တော်ဝင်မဟာနွယ်
- အပိုင်း ၆
- GL Story
- စာရေးသူ ချယ်" ကိုယ်တို့တွေ ဒီအချစ်မပါတဲ့အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ရအောင်ပျိုးမဟာနွယ် ကိုယ်ဆက်ပြီးရှေ့မတိုးချင်တော့ဘူး "
" ရှင် ! "
မမတော်ဝင်ရဲ့စကားကြောင့် တော်ဝင်ကြောင်သွားသည်။ မမတော်ဝင်ပုံစံကလဲ ဒီစကားကိုအလေးအနက်ထားပြီးပြောနေတာကြောင့် ပျိုးဝမ်းနည်းစိတ်ဝင်လာသည်။ ပျိုးအနေနဲ့ ငြင်းခွင့်မရှိဘဲ မဖြစ်မနေလက်ခံရမှာဖြစ်သည်။
" မမတော်ဝင်က ကွာ ကွာရှင်းချင်တာလား ဘာလို့အခုမှကွာရှင်းချင်တာလဲမမတော်ဝင် ပျိုးပြောတုန်းကလက်မခံဘဲနဲ့ ဘာလို့လဲ ဟီး... ဟီး... " တော်ဝင်ပြောတဲ့စကားကို အဓိပ္ပါယ်ကောက်လွဲပြီး ထငိုတဲ့ပျိုးမဟာနွယ်ကြောင့် တော်ဝင်ခေါင်းတောင်ကိုက်လာသည်။
" ဘာတွေပြောနေတာလဲအရူးမလေးရယ် ကိုယ်ပြောတာလဲ ဆုံးအောင်နားထောင်ဦးလေကွာ ငိုဖို့ကအရင်ဘဲ "
" ဟင့်... ပျိုးမငိုတော့ပါဘူး မမတော်ဝင်ဆက်ပြောပါ ပျိုးနားထောင်နေပါတယ် "
" ကိုယ်ပြောချင်တာက ကွာရှင်းဖို့ပြောတာမဟုတ်ဘူးပျိုးမဟာနွယ် "
" မမတော်ဝင်ဘဲ အချစ်မပါတဲ့အိမ်ထောင်ရေးကို အဆုံးသတ်ချင်တာဆို "
" ဟုတ်တယ်လေ အဲအဓိပ္ပါယ်က ကွာရှင်းတာကိုပြောတာမဟုတ်ဘူး အချစ်မပါဘဲအိမ်ထောင်ရေးကို အဆုံးသတ်ပြီး ရှေ့လျှောက် ကိုယ်တို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးကို အချစ်နဲ့တည်ဆောက်ကြည့်မလားလို့ "
" ဟင်... ဘယ်လို "
" ကိုယ်ပြောချင်တာကကွာ ရှေ့ဆက်ရမယ့်နေ့ရက်တွေမှာ ကိုယ်မင်းကို ချစ်ဖို့ကြိုးစားမှာမို့ မင်းလဲကိုယ့်ကို ချစ်ကြည့်ဖို့ကြိုးစားပေးလို့ "
" ချစ်တယ်မမတော်ဝင် ပျိုး မမတော်ဝင်ကိုချစ်တယ် " တော်ဝင်ရဲ့စကားအဆုံးမှာ တော်ဝင်ကိုဖတ်ကာပြောတဲ့စကားကြောင့် တော်ဝင်အံသြသွားရသည်။ သူမက တော်ဝင်ကိုချစ်တယ်တဲ့။ တော်ဝင်ရဲ့နှလုံးသားကလဲ သူမရဲ့ချစ်တယ်ဆိုတဲ့စကားသံကို စည်းချက်ကျကျတုံ့ပြန်လို့နေသည်။ မမတော်ဝင်ဆီက ချစ်တယ်ဆိုတဲ့ဝန်ခံတာကို မကြားရပေမယ့် စည်းချက်ကျကျခုန်နေတဲ့နှလုံးခုန်သံနဲ့တင် ပျိုးအခြေအနေကို လက်ခံလို့ရနေသည်။
*** တစ်နှစ်ခန့်ကြာပြီးနောက် ***
တစ်နှစ်ခန့်ကြာပြီးတဲ့နောက်မှာ တော်ဝင်မဟေသီနဲ့ ပျိုးမဟာနွယ်ရဲ့အိမ်ထောင်ရေးက အများကြီးပြောင်းလဲသွားသည်။ အပြောင်းလဲဆုံးကတော့ တော်ဝင်မဟေသီဖြစ်သည်။ ဘာတွေပြောင်းလဲသွားလဲဆိုတာကတော့ ကိုယ်တိုင်သာကြည့်ကြည့်ကြပါတော့။
" ကိုယ့်ရဲ့မိန်းမလေးရေ ကိုယ့်အချစ်ဆုံးဇနီးလေးရေ ဘယ်ရောက်နေတာလဲကွာ "
" လာပါပြီးမမတော်ဝင်ရယ် ပျိုးအိမ်သာထဲဝင်နေလို့ပါ "
" ကိုယ်အိပ်ရာကနိုးလို့ မျက်လုံးနှစ်လုံးဖွင့်တာနဲ့ ကိုယ့်မိန်းမလေးရဲ့မျက်နှာကို အရင်ဆုံးမြင်ချင်တာလေ နောက်တစ်ခါဆို ကိုယ်အိပ်ရာကမနိုးမချင်း ကိုယ့်အနားမှာဘဲနေ အိမ်သာသွားချင်ရင်တောင် ကိုယ်အိပ်ရာကနိုးမှသွားရမယ် " မမတော်ဝင်ရဲ့အကဲပိုမှုကို ပျိုးသဘောတကျရယ်လိုက်ရသည်။
" ခခ်... ဟုတ်ပါပြီးရှင် နောက်ဆိုမမတော်ဝင် အိပ်ရာမနိုးမချင် အနားမှာဘဲနေနေမယ်နော် "
" ကိုယ့်မိန်းမလေးက ရယ်လိုက်ရင်အရမ်းလှတာဘဲ "
" ပိုပါပြီးမမတော်ဝင်ရယ် နိုးပြီးဆိုလဲ ထပြီးရေချိုးတော့နော် ဒီနေ့ကုမ္မဏီသွားရမယ်မလား "
" ကိုယ်ကတော့ ဘယ်မှမသွားဘဲကိုယ့်မိန်းမလေးနားမှာဘဲ ကပ်နေချင်တော့တယ် ကိုယ်မိန်းမလေးနဲ့ကိုယ်မခွဲနိုင်ဘူး "
" အဲလိုပြောပြီး ကုမ္မဏီမသွားဘဲ ပျိုးရဲ့အနားမှာဘဲကပ်နေတာ တစ်ပတ်လောက်ရှိနေပြီးလေ ဒီနေ့မှကုမ္မဏီမသွားရင် ဘွားဘွားကိုယ်တိုင် မမတော်ဝင်ကိုရာထူးချတော့မယ်နော် "
" ချတော့လဲကောင်းတာပေါ့ ကိုယ်မိန်းမလေးနားမှာ အချိန်တိုင်းနေလို့ရပြီး "
" အဲလိုမဟုတ်သေးဘူးလေမမတော်ဝင်ရယ် ဒီနေ့တော့ကုမ္မဏီသွားလိုက်ပါ လိမ်မာပါတယ်နော် "
" ဟုတ်ပါပြီး ကိုယ့်မိန်းမလေးစကားကို ကိုယ်နားထောင်ပါမယ်ဟုတ်ပြီးလား အဲတာဆိုကိုယ်ရေချိုးလိုက်ဦးမယ်နော် "
" ဟုတ်မမတော်ဝင် ပျိုးမနက်စာအဆင်သင့်ပြင်ထားပေးမယ်နော် ရေချိုးပြီးရင်ဆင်းလာခဲ့ "
" ကောင်းပါပြီး ကိုယ့်မိန်းမလေး "
တော်ဝင်ရေချိုးပြီးထွတ်လာတော့ တော်ဝင်ဇနီးလေးကိုယ်တိုင်ထုတ်ပေးထားတဲ့ ဝတ်စုံတွေကိုဝတ်လိုက်သည်။ ပြီးတာနဲအောက်ထပ်ကိုဆင်းကာ ထမင်းစားခန်းကိုဦးတည်လိုက်သည်။ ထမင်းစားခန်းထဲဝင်လာတဲ့မမတော်ဝင် ပျိုးထုတ်ပေးထားတဲ့ တီရှပ်လက်ရှည်အဖြူလေးကို ဂျင်းပန့်အနက်ရောင်လေးနဲ့တွဲဝတ်ထားသည်။ လက်ရှည်အဖြူလေးကို တစ်ဝက်ခေါက်တင်ထားတော့ အသားဖြူဖြူပေါ်ကမွေးညှင်းနုလေးတွေကို တွေ့မြင်ရသည်။ ဂျင်းပန့်အနက်ရောင်ကလဲ ခြောက်ပေရှည်တဲ့အရပ်ကိုပိုရှည်အောင်ထောက်ပံ့ပေးထားသည်။ အညိုရောင်လှိုင်းတွန့်ဆံပင်ပုံစံကို ဖြန့်ချထားပြီး ကြည်လင်ရှင်းသန့်နေတဲ့မျက်နှာကို စေ့စေ့ကြည့်ကာ ပျိုးနှစ်လိုစွာ ပြုံးလိုက်မိသည်။ တော်ဝင်ထမင်းစားခန်းထဲရောက်တာနဲ့ ပြုံးပြလာတဲ့ တော်ဝင်မိန်းမလေးကြောင့် တော်ဝင်မနက်စာမစားဘဲနဲ့ကို ဗိုက်ပြည့်သွားရပြီး။ ဘွားဘွားကတော့ တော်ဝင်ကိုကြည့်ကာ
" ကျားသားမိုးကြိုး တော်ဝင်မဟေသီ ဒီနေ့တော့ကုမ္မဏီကိုသွားမှာပေါ့ "
" ဟုတ်ကဲ့ဘွားဘွား တော်ဝင်ကုမ္မဏီကိုသွားမလို့ပါ တော်ဝင်စိတ်နဲ့ဆို သွားချင်တာမဟုတ်ပါဘူး တော်ဝင်မိန်းမလေးက သွားခိုင်းလို့ပါဘွားဘွား " ဘွားဘွားကရွဲ့ပြီးမေးတဲ့မေးခွန်ကို တော်ဝင်ကလဲ ရွဲ့ကာပြန်ဖြေလိုက်သည်။
" တော်ဝင်မဟေသီ... " ဘွားဘွားဒေါသထွတ်လာတာကြောင့် ပျိးကပင်စကားဖြတ်ကာ
" မမတော်ဝင် ဘွားဘွားကိုဘယ်လိုပြောနေတာလဲ "
" အဲကောင်မလေးက ယဉ်ကျေးမှုကိုမရှိတော့ဘူး မြေးပျိုးလေး ဘွားဘွားကုမ္မဏီ ဒင်းလက်ထဲအပ်ရင် မြောင်းထဲရောက်မလားမသိဘူး "
" အဲတာဆိုလဲ တော်ဝင်လက်ထဲမအပ်နဲ့လေ ဘွားဘွားနောက်ထပ်မြေးတစ်ယောက်မွေးစားပြီး တော်ဝင်ကို ဘွားဘွားပုံစံခွက်ထဲသွင်းသလို သွင်းပြီးအပ်လိုက်လေ "
" မမတော်ဝင်စားလို့ပြီးပြီးမလား ကုမ္မဏီသွားဖို့နောက်ကျနေမယ်လေ ပျိုးခြံဝထိလိုက်ပို့ပေးမယ်နော် " ဘွားဘွားပိုပြီးဒေါသထွတ်လာမှာစိုးတာကြောင့် မမတော်ဝင်ကို ပျိုးပထုတ်ဖို့ပြင်ရတော့သည်။
" တော်ဝင်မဟေသီ အရမ်းအတင့်ရဲလာတာပေါ့လေ " ဘွားဘွားကတော့ ဒေါသတကြီးနဲ့အော်ဟစ်ကာကျန်ခဲ့သည်။
ခြံဝကိုရောက်တော့
" ဘာလို့ဘွားဘွားကို ဒေါသထွတ်အောင်သွားလုပ်ရတာလဲ မမတော်ဝင်ရယ် "
" ဘာမှမဖြစ်ပါဘူး ကိုယ့်ကိုမဆူပါနဲ့ကွာ ကိုယ်မိန်းမလေးဆူရင် ကိုယ်ဝမ်းနည်းလို့ပါ "
" ကဲပါ ဟုတ်ပါပြီး ဘွားဘွားဒေါသထွတ်ရင် မမတော်ဝင်အတွက် ကောင်းတာဘာမှမရှိဘူးလေ ပျိုးကမမတော်ဝင်ကို စိတ်ပူလို့ပြောတာပါ "
"ဟုတ်ကဲ့ပါ ကိုယ်နောက်ဆိုဆင်ခြင်ပါတယ် ကိုယ်အခုကုမ္မဏီကို သွားရတော့မှာမို့ ကိုယ့်ကိုenergyတွေ သွင်းပေးပါဦးလား "
" ပြွတ်စ့်... ပြွတ်စ့်... ပြွတ်စ့်... "
" အာ ကိုယ်အခုမှဘဲ အားပြည့်သွားသလိုဘဲ အရမ်းချစ်တယ်ကိုယ့်မိန်းမလေး "
" အရမ်းချစ်တယ် မမတော်ဝင် "
ဒီနေ့ကုမ္မဏီကို CEOတော်ဝင်မဟေသီရောက်လာတာကြောင့် ဝန်ထမ်းတွေအားလုံးအံသြနေကြသည်။ မအံသြဘဲနေမလား အရင်ကအလုပ်ချိန်တွေမှန်တဲ့CEOက ကုမ္မဏီမလာတာတစ်ပတ်လောက်ကြာပြီးမို့လို့ သူတို့ရဲ့CEOကြီး အနားယူတော့မယ်လို့တောင်ထင်နေတာဖြစ်သည်။ ကုမ္မဏီကို လူကရောက်လာသော်လည်း စိတ်ကအိမ်မှာကျန်ခဲ့တဲ့CEOကြောင့် အတွင်းရေးမှုယူရီတစ်ယောက် စိတ်ညစ်နေသည်။ စိတ်နဲ့လူနဲ့မကပ်တာကြောင့် လုပ်နေတဲ့စာရင်းတွေအကုန်လုံး အလွဲလွဲအချော်ချော်ဖြစ်သမျှတွေကို ယူရီဘဲဒိုင်ခံလိုက်ပြင်နေရသည်။ အခုလိုကုမ္မဏီကိုလာပြီး စိတ်မပါဘဲအလုပ်လုပ်နေမယ့်အစား ကုမ္မဏီကိုမလာပါနဲ့တော့လားလို့တောင် အော်ဟစ်လိုက်ချင်သည်။ သို့သော်လည်းယူရီမပြောရဲပါ။ CEOတော်ဝင်က သူရဲ့ဇနီးပျိုးမဟာနွယ်ကိုသာ နူးနူးညံ့ညံ့ကြင်ကြင်နာနာဆက်ဆံတတ်သူဖြစ်သည်။ ကျန်တဲ့သူတွေကိုဆို အေးအေးစက်စက်နဲ့မာမာထန်ထန်သာ ဆက်ဆံလေ့ရှိသည်။ သူ့ရဲ့မျက်လုံးထဲမှာ သဘောမတွေ့၊ အမြင်ကန့်လန့်ဖြစ်နေတဲ့သူဆို အလုပ်ထုတ်ဖို့ ဟိန်ဟောက်ဖို့ ဝန်မလေးတဲ့သူဖြစ်တာကြောင့် CEOတော်ဝင်ကို ယူရီကြောက်ပါသည်။
" ငါပြန်တော့မယ် ကျန်တာကိုယ့်ဘာသာကြည့်လုပ်ထားလိုက်တော့ "
" ဟမ် ! CEO ကုမ္မဏီကိုရောက်တာ သုံးနာရီတောင်မပြည့်သေးဘူးလေ "
" ငါ့မိန်းမလေးကို အရမ်းလွမ်းနေပြီး အရင်ရုံးဆင်းနှင့်တော့မှာမို့ အရေးကြီးတဲ့စာရင်းတွေကို mailနဲ့ ပို့ထားလိုက် "
" ဟုတ် ဟုတ် CEO " အချစ်ရူးCEOကြောင့် ယူရီ လဲသာသေချင်တော့သည်။
" သူကိုရှာတွေ့ပြီးလား မောင်မိုးကျော် "
" အခုထိသတင်းအစအနတောင်မရသေးပါဘူး သခင်မကြီး ဟို... "
" ဆက်ပြောလေ ဘာလို့ရပ်သွားတာလဲ "
" သခင်မကြီးအထင်မှားနေတာမဖြစ်နိုင်ဘူးလား အနှစ်နှစ်ဆယ်တောင်ကြာသွားပြီးမလား သူကအဲချိန်တည်းကသေသွားလောက်ပြီးမဟုတ်လား "
" မဟုတ်ဘူး ငါ့စိတ်ထဲမှာသူအသက်ရှင်နေတယ်လို့ ထင်နေတုန်းဘဲ အဲတုန်းကသူ့အလောင်းကို မင်းမတွေ့ခဲ့ဘူးမလား သေသွားရင်တောင် အလောင်းတော့မြင်ရမှဖြစ်မယ် "
" ဟုတ်ကဲ့ပါသခင်မကြီး "
တော်ဝင်ကုမ္မဏီမှာ အလုပ်လုပ်နေရင်း ဘယ်လိုမှစိတ်မပါတော့တာကြောင့် အိမ်ကိုသာပြန်လာခဲ့သည်။ တော်ဝင်အိမ်ထဲဝင်တော့ ဘွားဘွားရဲ့စာကြည့်ခန်းထဲကနေ ဘွားဘွားရဲ့အတွင်းရေးမှုဦးမိုးထွတ်လာသည်။
" ဦးမိုးရောက်နေတာလား ကိစ္စရှိလို့လား "
" ဟုတ်ကဲ့သခင်မလေး သခင်မကြီးကိုတင်ပြစရာရှိလို့ ဦးမိုးရောက်လာတာပါ အခုတင်ပြပြီးပြီးမို့လို့ ဦးမိုးပြန်တော့မလို့ပါသခင်မလေး "
" ကောင်းပါပြီးဦးမိုး ဂရုစိုက်ပြီးပြန်ပါ "
" စိတ်ပူပေးတာကျေးဇူးပါသခင်မလေး ဦးမိုးကိုခွင့်ပြုပါဦး " ဦးမိုးပြန်သွားပြီးတော့ တော်ဝင်လဲအပေါ်တတ်ရန်ပြင်လိုက်သည်။ စာကြည့်ခန်းထဲကထွတ်လာတဲ့ဘွားဘွားက တော်ဝင်ကိုမြင်တော့
" တော်ဝင်မဟေသီ အခန်းထဲလာခဲ့ဦး "
" ဟုတ် ဘွားဘွား "
" တော်ဝင်မဟေသီ မင်းအကျင့်တွေပျက်နေတယ်လား အခုချိန်က ကုမ္မဏီမှာရှိနေရမယ့်အချိန်မလား "
" တော်ဝင်ကုမ္မဏီမှာ အရေးကြီးကိစ္စမရှိလို့ ယူရီနဲ့လွှဲထားခဲ့တယ်ဘွားဘွား "
" ကောင်းရောဘဲ ယူရီက ကုမ္မဏီရဲ့CEOမို့လို့လား သူ့ကိုလွှဲခဲ့ရအောင် CEOကဘယ်သူလဲ မဟေသီစံအိမ်ရဲ့ဆက်ခံသူကဘယ်သူလဲ ကုမ္မဏီကိုအုပ်ချုပ်ရမှာဘယ်သူလဲ ယူရီလား ပြောစမ်းပါ တော်ဝင်မဟေသီ "
" တော်ဝင်ပါ ကုမ္မဏီကိုအုပ်ချုပ်ရမှာရော မဟေသီစံအိမ်ရဲ့ဆက်ခံသူရောက တော်ဝင်ပါ ဒါပေမယ့်... "
" ငါဘာမှဆင်ခြင်တွေမလိုချင်ဘူးတော်ဝင်မဟေသီ မင်းအရင်က ငါ့ကိုဘယ်လိုကတိပေးထားလဲမမေ့နဲ့နော် ငါ့အမိန့်အတိုင်းမနေနိုင်ရင် မင်းအမေယွန်းမဟေသီလိုစွန့်ပစ်ဖို့ ငါဝန်မလေးဘူး "
" တော်ဝင်သိပါတယ်ဘွားဘွားရဲ့ ဘွားဘွားဘယ်လောက်အသည်းမာတဲ့မိန်းမလဲဆိုတာ တော်ဝင်သိပြီးသားပါ "
" ဘာပြောတယ်တော်ဝင်မဟေသီ မင်းအခု ငါ့ကိုအာခံနေတာလား "
" ဟက်... တစ်မိုးအောက်ဒေါ်ထိပ်ထားမဟေသီကို ဘယ်သူကအာခံရဲမှာလဲ တော်ဝင်ပင်ပန်းနေပြီးမို့ နားချင်ပြီးဘွားဘွား "
" အလကား မိန်းမထဘီနားကပ်နေချင်တဲ့ဟာတွေ ဖအေနဲ့တစ်ပုံစံတည်းဘဲ သုံးစားမရဘူး "
" ဖေဖေ့ကိုမစော်ကားပါနဲ့ဘွားဘွား တော်ဝင်က ဘွားဘွားချထားတဲ့ပုံစံခွက်ထဲမှာဘဲနေမှာပါ စိတ်ချပါ " တော်ဝင် ဘွားဘွားခန်းထဲကနေထွတ်လာတာနဲ့ အပေါ်ထပ်ကိုတန်းတတ်လာခဲ့သည်။ အခန်းတံခါးကိုဖွင့်လိုက်တဲ့အချိန် တော်ဝင်မိန်းမလေးကအပြုံးနဲ့ တော်ဝင်ကိုဆီးကြိုနေသည်။ တော်ဝင်လဲ သူမကိုတင်းနေအောင်ဖတ်ထားလိုက်သည်။ သူမကလဲတော်ဝင်ကို အလိုက်သင့်လေးပြန်ဖတ်ထားကာ ကျောကိုခပ်ဖွဖွလေးပုတ်ပေးသည်။ သူမရဲ့ရင်ခွင်က တော်ဝင်အတွက်စိတ်အေးချမ်းရာ စိတ်လုံခြုံရာဖြစ်လာသည်။
" ပင်ပန်းနေပြီးလား မမတော်ဝင် "
" အင်း... ကိုယ့်မိန်းမလေးကို ကိုယ်အရမ်းလွမ်းနေတာ "
" မမတော်ဝင်နားမှာ ပျိုးအမြဲရှိတယ်ဆိုတာ မမေ့နဲ့နော် " မမတော်ဝင်ရဲ့ကား ခြံထဲကိုဝင်လာတဲ့ချိန် မမတော်ဝင်ကိုကြိုဖို့ ပျိုးအောက်ထပ်ကိုဆင်းလာတော့ မမတော်ဝင်နဲ့ဘွားဘွားတို့ပြောနေတာတွေကို ပျိုးကြားလိုက်ရသည်။ ဘွားဘွားက ပျိုးကိုတော့ အမိန့်အာဏာဘာမှမသုံးဘဲ ကြင်ကြင်နာနာဆက်ဆံတတ်ပေမယ့် မမတော်ဝင်နဲ့ပတ်သတ်ရင် အတ္တကြီးတယ်လို့ဆိုရမည်။ သူဖြစ်စေချင်သလိုဖြစ်မလာခဲ့ရင် မဟေသီစံအိမ်ရဲ့အမိန့်အာဏာကိုသုံးကာ ရင့်ရင့်သီးသီးဆက်ဆံတတ်သည်။ မမတော်ဝင်အနေနဲ့ ဒီအမိန့်အာဏာတွေကြားမှာ မွန်းကြပ်နေလောက်သည်။ ဒီအမိန့်အာဏာသံတွေကြားထဲမှာ မမတော်ဝင်ဘယ်ချိန်ထိ ပိတ်မနေမလဲဆိုတာပျိုးမသိပါ။ ပျိုးသိတာက မမတော်ဝင်ခက်ခဲပင်ပန်းလာတဲ့အချိန်တိုင်း ပျိုးရဲ့ရင်ခွင်တစ်စုံက မမတော်ဝင်အတွက်ခိုနားရာဖြစ်စေရမယ်ဆိုတာပါဘဲ။
===================
ကဲ တော်ဝင်မဟေသီရဲ့ပြောင်းလဲပုံနဲ့ပတ်သတ်ပြီး တစ်ခုခုပြောသွားကြပါဦး။ နောက်ထပ်အပိုင်းသစ်ကို 29.8.24ရက်နေ့ ညကျရင်တင်ပေးပါမယ်။ စောင့်မျှော်ပေးပါဦး။ reviewလေးလဲပေးပါဦး။ ဖတ်လို့အဆင်ပြေကြရဲ့လား
YOU ARE READING
တော်ဝင်မဟာနွယ် ( တော်ဝင်မဟာနွယ် )
Romanceမဟေသီစံအိမ်ရဲ့ဆက်ခံသူ တော်ဝင်မဟာနွယ် အဘွားဖြစ်သူရဲ့ကျေးဇူးတရားကြောင့် အိမ်ထောင်ပြုဖို့ဖြစ်လာခဲ့သည်။ သူမယူမယ့်အိမ်ထောင်ဖက်ကလဲ မိန်းကလေးတစ်ယောက်ဖြစ်နေသောအခါ ( Zawgyi version ) မဟသေီစံအိမျရဲ့ဆကျခံသူ တော်ဝင်မဟာနွယ် အဘွားဖြစ်သူရဲ့ကျေးဇူးတရားကြောင့် အိမ်ထ...