ်ပွဲကိုသွားငြင်းလိုက် "
               " ပျိုးမေမေ့စကားမလွန်ဆန်နိုင်ဘူး ပျိုးကိုမေမေဆူလိမ့်မယ် "
              " နင်လက်ထပ်ပွဲကိုမလုပ်ရဘူး ငါလက်မခံဘူး နင်က ငါ့အတွက်ဘဲ ပျိုးမဟာနွယ် ဒီမင်္ဂလာပွဲကို ငါမရ ရအောင်ဖျက်ပြမယ် နင်စောင့်ကြည့် "
              " အဲလိုမလုပ်ပါနဲ့ကိုကြီးရယ် ဒီလက်ထပ်ပွဲကိုလက်မခံရင် မေမေကဖေဖေ့ကို ဆေးမကုပေးဘူးတဲ့ ဖေဖေ့ကိုဆေးကုပေးဖို့လိုလို့ပါ " 
              တော်ဝင်နှုတ်ခမ်းထက်မှာ မဲ့ပြုံးတစ်ခုပေါ်လာသည်။
              " ထင်တော့ ထင်သားဘဲ ဘွားဘွားရေ ဘွားဘွားကိုတော့ ရိုးသားပါတယ်ဆိုတဲ့မြေးချွေးမလေးက လှည့်စားသွားပြီး " တော်ဝင် စိတ်ထဲတွေးနေတာတွေ ဘွားဘွားတစ်ယောက်မသိနိုင်တာ သေချာပါသည်။ တော်ဝင်အတွေးကို ရုတ်သိမ်းပြီး လက်ရှိအချိန်ကို ပြန်လှည့်လာလိုက်သည်။
              " ဘာလို့မဖြစ်နိုင်ရမှာလဲ ပျိုးမဟာနွယ် နင်ကလင်ပါသမီး ငါကမယားပါသား ဘာမှသွေးမတော်သားမစပ်ဘူး နင်အကိုအရင်းလဲမဟုတ်ဘူးလေ ဘာလိုငါတို့နှစ်ယောက်က မဖြစ်နိုင်ရမှာလဲ "
              " မင်းမျိုးရှိန်! "
              " မေမေ! "
              " အာ့ မေမေ ပျိုးနာတယ် မဆွဲပါနဲ့နော် " နောက်ထပ်အမျိုးသမီးတစ်ယောက်ထပ်ရောက်လာပြီး ပျိုးမဟာနွယ်ရဲ့လက်မောင်းကိုဆွဲဆိတ်လိုက်တာကြောင့် ဖြူနုတဲ့အသားအရည်က ချက်ခြင်းပင် အညိုရောင်ပြောင်းသွားသည်။
              " ပျိုးမဟာနွယ် နင်ကများ ရာရာစစငါ့သားကို မြူဆွယ်ရဲတယ် "
              " မဟုတ်ပါဘူးမေမေရယ် ပျိုးကဖေဖေ့အတွက်ဆေးသွားဝယ်နေတုန်း ကိုကြီးကရောက်လာပြီး ပျိုးကိုပြောတာပါ ပျိုးဘာမှမလုပ်ပါဘူး "
              " ပျိုးမဟာနွယ် ! " ဒေါသတကြီးအော်ဟစ်ပြီး ကိုကြီးရဲ့လက်တစ်ဖက်ကမြောက်တတ်သွားတာကြောင့် ပျိုးနားနှစ်ဖက်ကိုအုပ်ကာ မျက်စိစုံမှိတ်ထားလိုက်သည်။ ပျိုးနာကျင်မှုတစ်စုံတစ်ရာကိုမခံစားရဘဲ ပျိုးရဲ့နှာတံထဲကို ကော်ဖီရနံ့ခပ်သင်းသင်းလေးတစ်ခုဝင်ရောက်လာတာကြောင့် မှိတ်ထားတဲ့မျက်လုံးတွေကိုမရဲတရဲဖွင့်ကြည့်လိုက်သည်။ ပျိုးမျက်နှာပေါ်ကျရောက်လာမယ့် ကိုကြီးရဲ့လက်ကို သူမကတားဆီးထားသည်။ သူမရဲ့အကြည့်တွေက ပျိုးကိုစိုက်ကြည့်ကာ
              " စိတ်ပျက်ဖို့ကောင်းလိုက်တာ " ကြည်လဲ့နေတဲ့သူမရဲ့စိမ်းပြာရောင်မျက်ဝန်းတွေကလည်း သူမနဲ့မဆိုင်တဲ့ပြဿနာတစ်ခုကိုဝင်ပါလိုက်ရသလို အမှန်တကယ်ပင်စိတ်ပျက်နေသည့်ပုံ။ သူမရဲ့အကြည့်တွေကို ပျိုးဆီကနေခွာပြီးတော့ ကိုကြီးဘက်ကိုလှည့်ကာ
              " ယောကျာ်းရင့်မာကြီးတစ်ယောက်ဖြစ်ပြီး မိန်းကလေးတစ်ယောက်ကို လက်ပါတာမရှက်ဘူးလားဟမ့် "
              " မင်း မင်းကဘယ်သူလဲ ကိုယ်နဲ့မဆိုင်ရင်ဝင်မပါနဲ့ ကိုယ့်လမ်းကိုလစ်တော့ "
              " ငါ့နာမည် တော်ဝင်မဟေသီ ငါ့အဖွားနာမည်က ထိပ်ထားမဟေသီ ငါဘယ်သူလဲဆိုတာ နင့်အမေနင်ပြန်မေးကြည့်လိုက် " တော်ဝင်ဘယ်သူလဲသိတာနဲ့ ပျိုးမဟာနွယ် ခေါင်းငိုက်ကျသွားသည်။ မဟုတ်တာလုပ်ထားတဲ့သူဆိုတော့လဲ တော်ဝင်ကိုဘယ်မျက်နှာချင်းဆိုင်ရဲမှာလဲ။ ဒေါ်ဒေဝီခင်ကတော့ လေသံကောမျက်နှာကော ချိုအီနေအောင်ပြင်ကာ
              " အော် သမီးလေးပျိုးနဲ့လက်ထပ်မယ့် သမီးတော်ဝင်လေးလား အခုက သမီးလေးပျိုးနဲ့လာတွေ့တာလား "
              " ဟုတ်ကဲ့ မင်္ဂလာဝတ်စုံရပြီးတဲ့ သွားစမ်းဝတ်ကြည့်ဖို့လာခေါ်တာ ပြီးတော့ဘွားဘွားကလဲ သူ့ကိုတွေ့ချင်လို့တဲ့ခေါ်လာခဲ့ဦးဆိုလို့ "
              " ဟုတ်လား အဲတာဆို ခေါ်သွားလေသမီး သမီးပျိုးလေးလိုက်သွားနော် တော်ဝင်လေးစကားနားထောင်နော် လိမ်လိမ်မာမာလေးနေ "
              " ဟုတ်ကဲ့ပါ မေမေ " မပွင့်တပွင့်အသံတိုးညင်းညင်းက တော်ဝင်ရဲ့နားစည်ထဲကိုဖြတ်ဝင်လာသည်။ အဲလိုမိန်းကလေးမျိုးတွေဆို တော်ဝင်အရမ်းစိတ်ပျက်သည်။ ထိုကဲ့သို့သော အားနည်းတဲ့ပုံစံတွေကြောင့် မိန်းမတွေက ယောကျာ်းတွေအတွက် နှိပ်စက်စရာ အနိုင်ယူစရာ အထင်သေးစရာတွေဖြစ်နေတာပင်။ မိန်းကလေးတစ်ယောက်က ကျားကျားယားယားနေဖို့ဆိုလိုတာမဟုတ် ရဲရဲဝံ့ဝံ့နဲ့ ပြောရဲဆိုရဲ သတ္တိရှိရှိနေရတာမျိုးဖြစ်သည်။ အားနည်းသလိုပုံစံ ကြောက်သလိုရွံသလိုပုံစံတွေက ယောကျာ်းတွေကိုအခွင့်အရေးပေးနေသလိုဖြစ်စေသည်။
             " အမေ ဒီမင်္ဂလာပွဲကို ကျွန်တော်လက်မခံဘူးနော် "
             " သားရယ် သားညီမလေးက လူကောင်းသူကောင်းလေးနဲ့ရတာပါ လက်ခံလိုက်ပါနော် "
             " လာ သွားမယ် မင်းလိုက်ခဲ့ " ဒေါ်ဒေဝီခင်တို့ သားအမိရဲ့ဇာတ်ပွဲကိုဆက်မကြည့်ချင်တာကြောင့် သူမကိုခေါ်ကာ ထိုနေရာကနေထွတ်လာခဲ့သည်။
             " ဝင် ကားထဲကို " တော်ဝင် ကားရပ်ထားတဲ့နေရာဆီဆွဲခေါ်လာကာ သူမကိုကားထဲပစ်ထည့်ပြီး မင်္ဂလာဝတ်စုံဆိုင်ကို မောင်းထွတ်လာခဲ့သည်။ ကားမောင်းနေတဲ့တော်ဝင်ရဲ့ဘေးတစ်ခြမ်းပုံကို သူမခိုးခိုးကြည့်နေတာ တော်ဝင်မျက်စိထောင့်ကနေမြင်နေရသည်။
             " လှတဲ့သူကို မမြင်ဖူးဘူးလား "
             " မ မဟုတ်ပါဘူး " တော်ဝင်မေးလိုက်တော့မှဘဲ မျက်လုံးက ဟိုဟိုဒီုရွေ့လျားကာ အကြည့်လွှဲလိုက်သည်။
             " ပျိုးမဟာနွယ်မလား နာမည်က "
             " ဟုတ် ဟုတ်ပါတယ် "
             " အင်း မင်းဘက်က ဘာရည်ရွယ်ချက်နဲ့ ကိုယ့်ကိုလက်ခံခဲ့လဲမသိပေမယ့် ... "
             " ပျိုးမှာ ဘာရည်ရွယ်ချက်မှမရှိပါဘူးရှင် မေမေ့ဆန္ဒကို ... "
             " ကျစ်... ကိုယ်စကားပြောနေတာကို ဖြတ်ပြောတာ ကိုယ်မကြိုက်ဘူး စိတ်ပျက်ဖို့ကောင်းလိုက်တာ " စိတ်ပျက်ဖို့ကောင်းလိုက်တာတဲ့ ပျိုးအဲစကားကိုကြားရတာနှစ်ခါရှိပြီး။ နှစ်ခါလုံးကလဲ ပျိုးလက်ထပ်ရမယ့်သူဆီကနေ ထွတ်လာတဲ့အသံဖြစ်သည်။ ပျိုးကအဲလောက်တောင် စိတ်ပျက်ဖို့ကောင်းနေတာလား။ ပျိုးလဲဘာမှမလုပ်ဘဲနဲ့ လူတိုင်းကပျိုးကိုစိတ်ပျက်နေကြတာလဲ။ ပျိုးစိတ်ထဲဝမ်းနည်းလာတာကြောင့် မျက်ရည်ကျလာရသည်။
             " ပျိုးမဟာနွယ်! ကိုယ်ဘာပြောရသေးလို့ မင်းကငိုနေတာလဲ အခြားသူတွေလိုမျက်ရည်ခြူလိုက်တာနဲ့ သနားမယ့်ထဲမှာကိုယ်မပါဘူးနော် အဲမျက်ရည်တွေနဲ့ဘွားဘွားကိုဘဲ လှည့်စားလို့ရမယ် ကိုယ့်ကိုလှည့်စားလို့မရဘူး "
             " ဟင့်... ပျိုးက မျက်ရည်ခြူတာမဟုတ်ပါဘူး ပျိုးဘယ်သူကိုမှလဲ မလှည့်စားဘူး ရွှတ်... "
             " မိန်းကလေးဖြစ်ပြီး နေရာတကာပျော့ညံ့ပြီး မျက်ရည်လွယ်တာလဲ ကိုယ်မကြိုက်ဘူး "
             " ပျိုးကိုကြိုက်တဲ့အရာရောရှိသေးရဲ့လား အကုန်မကြိုက်ဘူးဆိုတာချည်းဘဲ "
             " အမှန်တိုင်းပြောရရင် မင်းပုံစံ မင်းအကျင့် မင်းအပြုအမှု မင်းနဲ့ပတ်သတ်တာမှန်သမျှဘာမှမကြိုက်ဘူးရှင်းလား "
             " ဟွန့် ဘယ်သူကရော ကြိုက်ပါလို့ပြောနေလို့လဲ ပျိုးမှမယူရင် တစ်သက်လုံးအပျိုကြီးဖြစ်မယ့်လူကြီး " တော်ဝင်ထင်ထားတာနဲ့ ခြားနားစွာ တော်ဝင်ကိုစောင်ကြည့်ပြီး ဟိုဘက်လှည့်ကာ တီတိုးပြောနေတဲ့သူကို တော်ဝင်ဘာပြောရမှန်းတောင်မသိတော့ပါ။
             တော်ဝင်မျက်စိရှေ့ကလူနှစ်ယောက်ကို ထိုင်ကြည့်နေရင်းနဲ့ မြင်ပြင်းကပ်လာသည်။ မသိရင် လွန်ခဲ့တဲ့ဆယ်နှစ်တည်းက ကွဲကွာသွားပြီး အခုမှပြန်တွေ့ကြတဲ့ မြေးအဖွားတွေလို့ သည်းသည်းလှုပ်ဖြစ်နေသည်။
             " ဘွားဘွားလဲ ကျန်းမာရေးဂရုစိုက်နော် "
             " စိတ်ချပါမြေးလေးရယ် မင်္ဂလာဝတ်စုံသွားကြည့်ပြီးကြပြီးမလား ကြိုက်ရဲ့လား မကြိုက်ရင်ဘွားဘွားကိုပြော ဘွားဘွားအသစ်ထပ်ချုပ်ခိုင်းလိုက်မယ် " တဘက်ခါဘဲမင်္ဂလာဆောင်ရတော့မယ် မင်္ဂလာဝတ်စုံထပ်ချုပ်ခိုင်းဖို့ပြောနေတဲ့အဘွားတော်ကို တော်ဝင်ဆက်ပြီးထိုင်မနေနိုင်တော့တာနဲ့
             " ဘွားဘွား တော်ဝင်သွားနားတော့မယ်ပင်ပန်းနေပြီးမို့ "
             " အေး အေး ဘွားဘွားလဲနားချင်ပြီးမို့ မြေးလေးက မြေးတော်ဝင်နဲ့အတူသွားနားလိုက်တော့နော် ညစာစားပြီးမှပြန် မြေးတော်ဝင်ကိုဘွားဘွားလိုက်ပို့ခိုင်းလိုက်မယ် "
             " ဟုတ် ဘွားဘွား " ဘွားဘွားက တော်ဝင်နဲ့အတူရင်းနှီးဖို့လှော်နေပြီးဆိုတာကို တော်ဝင်သိလိုက်သည်။ ဒီကောင်မလေးကို ဘွားဘွားတစ်ယောက် ဘာလို့သဘောကျနေမှန်းတော်ဝင်တော့နားမလည်နိုင်တော့ပါ။ ပျော့လဲပျော့ညံ့သေးသည်။ မျက်ရည်လဲလွယ်သေးသည်။ အဆိုးဆုံးကတော့ တော်ဝင်အတွက် ထိုကောင်မလေးက စိတ်ပျက်ဖို့ကောင်းလွန်းသည်။ တော်ဝင်အခန်းထဲရောက်တာနဲ့ ပင်ပန်းလာတာနဲ့ ရေချိုးရန်ရေချိုးခန်းထဲတန်းဝင်လိုက်သည်။ ဟိုကောင်မလေးကတော့ အခန်းကိုလှည့်ပတ်ကြည့်ရင်းကျန်နေခဲ့သည်။ ချမ်းသာတဲ့သူတွေရဲ့ ကြီးကျယ်ခမ်းနားမှုတွေကို မြင်တွေ့နေရတဲ့ပျိုးအနေနဲ့ အကြည့်တောင်မလွှဲချင်ပါ။ အရင်တုန်းက ပျိုးငယ်ငယ်တုန်းက ချမ်းချမ်းသာသာ၊ ခမ်းခမ်းနာနာနေခဲ့ရပေမယ့် ဖေဖေ့စီးပွားပျက်ပြီးတဲ့နောက်ပိုင်း ပျိုးတို့ရဲ့အိမ်ကြီးကိုစွန့်လွှတ်လိုက်ရပြီး သာမာန်အိမ်လေးမှာဘဲ ချို့ချို့တဲ့တဲ့နေခဲ့ရသည်။ ဖေဖေ့ကတော့ စီးပွားပျက်ပြီးနောက်ပိုင်း စိတ်ဓာတ်ကျကာအရက်ကိုဘဲသောက်နေတာကြောင့် အရက်သမားရဲ့ကျေးကျွန်ဖြစ်လာခဲ့သည်။ သုံးနိုင်ဖြုန်းနိုင်တုန်းက ကြည်ဖြူတဲ့အန်တီဒေဝီခင်ကလဲ ဘာမှမရှိတော့တဲ့ပျိုးတို့သားအဖကို ငြိုငြင်လာခဲ့သည်။ အန်တီဒေဝီခင်ရဲ့ နှိမ်စက်မှုတွေ ကိုကြီးရဲ့ထိကပါးရိကပါးစော်ကားမှုတွေကြားမှာ ပျိုးကြီးပြင်းလာခဲ့ရသည်။ အနှိမ်ခံဘဝကနေကယ်တင်ပေးပြီး အခုလိုဘဝမျိုးရောက်အောင်လုပ်ပေးတဲ့ ဘွားဘွားကိုရော မမတော်ဝင်ကိုရော ပျိုးအရမ်းကျေးဇူးတင်မိသည်။ ဘွားဘွားကတော့ ပျိုးကိုချစ်ပေမယ့်၊ မမတော်ဝင်က ပျိုးကိုမုန်းနေတာ ပျိုးသိပါသည်။
             " ဘာဘဲဖြစ်ဖြစ် ဒီမိသားစုက ပျိုးရဲ့မိသားစုဖြစ်လာမှာဘဲ အတတ်နိုင်ဆုံး ပျိုးကျေးဇူးပြန်သိတတ်ရမယ် မမတော်ဝင်မုန်းလဲ ပျိုးသည်းခံရမယ် ဟုတ်တယ် အဲတာမှန်တယ် " တစ်ယောက်တည်းတွေးနေလိုက်၊ ငိုင်သွားလိုက်၊ ပြန်ပြီးအားတတ်သွားလိုက်ဖြစ်နေတဲ့ ပျိုးမဟာနွယ်ကိုကြည့်ပြီး တော်ဝင်ခေါင်းခါလိုက်သည်။ တော်ဝင်စိတ်ထဲမှလဲ
             " ကျပ်ကောပြည့်ရဲ့လားမသိဘူး စိတ်ပျက်ဖို့ကောင်းလိုက်တာ " ထိုသို့သာ တွေးနိုင်တော့သည်။
             =======================

တော်ဝင်မဟာနွယ် ( တော်ဝင်မဟာနွယ် )Where stories live. Discover now