တော်ဝင်မဟာနွယ်
- အပိုင်း ၁၁
- GL Story
- စာရေးသူ ချယ်
" ဟူး... တွေ့ဆုံပွဲပြီးပြီး ဒီလူနဲ့ညှိနှိုင်းရတာ တကယ်မလွယ်တာဘဲ တော်သေးတာပေါ့ CEOက လုပ်ပိုင်ခွင့်အပြည့်ပေးခဲ့လို့သာပေါ့ "
" ဟုတ်တယ်နော် မ လဲ ပင်ပန်းနေရောပေါ့ အိန်ဂျယ်ပြန်လိုက်ပို့ပေးမယ် မ အိမ်လိပ်စာပေး "
" ရပါတယ် အစ်မဘာသာဘဲ ကားဌားပြီး အိမ်ပြန်လိုက်ပါမယ် "
" မရပါဘူနော် အိန်ဂျယ်ကိုယ်တိုင်ပြန်လိုက်ပို့မှာ CEOကလဲ အိမ်အရောက်ပို့ပေးဖို့တာဝန်ပေးထားပြီးသား ဘာလဲ မ က CEOရဲ့အမိန့်ကို မနာခံတာလား "
" အဲလိုမဟုတ်ပါဘူး အချိန်ကဆယ်နာရီကျော်နေပြီးလေ အစ်မကိုလိုက်ပို့ဦးမယ်ဆိုရင် မင်းပြန်တာနောက်ကျနေလိမ့်မယ် "
" ရတယ် ဘာမှမဖြစ်ဘူး နောက်ကျနေရင်လဲ မရဲ့အိမ်မှာဘဲ အိပ်လိုက်မယ်လေ ရတယ်မလား "
" တကယ်ဘဲ ခေါင်းမာချက်ကတော့ လိုက်ပို့ချင်တယ်ဆိုရင်လဲ မင်းသဘောဘဲ အစ်မလမ်းပြမယ် မောင်းတော့ "
" မ ရဲ့ အမိန့်တော်အတိုင်းပါရှင့် ဟီး... " လုပ်ချင်တာလုပ်ခွင့်ပေးလိုက်တော့ အူမြူးနေတဲ့နိုင်ငံခြားသူလေးကြောင့် ယူရီခေါင်းသာယမ်းလိုက်တော့သည်။ ယူရီလမ်းပြတဲ့အတိုင်း ဖြည်းဖြည်းနဲ့မှန်မှန်မောင်းလာတဲ့ကားလေးက ယူရီနေထိုင်တဲ့တိုက်ခန်းရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီးဖြစ်သည်။ ကားပေါ်ကမဆင်းခင် ယူရီကိုအိမ်ရှေ့ထိလိုက်ပို့ပေးတဲ့ သူမကို
" အစ်မကို လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးဘဲကလေး နောက်ကျနေပြီးမို့ ကားကိုဂရုစိုက်ပြီး ဖြည်းဖြည်းမောင်းနော် "
" မ စောစောက အိန်ဂျယ်ကိုဘယ်လိုခေါ်လိုက်တာလဲ "
" ကလေးလို့ခေါ်လိုက်တာလေ အစ်မထက်ငယ်တယ်မလား မင်းမကြိုက်ရင် ပြန်ပြောင်းခေါ် "
" မဟုတ်ဘူး ကြိုက်တယ် ကြိုက်တယ် အိန်ဂျယ်ကို အဲလိုဘဲခေါ်ပေးနော် မ "
" ကောင်းပါပြီး အဲတာဆို အစ်မအိမ်ထဲဝင်တော့မယ်နော် ကလေး "
" ဟိုလေ...မ... " ထိုင်ခုံခါးပတ်ကိုဖြုတ်နေတဲ့ ယူရီလက်ကိုဆွဲတားထားပြီး စကားပြောဖို့တွန့်ဆုတ်နေတဲ့ ထိုကလေးမကို ယူရီစိတ်မရှည်တော့ပါ။
" ကဲ ဘာပြောမလို့တုန်း ပြောလေ မင်းလုပ်တာနဲ့ အစ်မဒီနေ့အိမ်ထဲရောက်ဦးမှာလား "
" ဟိုလေ... ဂွီ... ဂီ်ွ... " မရဲ့အိမ်ထဲဝင်ခွင့်ရဖို့ အကြောင်းပြချက်ရှာနေရင်း အချိန်ကိုက်မြည်လာတဲ့ဗိုက်က အော်သံကြောင့် အိန်ဂျယ်မျက်နှာလေးလင်းလက်သွားသည်။
" အိန်ဂျယ်ဗိုက်ဆာနေလို့ အိမ်ထဲခေါ်ပြီး တစ်ခုခုမကျွေးချင်ဘူးလား မ " အခုဘဲ ကုမ္မဏီမိတ်ဖတ်ဒါရိုက်တာနဲ့ ညစာစားပြီးတာဆိုပေမယ့် အလုပ်ကိစ္စစကားပြောရင်းစားရတာကတစ်ကြောင်း အဝစားရတဲ့ဆိုင်မျိုးမဟုတ်ဘဲ အလှစားရတဲ့စားသောက်ဆိုင်မျိုးဖြစ်တာကတစ်ကြောင်းကြောင့် ဗိုက်ပြည့်အောင်မစားခဲ့ရတာက အမှန်ပင်ဖြစ်သည်။ ယူရီလဲ ဗိုက်ဆာနေတဲ့သူကို ဒီတိုင်းပြန်မလွှတ်ချင်ပေမယ့်လည်း အိမ်မှာစားစရာက ခေါက်ဆွဲကလွဲပြီးဘာမှမရှိတာကြောင့်
" ကလေးအခုပြန်မှာဘဲမလား အိမ်ရောက်မှဘဲစားတော့လေ အရမ်းဆာနေရင်လဲ လမ်းမှာတွေ့တဲ့စားသောက်ဆိုင်တစ်ခုခုမှာ ဝင်စားလိုက်လေနော် "
" မရဘူး မ အိန်ဂျယ်က ဗိုက်ဆာနေတဲ့ချိန်ဆိုကားမမောင်းနိုင်ဘူးရယ် အရင်တုန်းကအဲလိုမောင်းခဲ့တာ ကားတိုက်မှုဖြစ်တော့မလို့ နည်းနည်းဘဲလိုတော့တယ် မ ရဲ့ " ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ မ နဲ့အတူရှိနေရဖို့အတွက် အိန်ဂျယ်ပါစပ်ထဲရှိရာသာလျှောက်ပြောလိုက်သည်။
" မင်းဟာက ဟုတ်ရောဟုတ်ရဲ့လား အစ်မဖြင့်ကြားတောင်မကြားဖူးဘူး ထားပါတော့ အိမ်ထဲဝင် ထမင်းတော့မရှိဘူး ရှိတာလုပ်ပေးမယ် စားပြီးရင်တော့ပြန်နော် "
" စိတ်ချပါ မ အိန်ဂျယ်စားပြီးရင်ပြန်မှာပါ " ကံကောင်းထောက်မလို့ အိန်ဂျယ်ပြောတာကို ယုံကြည်သွားတဲ့ မ က အိမ်ထဲကို ဝင်ခွင့်ပေးလိုက်လေသည်။ မ ရဲ့အိမ်လေးက အရမ်းအကျယ်ကြီးမဟုတ်ပေမယ့် နေချင်စဖွယ်လေးပင်ဖြစ်သည်။ မများလှတဲ့အိမ်ထောင်ပရိဘောဂတွေကို သေချာနေရာချထားပြီး သန့်ရှင်းသပ်ရပ်နေအောင်ထားထားတဲ့ မ က အရမ်းတော်တဲ့အိမ်ရှင်မကောင်းဖြစ်မှန်း သိသာလေသည်။
" ဒီမှာခနထိုင်ဦးနော် အစ်မ အဝတ်သွားလဲဦးမယ် "
" ဟုတ် မ " မ ညွှန်ပြတဲ့ထိုင်ခုံလေးမှာထိုင်ရင်း ဧည့်ခန်းထဲမှာရှိတဲ့ အပြင်အဆင်တွေကို အိန်ဂျယ်လိုက်ကြည့်နေလိုက်သည်။ အိန်ဂျယ်ထိုင်နေတဲ့မျက်နှာချင်းဆိုင်တည့်တည့်က နံရံမှာချိတ်ဆွဲထားတဲ့မင်္ဂလာဆောင်ဓာတ်ပုံကြောင့် အိန်ဂျယ်စိတ်ထဲဝမ်းနည်းသွားသည်။ ထိုဓာတ်ပုံကို ထပ်မကြည့်ချင်လို့ မျက်နှာလွဲလိုက်တော့ အိန်ဂျယ်မျက်လုံးထဲ ခြေဖမိုးဖြူဖြူလေးတစ်စုံဝင်လာသည်။ အိန်ဂျယ်ခေါင်းမော့အကြည့် အဖြူခံပေါ်မှာ မစ်ကီးမောက်ကာတွန်ပုံညဝတ်အိင်္ကျိလေးဝတ်ထားတဲ့ မ အိန်ဂျယ်ကိုခေါင်းငုံကာပြုံးပြုံးလေးကြည့်နေတာနဲ့တွေ့လိုက်ရသည်။ အိမ်နေရင်းပုံစံနဲ့ မ က ကလေးလေးတစ်ယောက်လိုဘဲချစ်ဖို့ကောင်းလွန်းသည်။ ဒါပေမယ့် မ က အိမ်ထောင်သည်တစ်ယောက်ဖြစ်နေတဲ့အတွက် အိန်ဂျယ်ရဲ့အချစ်က မစခင်ကတည်းက အဆုံးသတ်နေပြီးဖြစ်သည်။
" ဗိုက်အရမ်းဆာနေပြီးလား အစ်မခေါက်ဆွဲပြုတ်ပေးမယ်နော် လောလောဆယ်တော့အိမ်မှာ ဒါဘဲရှိလို့ စားတယ်မလား "
" ဟုတ် မ စားပါတယ် "
" အဲတာဆို လာ မီးဖိုချောင်းထဲသွားကြတာပေါ့ " မီးဖိုချောင်းထဲရောက်တော့ မ က ခေါက်ဆွဲပြုတ်နေပြီး အိန်ဂျယ်ကတော့ စာပွဲဝိုင်းမှာထိုင်စောင့်နေရသည်။ အိန်ဂျယ်ကူလုပ်ပေးပါမယ်ဆိုတာကို လက်မခံတဲ့ မ က တစ်ယောက်တည်း တကုတ်ကုတ်လုပ်နေရင်း ခနအကြာမှာ အိန်ဂျယ်ရဲ့ရှေ့ကို အငွေ့တလူလူနဲ့ခေါက်ဆွဲပြုတ်နှစ်ပွဲက စာပွဲခုံပေါ်ရောက်လာခဲ့သည်။ ပန်းဂေါ်ဖီပွင့် ကန်စွန်းရွက် ပဲပြားနဲ့ ပုစွန်အနည်းငယ်နဲ့ပြင်ဆင်ထားတဲ့ခေါက်ဆွဲပြုတ်ချဉ်ချဉ်စပ်စပ်လေးကို အိန်ဂျယ်တို့နှစ်ယောက် ခေါင်းပင်မဖော်ဘဲလွေးလိုက်ကြသည်။ စားကောင်းသောက်ကောင်းမှန်သမျှ အိန်ဂျယ်စုံနေအောင်စားခဲ့ဖူးပေမယ့် မ ကိုယ်တိုင်ပြုတ်ပေးထားတဲ့ခေါက်ဆွဲပြုတ်လေးက အိန်ဂျယ်အတွက် အကောင်းဆုံးနတ်သုဒ္ဓါပင်ဖြစ်သည်။ အိန်ဂျယ်တို့စားပြီးတဲ့ထိတိုင်အောင် မ ရဲ့ ယောကျာ်းဆိုတဲ့သူကို မတွေ့တာကြောင့် အိန်ဂျယ်မနေနိုင်စွာထုတ်မေးလိုက်သည်။
" ဒါနဲ့ မရဲ့ယောကျာ်းရော အိန်ဂျယ်လဲမတွေ့မိပါလား ခုချိန်ထိပြန်မရောက်သေးတာလား "
" ဟမ်! ဘယ်ကယောကျာ်းလဲ ကလေး "
" ဧည့်ခန်းထဲမှာတွေ့ခဲ့တဲ့မင်္ဂလာဆောင်ဓာတ်ပုံက မရဲ့ယောကျာ်းလေ "
" ဟား... ဟား... ဟား... ရယ်ရလွန်းလို့ မျက်ရည်တောင်ကျတယ်ကလေးမရယ် " အိန်ဂျယ်ပြောတဲ့စကားမှာ ဘာရယ်စရာပါလဲတော့မသိပေမယ့် မျက်ရည်ထွတ်အောင်ရယ်နေတဲ့ မ ကို ကြည့်ပြီး အိန်ဂျယ်ကြောင်တောင်တောင်ဖြစ်နေပြီး။
" ဒီအိမ်ကိုရောက်လာတဲ့သူတိုင်းက ကလေးလိုဘဲ အစ်မကိုမေးကြတယ်သိလား အဲချိန်တိုင်းအစ်မဖြေနေကျစကားအတိုင်းဘဲ အစ်မဖြေရမှာဘဲ အဲတာအစ်မမဟုတ်ဘူး "
" အမ်... မဖြစ်နိုင်တာ အစ်မနဲ့တထေရာတည်းတူနေတဲ့ဟာကို "
" အဲတာ အစ်မရဲ့အဖေနဲ့အမေမင်္ဂလာဆောင်တုန်းကပုံလေးပါ အစ်မကအမေ့ငယ်ရုပ်နဲ့တထေရာတည်းဘဲ "
" ဟုတ်လား အဲတာ မရဲ့အမေပေါ့ မ နဲ့ တူလိုက်တာ ချွတ်ပြီးစွပ်ထားသလိုဘဲ အဲတာဆို မ က အိမ်ထောင်သည်မဟုတ်ဘူးပေါ့နော် "
" မဟုတ်ပါဘူးကလေးရယ် အစ်မမှာ ယောကျာ်းရှိဖို့မပြောနဲ့ ရည်စားတောင်မူးလို့ရှူစရာမရှိဘူး "
" တော်သေးတာပေါ့ မ ရယ် မ မှာ အိမ်ထောင်ရှိတယ်ထင်လို့ အိန်ဂျယ်ကဝမ်းနည်းနေတာ "
" ဘာမှလဲမဆိုင်ဘဲနဲ့ ဘာလို ကလေးက ဝမ်းနည်းနေရတာတုန်း "
" ဟို... အခုလိုညဘက်ကြီးထိပြန်မလာတော့ မ ကို ပစ်ထားတဲ့ယောကျာ်းမျိုးရထားတယ်ထင်လို့ပါ "
" ကြံကြီးစည်ရာ ပေါက်ကရတွေအရမ်းတွေးတတ်တာဘဲ "
" ဟီး... မ စားပြီးပြီးမလား အိန်ဂျယ်ပန်ကန်ဆေးပေးမယ်နော် မ အရှေ့မှာသွားထိုင်နေ "
" ရပါတယ် အစ်မဘဲဆေးလိုက်ပါမယ် မင်းပြန်ရတာနောက်ကျနေမယ် "
" အိန်ဂျယ်ဆေးပါမယ် မ ရယ် မကြာပါဘူး မ က ခေါက်ဆွဲပြုတ်ပေးထားတယ် ပန်ကန်ဆေးဖို့တာဝန်တော့ အိန်ဂျယ်ကိုပေးပါနော် နော်လို့... "
" မင်းတို့ နိုင်ငံခြားသူတွေက တအားခေါင်းမာတာဘဲ မင်းသဘောဘဲ ဆေး... ဆေး... အစ်မ ဧည့်ခန်းမှာစောင့်နေမယ် မြန်မြန်တော့လုပ်နော် ဆယ့်နှစ်ကျော်နေပြီး မင်းပြန်ရဦးမှာ "
" စိတ်ချပါ မ ခနပါဘဲ " မ ဧည့်ခန်းထဲကို ထွတ်သွားတော့ အိန်ဂျယ်လဲ စားပြီးသားပန်ကန်တွေကို ခပ်သွက်သွက်လေးဆေးလိုက်သည်။ ပြီးတာနဲ့ ပန်ကန်တွေကို နေရာတကျပြန်ထားပြီးတာနဲ့ အိမ်ရှေ့ကိုထွတ်လာခဲ့သည်။ အိမ်ရှေ့ဧည်ခန်းထဲမှာ ဒူးပေါ်ခေါင်းတင်လို့ အိပ်ပျော်နေတဲ့ မ ကို အိန်ဂျယ်တွေ့လိုက်ရတော့
" မ ရာ ဒီလိုကြီးအိပ်နေရလားကွာ ခါးတွေတော့ နာနေတော့မှာဘဲ " အိန်ဂျယ်လဲ မ ကို မနှိုးတော့ဘဲ ဒူးခေါက်ကွေးနေရာကြား လက်လျိူသွင်းပြီး ပွေ့ချီလိုက်သည်။
" အင့်... " အင့်ခနဲ့တစ်ချက်သာညည်းပြီး အိန်ဂျယ်ရဲ့ပုခုံးပေါ်မှာ ပြန်အိပ်ပျော်သွားသည်။
" ဟက်... ကလေးကျနေတာဘဲ " မ ကို ပွေ့ချီပြီး မရဲ့အိပ်ရာပေါ် ဖြည်းဖြည်းလေးချပေးပြီးတာနဲ့ မရဲ့နဖူးပြင်လေးကို ဖွဖွလေးအနမ်းပေးလိုက်သည်။ နဖူးနဲ့တင် မတင်းတိမ်နိုင်တဲ့အိန်ဂျယ်က အိပ်နေတာကို အခွင့်ကောင်းယူပြီး မရဲ့ပန်းဆီရောင်နှုတ်ခမ်းဖူးလေးကို နမ်းရှိုက်လိုက်သည်။ အခုမှဘဲ အလိုပြည့်သွားတဲ့အိန်ဂျယ်က ပါးလေးကိုခပ်ဖွဖွပွတ်သပ်ကာ
" goodnightပါ အိန်ဂျယ်ရဲ့မ အိပ်မတ်ထဲမှာ အိန်ဂျယ်ကို ထည့်မတ်နော် " အိန်ဂျယ်လဲ မ ကို နှုတ်ဆတ်ပြီးတာနဲ့ အိမ်တံခါးတွေကို အတွင်းကနေ သေချာသော့ခပ်ပြီးတာနဲ့ အိန်ဂျယ်နှုတ်ခမ်းမှာ အပြုံးတွေချိတ်ဆွဲပြီး အိမ်ပြန်ခဲ့တော့သည်။
" မေမေ... မေမေ... " ဖဲရှုံးလာလို့ စိတ်ညစ်နေရတဲ့ကြားထဲ ဘေးကနေ တကျီးကျီးလာလုပ်နေတဲ့သားဖြစ်သူကြောင့် ဒေါ်ဒေဝီခင်ပိုလို့တောင် စိတ်ညစ်သွားသည်။
" ဘာလဲ မင်းမျိုးရှိန်ရယ် ခေါ်လဲခေါ်နိုင်လွန်းတယ် "
" မခေါ်လို့မရဘူးလေ မေမေရယ် ဆရာပေးထားတဲ့စာရွက်ကို ဘယ်တော့မှ ပျိုးမဟာနွယ်ကိုသွားပေးမှာလဲ ဆရာကပြောနေပြီး အလုပ်ကိုအချိန်ဆွဲလုပ်နေတာလားတဲ့ ကျွန်တော်ကိုလဲ ဆူနေတယ် "
" တမင်အချိန်ဆွဲနေတာမှ မဟုတ်တာအေ ငါပေးတဲ့စာရွက်ကို ပျိုးမဟာနွယ်သိရင် ရှော့အကြီးကြီးရသွားလိမ့်မယ်ဟဲ့ ကျိန်သေပေါက်လဲ သူတို့ကွဲကိုကွဲမှာ အဲတာကြောင့် ဒီနှစ်ရက် သုံးရက်လောက် သူတို့ကို ပေးပျော်ထားတာပါအေ " တကယ်တော့ ဒီရက်အတွင်း ဖဲဝိုင်းကောင်းနေတာကြောင့် သွားမပေးဖြစ်တာဆိုတာကိုတော့ ဒေါ်ဒေဝီခင်သာသိလေသည်။
" ပေးပျော်ခိုင်းတဲ့ရက်တွေက တော်သင့်ပြီးမေမေ မနက်ဖြန်ဘဲ သွားပေးလိုက်တော့ "
" အေးပါဟယ် မနက်ဖြန်သွားပေးရင်ပြီးရောမလား တကယ်တည်း သူကအမေလား ငါကအမေလားတောင်မသိတော့ဘူး " ပြောချင်ရာပြောပြီး ဘောက်ဆက်ဆက်နဲ့အခန်းထဲဝင်သွားလေသည်။ မင်းမျိုးရှိန်ကတော့ တစ်ယောက်တည်းအတွေးတွေဖြန့်ကျက်လို့ ကျန်ခဲ့သည်။ သူသည် ဆရာမာန်ဟိန်းဆီမှာ တပည့်ခံပြီးတဲ့နောက်မှာ မြေအောက်ဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လာသည်။ ကိုယ်ခံပညာတွေကို ကြိုးစားလေ့ကျင့်ရင်း တစ်ဖက်မှာလဲ ချစ်ရသူပျိုးမဟာနွယ်ကို အရယူဖို့အကြံပေါင်းစုံထုတ်နေလေသည်။ ပျိုးမဟာနွယ်ကွာရှင်းတာနဲ့ သူအနေနဲ့မရရတဲ့နည်းလမ်းအကုန်သုံးပြီး အရယူဖို့စဉ်းစားထားသည်။ ဟိုးအရင် လူမှန်းသိတတ်စအရွယ်တည်းက ပျိုးမဟာနွယ်က သူ့ရဲ့အပိုင်သာဖြစ်သည်။ သူမပိုင်ရရင်တောင် နောက်ဘယ်သူမှ မပိုင်ဆိုင်နိုင်စေရ။ မရရတဲ့နည်းနဲ့ ဖျက်ဆီးပစ်ဖို့ နောက်တွန့်နေမှာ မဟုတ်ပေ။
အဖြူရောင်အိပ်ခန်းကျယ်ကြီးထဲက ကြေးနီရောင်ကတ္တီပါဒန်းလော့မွေ့ရာကြီးပေါ်တွင် လူတစ်ယောက်အိပ်စက်နေသည်။ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်နေခြင်းမျိုးမဟုတ်ဘဲ ကြောက်မက်ဖွယ်အိပ်မတ်ဆိုးကြီးတစ်ခုကို တစ်ယောက်တည်းတိုက်ထုတ်နေခြင်းမျိုးဖြစ်သည်။ မျက်ခုံးတွေကိုစုကျုံထားပြီး နဖူးနဲ့လည်ပင်းတစ်လျှောက် ချွေးစေးတွေထွတ်နေပြီး ထိုသူရဲ့ခန္ဓာကိုယ်သည်လည်း တစ်ချက်တစ်ချက်တုန်တတ်သွားသည်။ ထိုသူသည်အခြားမဟုတ် မဟေသီစံအိမ်ရဲ့အုပ်ချုပ်သူအရှင်သခင်မကြီး ဒေါ်ထိပ်ထားမဟေသီပင်ဖြစ်သည်။
" မေမေ ဘာလို့ သမီးကို အဲလိုလုပ်ရက်တာလဲ သမီးက မေမေ့သမီးအရင်းကြီးပါ "
" မဟုတ်... မဟုတ်ပါဘူးသမီးရယ် "
" ဒေါ်ထိပ်ထားမဟေသီ ခင်ဗျာကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး "
" ငါမှားပါတယ် ငါလုပ်ရပ်တွေကိုနောင်တရနေပါပြီး ငါ့ကိုခွင့်လွှတ်ကြပါ "
" ခွင့်လွှတ်ရမယ်ဟုတ်လား ဘွားဘွားက ခွင့်လွှတ်မှုနဲ့တန်လို့လား "
" တောင်းပန်ပါတယ်ဆိုတာကလွဲပြီး ဘာမှပြောစရာမရှိပါဘူး တောင်းပန်ပါတယ် "
" အန်တီတောင်းပန်လိုက်တာနဲ့ အပြစ်တွေကျေသွားမယ်ထင်လား အန်တီလူဘယ်နှယောက်ရဲ့ဘဝတွေကို ဖျက်ဆီးခဲ့တယ်ဆိုတာကို အန်တီပြန်ကြည့်ပါဦး "
" ခွင့်မလွှတ်ဘူး... "
" ခွင့်မလွှတ်ဘူး... "
" ခွင့်မလွှတ်ဘူး... "
" မဟုတ်ဘူး! " ဒေါ်ထိပ်ထားမဟေသီအိပ်မတ်ကနေ လန့်နိုးလာသည်။ ရင်ဘက်အစုံကလဲ ဖားဖိုကြီးလိုနှိပ်လိုက်မြင့်လိုက်နဲ့ အသက်ကိုလုရှုနေရသည်။ သြဇာအာဏာအပြည့် မာန်မာနအပြည့်နဲ့ ဒေါ်ထိပ်ထားမဟေသီရဲ့မျက်ဝန်မှာ မျက်ရည်စတွေတွဲခိုနေသည်။ သူမလဲ ရင်အေးသွားအောင် ရေတစ်ခွက်သောက်ပြီး သက်ပြင်းကိုအသာရှိုက်ကာ အိပ်မတ်ဆိုးတွေထပ်မမတ်ပါစေနဲ့လို့သာဆုတောင်းပြီး ပြန်အိပ်လိုက်တော့သည်။
ဒီနေ့ရုံးပိတ်ရက်ဖြစ်တာကြောင့် ပျိုးနဲ့ မမတော်ဝင်တို့တွေ Royal Boxing Club ကို ရောက်နေတာဖြစ်သည်။ အစ်ကိုဗစ်တာ အစ်မဂရေစ့်တို့နဲ့လည်းမတွေ့တာကြာပြီးဆိုတော့ အစ်ကို အစ်မတွေနဲ့တွေ့ပြီး ပျိုးတို့တူတူနေ့လည်စာစားကြဖို့ပါ စီစဉ်ထားကြသည်။ ပြီးခဲ့တဲ့နှစ်က Boxingပြိုင်ပွဲကနေ မမတော်ဝင်ထိခိုက်ပြီးတဲ့နောက်ပိုင်းမှာ ပြိုင်ပွဲတွေကိုယှဉ်ပြိုင်ဖို့ကို ပျိုးတားမြစ်ထားပြီး အပျော်ကစားဖို့လောက်ဘဲ ပျိုးခွင့်ပြုပေးခဲ့သည်။ မမတော်ဝင်ကလဲ ပျိုးရဲ့စိတ်ပူမှုကို နားလည်လက်ခံပေးကာ ယှဉ်ပြိုင်ပွဲတွေမှာ ဝင်မပါတော့ဘဲ Clubကနေ ယှဉ်ပြိုင်ပွဲဝင်မယ့်သူတွေအတွက်ဘဲ နည်းပြလုပ်ပေးခဲ့သည်။ တစ်ခါတလေ လေ့ကျင့်ခန်းအနေနဲ့ ကိုယ်တိုင်ဝိုင်းထဲဝင်ပြီး ထိုးတာမျိုးရှိပေမယ့် အပြင်းအထန်တော့မဟုတ်။
" အမလေနော် တော်ဝင်တို့များ မိန်းမနဲ့တည့်ပြီးနောက်ပိုင်း ငါတို့ကိုပြစ်ထားလိုက်တာများ အခုရောဘယ်လိုမျက်စိလည်ပြီးရောက်လာတာတုန်း "
" ငါက လာချင်လို့လာတာမဟုတ်ဘူး ငါ့မိန်းမလေးက နင်တို့နဲ့မတွေ့တာကြာပြီးဆိုလို့ လိုက်ပို့ပေးတာ "
" ငါ့မိန်းမလေးတဲ့ ကြားရတာအော်ဂလီဆန်လိုက်တာ Royalရာ " မတွေ့တာကြာပြီးဆိုပေမယ့်လည်း တွေ့တာနဲ့ ရိုးရာမပျက်ဆိုတဲ့အတိုင်း မမတော်ဝင်ကို စနောက်နေကြလေသည်။ ဖြူစင်တဲ့သူငယ်ချင်းသံယောဇဉ်တွေနဲ့ ပျော်စရာကောင်းနေတာကြောင့် ပျိုးကတော့ဘေးကနေ ပြုံး၍သာကြည့်နေလိုက်သည်။
" ခယ်မလေး နေကောင်းတယ်မလား စိတ်ချမ်းသာလို့ထင်တယ် မျက်နှာလေးက ကြည်လင်နေတာဘဲ "
" ဟုတ်မယ် မမတော်ဝင်က ပျိုးကိုစိတ်ချမ်းသာအောင်ထားတယ်လေအစ်ကိုဗစ်တာရဲ့ "
" ဟား... ဟုတ်ပါပြီးကွာ အဲလောက်ဆိုရပါပြီး Royalတို့များ မချစ်တတ်ပေလို့ဘဲနော် ချစ်များချစ်တတ်လို့ကတော့ အာဒံနဲ့ဧဝတောင် ထိုင်ငိုနေမလားဘဲ "
" ငါမချစ်တတ်ဘူးလို့ မင်းကိုဘယ်သူပြောလို့လဲ ချစ်ရမယ့်သူမတွေ့သေးလို့ မချစ်တာပါကွာ ခု ငါ့မိန်းမလေးနဲ့တွေ့တော့ ချစ်ရတာပေါ့ဟ ပြီးတော့ငါ့ဘယ်လောက်ချစ်တတ်လဲ ငါ့မိန်းမလေးကို မေးကြည့် သူ့မှာညညဆို ညည်းသံတွေပလုံစီလို့ "
" ဟာ... မမတော်ဝင်! "
" ရား... Royal မင်းအရမ်းညစ်ပတ်တာဘဲကွာ " ဗစ်တာကောက်ပြစ်လိုက်တဲ့ ကျောမှီတဲ့ခေါင်းအုံးကို လက်နဲ့ဖမ်းဆွဲပြီး ဖြီးတီတီရုပ်နဲ့ဖြစ်နေသည်။
" အဲတာတွေထားပါ နေ့လည်စာစားချိန်ရောက်နေပြီး ပျိုးတို့တွေ အစ်ကိုတို့နဲ့နေ့လည်စာတူတူစားဖို့လာတာ Bookingလဲ တင်ထားပြီးပြီးဆိုတော့ သွားကြမလား "
" အင်း သွားကြတာပေါ့ "
" Let's go ! "
" တီ... တီ...တီ... " ပျိုးတို့တွေ နေ့လည်စာသွားစားဖို့လုပ်နေတုန်းမှာ ပျိုးရဲ့ဖုန်းဝင်လာခဲ့သည်။ အားလုံးရဲ့အကြည့်တွေက ပျိုးဆီကိုစုပြုံလာပြီး ပျိုးဖုန်းပြောပြီးတဲ့ထိစောင့်နေမယ်ဆိုတဲ့အကြည့်မျိုး။
" ဟယ်လို မေမေ "
" ညည်းဘယ်မှာလဲ ငါညည်းကိုအရေးကြီးပြောစရာရှိလို့ အိမ်လာတာ အပြင်သွားတယ်ဆိုလို့ "
" ဟုတ်တယ် မေမေ မမတော်ဝင်နဲ့အတူနေ့လည်စာစားဖို့ အပြင်ထွတ်လာတာပါ "
" နင့်မယားနဲ့က နောက်မှစားလို့ရတယ် အခုငါနဲ့လာတွေ့ချည် လိပ်စာပို့ပေးလိုက်မယ် "
" အရေးမကြီးရင် နောက်မှတွေ့လို့မရဘူးလားမေမေ ဒီနေ့bookingတင်ထားပြီးသားဖြစ်နေလို့ "
" မရဘူးအရေးကြီးတယ် နင့်အမေသေတာနဲ့ပတ်သတ်တယ်နော် နင်မသိချင်တာသေချာလား "
" ဘယ်လို မေမေသေတာနဲ့ပတ်သတ်တာ ဟုတ်လား "
" ဟုတ်တယ် မြန်မြန်လာခဲ့ ဒါဘဲ "
ဖုန်းကျသွားတဲ့နောက်မှာ မမတော်ဝင်ကို ပျိုးအကြောင်းအကျိုးပြောပြီးတာနဲ့ မေမေပို့တဲ့လိပ်စာဆီကို အလောတကြီးသွားခဲ့သည်။ ရောက်တာနဲ့ ပျိုးအမောဖြေချိန်တောင်မရဘဲ မေမေက ပျိုးရဲ့လက်ထဲကို A4ဆိုဒ်အဖြူရောင်စာအိတ်လေးတစ်ခုထည့်ပေးသည်။ မေမေပေးတဲ့စာအိတ်ထဲက စာရွက်တစ်ချို့ကိုထုတ်ကြည့်ပြီး ပျိုးအံသြသွာသည်။
" ဒါ... ဒါ... မဖြစ်နိုင်တာ "
" ဒါက လုံးဝမဖြစ်နိုင်တာကြီးကွာ " တစ်ဖက်မှာလဲ တော်ဝင်လက်ထဲက စာရွက်တွေကိုကြည့်ပြီး ဒေါသတွေထွတ်နေသည်။ အကြောင်းအရင်းကတော့ တော်ဝင်မိန်းမလေးထွတ်သွားပြီးမကြာခင်မှာဘဲ လူလဲမစုံတာကြောင့် နေ့လည်စာစားဖို့ကို ဖျက်လိုက်ပြီး Boxing Clubမှာဘဲ တစ်ခုခုမှာစားလိုက်ကြသည်။ တော်ဝင်တို့စားသောက်နေတုန်း တော်ဝင်နာမည်နဲ့စာအိတ်တစ်ခုရောက်လာသည်။ ပို့တဲ့သူရဲ့နာမည်မပါ စာအိတ်ပြောင်ကြီးသာဖြစ်ပြီး လက်ခံသူတော်ဝင်ရဲ့နာမည်နဲ့ လိပ်စာသာပါသည်။ တော်ဝင်လဲ စာအိတ်ကို ဖောက်ဖတ်ကြည့်ပြီး ဒေါသတွေထွတ်နေရခြင်းသာ။
===================
ဖတ်ရတာအဆင်ပြေကြရဲ့လားပြောပြပေးပါဦးနော်။ နောက်ပိုင်းတွေမှာ နည်းနည်းရှုပ်တာလေးတွေပါမယ်နော်။ တစ်သျှူဆောင်ထားဖို့လဲ လိုမယ်နော်ရှင့်။ သာသာစာဖတ်သူတွေအားလုံး ရေဘေး မီးဘေး စစ်ဘေး ကင်းဝေးပြီး ကျန်းမာချမ်းသာပါစေနော်။ နောက်အပိုင်းကို 18.9.24 တင်ပေးမယ်နော်။
YOU ARE READING
တော်ဝင်မဟာနွယ် ( တော်ဝင်မဟာနွယ် )
Romantizmမဟေသီစံအိမ်ရဲ့ဆက်ခံသူ တော်ဝင်မဟာနွယ် အဘွားဖြစ်သူရဲ့ကျေးဇူးတရားကြောင့် အိမ်ထောင်ပြုဖို့ဖြစ်လာခဲ့သည်။ သူမယူမယ့်အိမ်ထောင်ဖက်ကလဲ မိန်းကလေးတစ်ယောက်ဖြစ်နေသောအခါ ( Zawgyi version ) မဟသေီစံအိမျရဲ့ဆကျခံသူ တော်ဝင်မဟာနွယ် အဘွားဖြစ်သူရဲ့ကျေးဇူးတရားကြောင့် အိမ်ထ...